အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၄ ဒီဇင်ဘာ ၂၀၂၃

၀၆:၅၂:၂၉
1420100

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ အပေါ် လအ်နသ် ပို့ခြင်း သည် ဆဝါးဗ် ရပါသလား?

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ အပေါ် လအ်နသ် ပို့ခြင်း သည် ဆဝါးဗ် ရကြောင်း ဟီဂျရီ ၈ ရာစု နှစ် ၏ အကျော် အမော် အာလင်မ် ပညာရှင်တစ်ပါး ဖြစ်သည့် အဇာဒ် ဒီးန် အဘီ မိုဟမ္မဒ် အလ်ဟစန် ဘင်န် စိုလိုင်းမာန် အလ်ဟစ်လီ အလ်အာမိုလီ ရေးသား ထားသည့် အာရဘီကျမ်း ( المحتضر فی معاینة المحتضر النبی والأئمة علیهم السلام ) ရေးသားထားသည့် ကျမ်းတွင် အောက်ပါအတိုင်း လာရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖဂျရ်မိုးသောက်ချိန် မှ နေထွက်ချိန် အတွင်း အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ အပေါ် လအ်နသ် ပို့ရန် တိုက်တွန်း ထားပါသည်။

အကျော် အမော် အာလင်မ် ပညာရှင်တစ်ပါး ဖြစ်သည့်  အဇာဒ် ဒီးန် အဘီ မိုဟမ္မဒ် အလ်ဟစန် ဘင်န် စိုလိုင်းမာန် အလ်ဟစ်လီ အလ်အာမိုလီ ရေးသား ထားသည့် အာရဘီကျမ်း ( المحتضر فی  معاینة المحتضر النبی والأئمة علیهم السلام ) ရေးသားထားသည့် ကျမ်း စာမျက်နှာ ၁၄၁ တွင် အောက်ပါအတိုင်း လာရှိပါတယ်။

ဟဇရသ် ယူနွစ်သည် ဟဇရသ် ဆဗါဟ်ဘင်န် ဆဗီးဟ် ထံ မှ ၊ ဟဇရသ် ဆဗါဟ်ဘင်န် ဆဗီးဟ် သည် ဟဇရသ် ဇိုရာရဟ် (ရ.သွေ့ ) ထံ မှ ၊ ဟဇရသ် ဇိုရာရဟ် (ရ.သွေ့ ) သည် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှ ရီဝါယသ် တော် အား ဆင့်ပြန် ပါသည်။

အလ္လာဟ် ဟို အရှင်မြတ် မိန့်တော် မူသည် မှာ مَن جَآءَ بِٱلْحَسَنَةِ فَلَهُۥ عَشْرُ أَمْثَالِهَا ۖ စူရဟ် အမှတ် (၆) ၊ အာယသ်တော် အမှတ် (၁၆၀) အဓိပ္ပာယ် မှာ " အကြင်မည်သူမဆို နေကီ (ခ) ကောင်းမှု လုပ်မည်ဆိုလျှင် ၎င်း အတွက် အကျိုးအမြတ် (ဆဝါးဗ်) ရလာဒ် ဆယ်ဆ ရမည် ဖြစ်ပါသည်။ " နှင့်ပတ်သက်ပြီး (အေမာမ် ဆွာဒစ်က် (အ.စ) ) မိန့်တော် မူသည်မှာ

" အကြင်မည်သူမဆို ဖဂျရ်မိုးသောက်ချိန် မှ နေထွက်ချိန် အတွင်း မည်သူမည်ဝါ (အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ)အပေါ် လအ်နသ် ပို့မည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း အား နေကီ ကောင်းမှုပေါင်း ခုနှစ်ဆယ် ရေးမှတ်တော်မူပေမည်။ ပြီးနောက် ၎င်း ၏ ဂိုနဟ် (အပြစ်) ပေါင်း ခုနှစ်ဆယ် ကို ပယ်ဖျက်ပေးတော် မူမည်။ပြီးနောက် ၎င်း၏ အဆင့် အား ဆယ်ဆင့် တိုးစေတော်မူပေမည်။ "

ရည်ညွှန်း - ( المحتضر فی  معاینة المحتضر النبی والأئمة علیهم السلام )  ကျမ်း စာမျက်နှာ ၁၄၁

စာအုပ် အဖုံးအား တင်ပြ လိုက်ပါတယ်။

ကောက်နုတ်တင်ပြသူ - ခါဒင်းမ်မေ အဲဟ်လေ့ဘိုက်(သ) (အ.စ)

****************************************************************

END / 251