အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၇ ဧပြီ ၂၀၂၄

၂၀:၃၀:၀၄
1454594

ဟစ်ဇ်ဘွလ္လာဟ် သည် ဇီယွန်နစ် စစ်တပ်၏ နေရာများတွင် Katyusha ဒုံးမိုးရွာ စေပြီး အင်အားပြခဲ့

ဇီယွန်နစ်စစ်တပ်၏ တည်နေရာများကို ဒုံးကျည်ဆယ်နှင့်ချီ ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန် သတင်းတွင် ဖော်ပြထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများအရ ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန်က အစ္စလာမ်မစ် တော်လှန်ရေး အဖွဲ့မှ မိုဂျာဟေဒီးန် များ သည် ဂျောင်လန် ကုန်းမြင့်ပေါ်ရှိ နယ်ချဲ့ အစ္စရေး ဇီယွန်စစ်တပ်၏ နေရာများကို Katyusha ဒုံးကျည် ဒါဇင်ပေါင်းများစွာဖြင့် ပစ်မှတ်ထားခဲ့ကြောင်း ကြေငြာချက်တွင် ဖော်ပြထား ပါတယ်။

ကျွန်ုပ်တို့၏ မိုဂျာဟေဒီးန် များသည် ဂါဇာရှိ ပါလက်စတိုင်း၏ ရဲရင့်သော ပါလက်စတိုင်းပြည်သူများအား ထောက်ပံ့ ကူညီရန်နှင့် ရန်လိုသူ အစ္စရေး၏ ရိုင်းစိုင်းသော တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့်၊ အထူး သဖြင့် အယ်လ်ဆာရီ အဝေးပြေးလမ်းမကြီးပေါ်ရှိ ကျေးလက်ဒေသများတွင် ရဲရဲတောက် ဇီယွန်စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါ တယ်။

လက်ဘနွန်မှ သိမ်းပိုက်ထားသော ပါလက်စတိုင်း မြောက်ပိုင်းရှိ ဂျဘလ် အလ်ရှိက်ခ် (Jabal al-Sheikh)  ဆီသို့ ဒုံးကျည် အစင်း ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဇီယွန်အစိုးရ၏ မီဒီယာများက ဝန်ခံခဲ့ကြောင်း သိရှိရပါ တယ်။

အလ္လာဟ်ဟို အရှင်မြတ် သခင် ဟစ်ဘွလ္လာဟ် နှင့် ဟားမားစ် အပါအဝင် မတရားမူကို တော်လှန်နေသည့် အဖွဲ့အစည်းတိုင်း တော်လှန်နိုင်သည့် စွမ်းအား၊ သတ္တိများ အပြည့်အဝ ပေးသနားရန် တောင်းဆို ပြုပါတယ်။

နယ်ချဲ့ အစ္စရေး ၊ အာဏာရှင် အမေရိကန် နှင့် အနောက်နိုင်ငံများသည် အင်အားသုံး ပြီး သူတစ်ပါး မြေများ  စီးပွားရေးများ ရေနံများ စသည်တို့ကို မတရား သိမ်းပိုက်ကြပီး မိမိတို့အား တော်လှန် ကာကွယ် လာသူ မှန်သမျှ နှင့် အဖွဲ့  ကို အကြမ်းဖက်သမားများ အကြမ်းဖက်အဖွဲ့များ ဟု မတရားပြော ဆို စွပ်စွဲ နေကြပါတယ်။

အမှန်တကယ် အကြမ်းဖက် အဖွဲ့ နှင့် အကြမ်းဖက် သမားများ စစ်စစ် မှာ ၎င်းတို့သာ ဖြစ်ကြပါတယ်။

.......................................................

END / 251