အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁ ဇန်နဝါရီ ၂၀၂၄

၂၀:၂၅:၅၄
1425902

ဂါဇာကမ်းမြောင်ဒေသရဲ့ နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး အီရန် နိုင်ငံခြားရေးဝန်ကြီး နှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး တို့ ကြား တယ်လီဖုန်း ဖြင့် စကားပြောဆိုခဲ့

အီရန်နိုင်ငံခြား ရေးဝန်ကြီးက မိမိ နှင့်ရာထူးတူ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး နှင့် တယ်လီဖုန်းဖြင့် စကားပြော သည်မှာ - ပါလက်စတိုင်း အကျပ်အတည်းသည် အောက်တိုဘာ ၇ ရက် က အဖြစ် အပျက်များမဟုတ်ဘဲ လွန်ခဲ့သည့် ခုနှစ်ဆယ့်ငါးနှစ်အတွင်း ဇီယွန်ဝါဒီများ သိမ်းပိုက်မှု ၊ အပြစ်မဲ့ ပါလက် စတိုင်းများ အပေါ် ရန်စမှု၊ ပါလက်စတိုင်းအခွင့်အရေးချိုးဖောက်မှု၊ ပါလက်စတိုင်းများအပေါ် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှု ကြောင့် ဖြစ်ကြောင်း ဤ လုပ်ဆောင်ချက်တွေအားလုံး ဗြိတိန်ရဲ့ အခန်းကဏ္ဍက ရှင်းလင်း နေကြောင်း ပြောကြား ခဲ့ ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်းအထောက်အထား များ အရ ဤတယ်လီဖုန်းပြောဆိုမှုတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  မှ ဒေသတွင်းပြဿနာများနှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အပြုသဘောဆောင်ပြီး လက်တွေ့ကျသောချဉ်းကပ်မှုဖြင့် ဗြိတိန်သည် ဆက်ဆံရေး ပတ်ဝန်းကျင်ကို မြှင့်တင်ရန် ကြိုးစားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော ရှစ်ဆယ့်ခုနစ်ရက်အတွင်း အပြစ်မဲ့ ပါလက်စတိုင်းအရပ်သားများအပေါ် လူမဆန်သည့် ဇီယွန်ဝါဒီများ၏ တိုက်ခိုက် မှုနှင့် ပတ်သက်၍ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဂါဇာတစ်ခုတည်းတွင် အရပ်သား ၂၁၀၀၀ ကျော် အသက်ပေးခံခဲ့ရပြီး အနောက်နိုင်ငံအချို့၏ တိတ်ဆိတ်မှုကို ရှုတ်ချခဲ့ပြီး အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံတော်သည်  ဇီယွန်ဝါဒီ တို့ ၏ လူမျိုးရေးခွဲခြားမှု နှင့် သိမ်းပိုက် ထားမှု ကို ဆန့်ကျင် နေသည့်  ပါလက်စတိုင်း ခုခံ တော်လှန် ရေးလှုပ်ရှားအဖွဲ့ ဟားမတ်စ်တို့အား မိမိတို့ လွတ်လပ်ရေး အတွက် လှုပ် ရှားနေသည် အဖွဲ့ တစ်ခု နားလည် သဘောပေါက် ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  မှ ဇီယွန်ဝါဒီအစိုးရအား  ဂါဇာကမ်းမြောင်ရှိ အရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးများ၏ သွေးကျအောင် ပြုခြင်း ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ခွင့်မပြုသင့်ဟု ပြောကြားခဲ့ပါတယ်။

ဤတယ်လီဖုန်းပြောဆိုမှုတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပါလက်စတိုင်းနှင့် ပင်လယ်နီတွင် မိမိ နိုင်ငံ၏ ရပ်တည်ချက်များကို ပြောကြားပြီး ရေကြောင်းလုံခြုံရေးနှင့် ဒေသတွင်းစစ်ပွဲများ ချဲ့ထွင်မှု  ကိုတား ဆီးရန် အီရန်၏ ကြိုးပမ်းအားထုတ်မှုများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်၊

****************************************************************

END / 251