အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၀ ဒီဇင်ဘာ ၂၀၂၃

၂၀:၂၉:၄၃
1422059

အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ ရှိက်ခ် ဇက်ဇာကီ နှင့်တွေ့ဆုံ ချိန် ပြောကြား - လူကြီးမင်းသည် စစ်မှန်သည့် "မိုဂျဟစ်ဒ် ဖီးစဘီးလစ်လ္လာဟ် " တစ်ဦး ဖြစ်ပါတယ်

အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ ရှိက်ခ် ဇက်ဇာကီ နှင့်တွေ့ဆုံ ချိန်တွင် ကျွန်ုပ်တို့သည် လူကြီးမင်း အား တွေ့ဆုံရန် အမြဲတမ်း စိတ်အားထက်သန်နေပြီး ကျွန်ုပ်တို့သည် လူကြီးမင်း အပေါ် နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုရှိကြောင်း လူကြီးမင်း သည် နာမ်ပိုင်းဆိုင်ရာ နှင့် ကျိုးကြောင်းဆီလျော်မှုကို တောင်းဆိုရာတွင် အထိရောက်ဆုံးဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်ကြောင်း လူကြီး မင်း သည် တော်လှန်ရေး ၏ အေမာမ် နှစ်ပါး (ခေါင်းဆောင် နှစ်ဦး အေမာမ်ခိုမေနီ (ရ.ဟ)နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ) တို့၏ သူရဲကောင်း တွေထဲမှာ ပါဝင်ခဲ့တဲ့ ပြီးပါဝင်နေသည့် အတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ သည် နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားမှု အထွေထွေ အတွင်းရေးမှူး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ နှင့် တနင်းလာနေ့  ဒီဇင်ဘာ  ၁၈ ရက်နေ့ ၂၀၂၃ ခုနှစ်တွင်တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။

ဤ ချစ်ခင် ရင်းနှီးစွာ တွေ့ဆုံ ပွဲတွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အပြည်ပြည်ဆိုင်ရာ တာဝန်ခံလူကြီး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုအီနီယန်း နှင့် ပွဲတွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ စီမံခန့်ခွဲမှုနှင့် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ လူကြီး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဃာဇဝီ တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ သည် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ နှင့်တွေ့ဆုံရာတွင် ကျေနပ်အားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်း အပေါ် သူရဲဘောကြောင် တိုက်ခိုက်မှုများ အကျဉ်းချမှုများ ကို ရည်ညွှန်း ပြီး ရှိက်ခ်ဇက်ဇာကီအား  « အကျဉ်းဘဝ နှင့်ပြုပြင် ပြောင်းလဲ ရေးသမား » ဟုခေါ်ဆိုခဲ့ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ  ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ နှင့် ၎င်း၏ မိသားစု တွေ့ဆုံမှုအား အလွန်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးနောက် -  ကျွန်ုပ်တို့သည် လူကြီးမင်း အား တွေ့ဆုံရန် အမြဲတမ်း စိတ်အားထက်သန်နေပြီး ကျွန်ုပ်တို့သည် လူကြီးမင်း အပေါ် နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုရှိကြောင်း  လူကြီးမင်း သည်  နာမ်ပိုင်းဆိုင်ရာ နှင့် ကျိုးကြောင်းဆီလျော်မှုကို တောင်းဆိုရာတွင် အထိရောက်ဆုံးဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်ကြောင်း  လူကြီး မင်း သည် တော်လှန်ရေး ၏ အေမာမ် နှစ်ပါး (ခေါင်းဆောင် နှစ်ဦး အေမာမ်ခိုမေနီ (ရ.ဟ) နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ) တို့၏ သူရဲကောင်းတွေထဲမှာ ပါဝင်ခဲ့တဲ့ ပြီးပါဝင်နေသည့် အတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှီအဟ် ယဉ်ကျေးမှု ပြန့်ပွားရေးအတွက် နိုင်ဂျီးရီးယားရှိ ရှိက်ခ် ဇက်ဇာကီ ၏ ကြိုးပမ်းအားထုတ်မှုနှင့် အားထုတ်မှုများကို ဂုဏ်ပြုရင်း အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ရှိက်ခ် ဇက်ဇာကီ အား "မိုဂျဟစ်ဒ် ဖီးစဘီးလစ်လ္လာဟ် " ၏ စစ်မှန်သော စံနမူနာအဖြစ် သတ်မှတ်ကာ ၎င်း ၏ ကြိုးပမ်းအားထုတ်မှုနှင့် နည်းလမ်းများ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ဆက်လက်ပြီး "ကမ္ဘာကြီးမှာ ကြီးမားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်နေတယ်" လို့ ပြောကြားရင်း ဤ အီရန် အစ္စလာမ်မစ် တော်လှန်ရေးသည် ဟဇရသ် အေမာမ် မဲဟ်ဒီ (အ.စ) ၏ တော်လှန်ရေး ဆီသို့ဦးတည်မည်ဖြစ်ပြီး အင်န်ရှာ အလ္လာဟ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏တရားမျှတမှု သည် မဝေးတော့ ကြောင်း ပြောကြားခဲ့ပါတယ်။

ဤအစည်းအဝေး၏တစ်စိတ်တစ်ပိုင်း၌ အာယာသွလ္လာဟ် ရမ်တွာန်နီ မှ  မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ လုပ်ဆောင်မှုအချို့ကိုဖော်ပြခဲ့ပြီး မဂျ်မအ် ၏ ဌာနအမျိုးမျိုးရှိသည့်အနက် ဝီကီရှီအဟ် အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း ကို ဘာသာစကား ၂၂ မျိုးဖြင့် လည်းကောင်း  ) အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန (ခ) အဗ်နာ အား ဘာသာစကား ၂၇  မျိုးဖြင့် လည်းကောင်း စကလိုင်း ဂြိုလ်တုကွန်ရက်နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) တက္ကသိုလ် တွင် လူမျိုးစု ၂၀ စု မှ ကျောင်းသားများ လေ့လာသင်ကြားနေကြောင်း ကို ပြောကြားခဲ့ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ အခြား အရေးကြီး အ‌ကြောင်း အရာများ ကိုလည်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် လက်ရှိတွင် အာဖရိကတိုက် ၏ ဒေသဆိုင်ရာသာသနာပြုများသည် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၎င်းသည် ကြီးမားသောစွမ်းရည်နှင့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အစိတ်အပိုင်းများစွာတွင် တိုးတက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး အလွန်တက်ကြွလာကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒေသဆိုင်ရာ စည်းဝေးပွဲများ စတင်အသက်ဝင်လာသည်ကို ကျွန်ုပ်တို့လည်း တွေ့မြင်ခဲ့ကြောင်း ရှိက်ခ်ဇက်ဇာကီ ၏  ဇနီးဖြစ်သူ ၏ စွန့်လွတ်အနစ်နာခံမှုများကို ဂုဏ်ပြုပြီး  ဤ မိုဂျဟစ်ဒ် အမျိုးသမီး၏ ကျန်းမာရေးအတွက် အလ္လာဟ် ဟို အရှင်မြတ် ထံ ဒိုအာ ပြုကြောင်း ပြောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ မှလည်း မှလည်း အာယာသွလ္လာဟ် ရမ်တွာန်နီ နှင့် တွေ့ဆုံမှုအပေါ် ကျေနပ်အားရကြောင်း ပြောကြားခဲ့ပြီး မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏  မစ်ရှင်အား ထောက်ပြပြီး ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှိက်ခ် ဇက်ဇာကီ မှ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) သည်  ရှုထောင့် အမျိုးမျိုး တွင် ရှီးယိုက်များကို ပံ့ပိုးရန်နှင့် အထူးသဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းကို ထုတ်ဝေခြင်းနယ်ပယ်တွင် ပံ့ပိုးပေးရန် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စလာမ့်တော်လှန်ရေး အောင်ပွဲမတိုင်ခင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းကို ကျွန်ုပ်တို့ မသိခဲ့ကြောင်း ထိုအချိန်က ရှီအဟ် များသည် လွဲမှားသော အတွေးအမြင်များ ရှိသည်ဟု ယူဆခဲ့ကြောင်း ၁၉၇၃ ခုနှစ် ကျောင်းသားဘဝတုန်းက အတန်းထဲမှာ ပါမောက္ခတစ်ယောက်က ရှီအဟ် တွေ၏ ယုံကြည်ချက်တွေကို ဟောပြောပြီး မွတ်စလင်မ် တွေက ဟရာမ်လို့ ယူဆတဲ့ အရာတွေကို ရှီဟ်တွေက ဟလာလ်လို့ ယူဆကြတယ်၊ အဲဒီလို ကြားရတဲ့ မွတ်စလင်မ် တွေက ရှီအဟ် တွေအပေါ် ဘယ်လိုထင်ကြမလဲ ဆိုတာကို တွေးကြည့်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ထပ်လောင်း၍ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲခံပြီးနောက် နိုင်ဂျီးရီးယားရှိ မွတ်စလင်မ် များသည် ဤတော်လှန်ရေးကြောင့် အကြီးအကျယ် စိတ်ဝင်စားလာကြောင်း ထိုးထွင်းသိမြင်သည့် လှုပ်ရှားမှုသည် ဤနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း နိုင်ဂျီးရီးယားရှိ ရန်သူများသည် ရှီအဟ် ဆန့်ကျင်ရေးဝါဒကို စတင်ခဲ့ပြီး ကျွန်ုပ်တို့အား စော်ကားခြင်း နှင့်ပတ်သက်၍ အခြေအမြစ်မရှိသော စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြောင်း  အထူးသဖြင့် ဆွဟာဗဟ်များ နှင် တမန်တော်မြတ်(ဆွ)၏ ကြင်ယာတော် အချို့ကို ရှီအဟ် များ ကစော်ကား သည်ဟု စွပ်စွဲပြောဆိုခဲ့ ကြကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှိက်ခ် ဇက်ဇာကီ မှ နိုင်ဂျီးရီးယားရှိ ရှီအဟ် အရေအတွက် များပြားလာပြီး ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများသည် ယခုနှစ်များအတွင်း ရပ်တန့်သွားသော်လည်း ဆက်လက်တည်ရှိနေကြောင်း ဤရက်များ တွင် ကျွန်ုပ်တို့သည် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ရှဟာဒသ် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်သော ဇာရီယာ ဖြစ်ရပ်၏ ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ကို လည်း အောက်မေ့ပြီး ဤအခါသမယတွင် နိုင်ဂျီးရီးယားရှိ မြို့အသီးသီးတွင် လူအများအပြား လမ်းမပေါ်ထွက်၍ အလံ လှည်ခဲ့ကြောင်း ဇာရီယာ ဖြစ်ရပ် တွင် မိမိအနေဖြင့် မိုအ်ဂျေဇဟ်များ (အံ့ဖွဘ်တန်ခိုးများ) ကို တွေ့မြင်ခံရကြောင်း မိမိအိမ်က မီးရှို့ သေနတ်များ နှင့်ပြစ် အရိုးကျိုးသွားသည့် အထိ ရိုက်ခံရသည့် ကြားမှ အသက်ရှင်နေခဲ့ကြောင်း ဤအဖြစ်အပျက်တွင် မိမိသား  ၆ ဦး ရှဟီးဒ် ဖြစ်ခဲ့ရကြောင်း သား နှစ်ယောင် နှင့် သမီး တစ်ဦး သာ ကျန် တော့ ကြောင်း စသည်ဖြင့် ရှင်းပြ ပြောကြားခဲ့ပါတယ်။

ဤအစည်းအဝေး၏ အဆုံးတွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ ရှိက်ခ် ဇက်ဇာကီ အား သန့်ရှင်းသော တမန်တော် (ဆွ) ၏ နာမတော်ဖြင့် အလှဆင်ထားသော အလံကို ပေးအပ်ပြီး ဤရှီအဟ် ပညာရှင်ကြီး၏ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးခဲ့ပါတယ်။

****************************************************************

END / 251