အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၂ ဒီဇင်ဘာ ၂၀၂၃

၁၁:၁၃:၄၅
1419577

နယ်သာလန်တွင် အစ္စလမ်ဘာသာ ပြန့်ပွားမှု လျင်မြန်လာ

နယ်သာလန် ရေဒီယို နှင့် ရုပ်မြင်သံကြား သတင်းပေးပို့ချက်များအရ ဟော်လန်လူငယ်တို့သည် အစ္စလာမ်ဘက်သို့ လျင်မြန်စွာ ကူးပြောင်းလာကြကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သတင်းဌာန Efno ၏ အဆိုအရ ဒတ်ခ်ျရေဒီယို နှင့် ရုပ်မြင်သံကြား တို့ မှ နိုင်ငံတွင်းရှိ လူငယ်များသည် အစ္စလာမ်ဘာသာသို့ လျင်မြန်စွာ ကူးပြောင်းနေကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ် ။

ဤအစီရင်ခံစာတွင် လူငယ်များသည် လစဉ်လတိုင်း ဗလီ များ အသီးသီး သို့ သွားပြီး အစ္စလာမ်ဘာသာကို လက်ခံကြပြီး ထိုအဖြစ်အပျက်များသည် မြို့ကြီးများ၏ ဗလီများတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုပါတယ်။

ဂျမ်အီယသ် သေ အစ္စလာမ် မီ ၏ အဆိုအရ ၎င်းတို့သည် မေးခွန်းတိုင်းအတွက် အဖြေကို ရှာဖွေနေသောကြောင့် လူငယ်များကြားတွင် အစ္စလာမ်ဘာသာသို့ လမ်းကြောင်းပြောင်းလာခဲ့ကြောင်း ဖြစ်ပါတယ်။ ဗလီ ဝတ်ကျောင်းတော် ပေါင်း ကို ကို နှစ်လေးဆယ်ကြာ ကြီးကြပ်ခဲ့သည့် အစ္စလာမ်မီ အန်ဂျွန်မန် မှ  အဆို ပါသတင်းကို အတည်ပြုခဲ့ပါတယ်။

နယ်သာလန်တွင် မွတ်စလင်မ် ဦးရေ တိုးလာခြင်းသည် အစ္စလာမ်သာသနာကို ပြန့်ပွားစေခဲ့သည့် အတွက် ကြောင့် ဖြစ်ပါတယ်။ ဒတ်ခ်ျမနုဿဗေဒပညာရှင် Vanessa Fronneem က မွတ်စလင်မ် လူဦးရေကြောင့် လူငယ်များသည် အစ္စလာမ်ဘာသာသို့ တိုးများလာကာ ၎င်းတို့၏သူငယ်ချင်းများနှင့် ဆွေးနွေးပြောဆိုကြကြောင်း ပြောကြားပါတယ်။

ဆက်လက်ပြီး Vanessa Fronneem မှ အစ္စလာမ်နှင့်ပတ်သက်သည့် အပျက်သဘော ဆွေးနွေးမှုများသည် အစ္စလာမ်ဘာသာသို့ မပြောင်း သွားစေရန် အဟန့်အတားဖြစ်စေသော်လည်း ၎င်းသည် ဤ အစ္စလာမ် ဘာသာတရားကို နားလည်နိုင်စေရန် အစ္စလာမ် ကိုလေ့လာ ရင် အစ္စလာမ် ဘက် ရောက်သွားသည့် သက်ရောက်မှုရှိစေကြောင်း ပြောကြားခဲ့ပါတယ်။

ဗလီ ဝတ်ကျောင်းတော် များသည် အစ္စလမ်ဘာသာသို့ လူငယ်များ၏ လမ်းကြောင်းပေါ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပုံရပါတယ်။

အစီရင်ခံစာအရ ဟော်လန်ရှိ မွတ်ဆလင်လူဦးရေ အချိုးအစားသည် အရေအတွက် အတိအကျကို စစ်တမ်းမကောက်ယူရသေးသော်လည်း 6.5% ရှိသည်ဟု ဆိုကြောင်း သိရှိ ရပါတယ်။

****************************************************************

END / 251