အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၂ ဇူလိုင် ၂၀၂၃

၁၉:၅၁:၀၈
1381507

ကျမ်းတော်မြတ်ကုရ်အာန်အား စော်ကား သူများ ကို အပြင်းထန်ဆုံးသော ပြစ်ဒဏ်ပေးခြင်းအပေါ် အစ္စလာမ့် အိုလမာ အားလုံး တစ်ညီတစ်ညွတ်တည်းဖြစ်ကြပါတယ် / ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် အလေးပေးပြောကြားသည် မှာ ကျမ်းတော်မြတ်ကုရ်အာန် အား စော်ကားသသည့် ရာဇ၀တ်မှုကျူးလွန်သူကို ပံ့ပိုးပေးခြင်းဖြင့် အစ္စလာမ့် ကမ္ဘာကို စစ်ဆင်သည့် သဘောထားကို ချမှတ်ခဲ့ပြီး မွတ်စလင်မ် နိုင်ငံအားလုံးနှင့် ၎င်းတို့၏ အစိုးရအများအပြား ၏ မုန်းတီးမှု နှင့် ရန်ငြိုးဖွဲ့မှုကို ဆွဲဆောင်လိုက်ခြင်း ဖြစ် ကြောင်း ဆွီဒင်အစိုးရက သိထားသင့်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ အနေဖြင့် အလေးပေးပြောကြားသည် မှာ ကျမ်းတော်မြတ်ကုရ်အာန် အား စော်ကားသသည့် ရာဇ၀တ်မှု ကျူးလွန်သူကို ပံ့ပိုးပေးခြင်းဖြင့် အစ္စလာမ့် ကမ္ဘာကို စစ်ဆင်သည့် သဘောထားကို ချမှတ်ခဲ့ပြီး မွတ်စလင်မ် နိုင်ငံအားလုံးနှင့် ၎င်းတို့၏ အစိုးရအများအပြား ၏ မုန်းတီးမှု နှင့် ရန်ငြိုးဖွဲ့မှုကို ဆွဲဆောင်လိုက်ခြင်း ဖြစ် ကြောင်း ဆွီဒင်အစိုးရက သိထားသင့်ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ အ နေဖြင့် ဆွီဒင်နိုင်ငံ တွင် ကျမ်းတော်မြတ်ကုရ်အာန်အား စော်ကား ခြင်းသည် အလွန်ခါးသီးသည့် ဖြစ်ရပ် ၊ ပူးပေါင်းကြံစည်မှုနှင့် အန္တရာယ်ရှိသော ဖြစ်ရပ်တစ်ခုအဖြစ် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဤရာဇ၀တ်မှု ကျူးလွန်သူအား အပြင်း ထန်ဆုံး ပြစ်ဒဏ်ပေးသင့်သည်ဟု အစ္စလာမ့်ပညာရှင်အားလုံးက တစ်ညီ တစ်ညွတ်တည်း ဆိုထားကြောင်း ဆွီဒင်အစိုးရသည် ဤရာဇ၀တ်မှုကျူးလွန်သူများအား အစ္စလာမ်နိုင်ငံများ၏ တရားရုံးများသို့ လွှဲပြောင်းပေး သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၏ သဝဏ်လွှာမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

بسم اللہ الرحمن الرحیم

ဆွီဒင်နိုင်ငံ တွင် ကျမ်းတော်မြတ်ကုရ်အာန်အား စော်ကား ခြင်းသည် အလွန်ခါးသီးသည့် ဖြစ်ရပ် ၊ ပူးပေါင်းကြံစည်မှုနှင့် အန္တရာယ်ရှိသော ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ ဤရာဇ၀တ်မှုကျူးလွန်သူအား အပြင်း ထန်ဆုံး ပြစ်ဒဏ်ပေးသင့်သည်ဟု အစ္စလာမ့်ပညာရှင်အားလုံးက တစ်ညီ တစ်ညွတ် တည်းဆိုထားပါသည်။ ထို့ပြင် ဆွီဒင်အစိုးရသည် ရာဇ၀တ်သားများ ကို ပံ့ပိုးပေးခြင်းဖြင့် အစ္စလာမ့်ကမ္ဘာ နှင့် စစ်မျက်နှာဖွင့်ကာ မွတ်စလင်မ်  နိုင်ငံများနှင့် ၎င်းတို့၏ အစိုးရအများအပြား၏ မုန်းတီးမှုနှင့် ရန်ငြိုးဖွဲ့မှုကို ရယူလိုက်သည် ဖြစ်ကြောင်း သိထားသင့်ပေသည်။

ဤရာဇ၀တ်မှုကျူးလွန်သူအား အစ္စလာမ်နိုင်ငံများ၏ တရားရုံးများသို့ လွဲအပ်ရန်မှာ ဆွီဒင်အစိုးရ၏ တာဝန်ဖြစ် ပါသည်။နောက်ကွယ် ကန့်လန့်ကာ မှ ပူးပေါင်းကြံစည်သူများပင်လျှင် ကျမ်းမြတ်ကုရ်အာန် ၏ လေးစားမှု နှင့် ဘုန်းကျက်သရေသည် တနေ့ထက်တနေ့ တိုးပွားလာမည်ဖြစ်ပြီး ၎င်း၏ လမ်းညွှန်မှုအလင်းများသည် ပိုမိုတောက်ပလာမည်ကို သိထားသင့်ပါသည်။ ဤ ပူးပေါင်း ကြံစည်မှု နှင့် ပူးပေါင်း ကြံစည်မှုကို အကောင် အထည် ဖော်သူများသည် ဤအစဉ်အမြဲတိုးပွားနေသော အလင်းရောင်ကို ရပ်တန့်ရန် တားဆီး နိုင်စွမ်း မှာ အလွန် အားနည်းပေသည်။ (ပြုနိုင်မည်မဟုတ်ချေ။) အလ္လာဟ် ဟို အရှင်မြတ်သည် အလုံးစုံသော အမှုတော်၌ လွမ်းမိုးတော်မူသည့် အရှင်ဖြစ်ပါသည်။

ဆယက်ဒ်အလီခါမေနာအီ

ဇူလိုင်၂၂ရက် ၂၀၂၃ခုနှစ်

****************************************************************

END / 251