အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၂၉ ဧပြီ ၂၀၂၄

၂၀:၁၇:၅၉
1455108

ဒုစစ်ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်းကို ပြန်ထွက်လာ

တော်လှန်ရေးတပ်တွေရဲ့ ဧပြီ ၉ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်မှုပြီးတဲ့နောက် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီ ၂၉ ရက် ဒီကနေ့မှာ လူမြင်ကွင်းကို ပြန်ထွက်လာပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တော်လှန်ရေးတပ်တွေရဲ့ ဧပြီ ၉ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်မှုပြီးတဲ့နောက် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီ ၂၉ ရက် ဒီကနေ့မှာ လူမြင်ကွင်းကို ပြန်ထွက်လာပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့က နယ်မြေခံစစ်ဆေးရုံမှာ ဆေးကုနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း သွားရောက်ကြည့်ရှုနေတဲ့ ရုပ်သံကို စစ်ကောင်စီရဲ့ မြဝတီရုပ်သံက ဒီကနေ့ညပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတွေနဲ့အတူ စစ်ဆေးရုံကို သွားကြည့်ခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ ကရင်နဲ့မွန်ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ အပါအဝင် စစ်ကောင်စီအရာရှိတွေနဲ့ အစည်းအဝေးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က အရှေတောင်တိုင်းစစ်ဌာနချုပ်မှာ မြဝတီမှာ ကူရာမဲ့နေတဲ့ စစ်တပ်ကို စစ်ကူပေးဖို့  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်ကာ ကစထမှူး  နဲ့ တိုင်းမှူး၊ တပ်မမှူးတွေ စုပေါင်းကာ အစည်းအဝေးလုပ်နေချိန် ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့လက်အောက်က  Alpha Bats Drone Force အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လူမြင်ကွင်းမှာ ရက် ၂၀ တိတိ သူ့ကို မတွေ့ရတော့တာပါ။

ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ပတ်သက်ပြီး ဒဏ်ရာရဆေးကုသခံနေရတယ်လို့ ထင်မြင်ယူဆချက်တွေ ရှိခဲ့သလို ထပ်မံတိုက်ခိုက်ခံရမှာစိုးတာကြောင့် သတင်းအမှောင်ချထားပြီး မော်လမြိုင် စစ်ဌာနချုပ်ကနေ မြဝတီကိုစစ်ကူပေးမဲ့ အောင်ဇေယျစစ်ကြောင်းကို ကွပ်ကဲနေတာလို့လည်း သုံးသပ်မှုတွေရှိခဲ့ပါတယ်။


.......................................................
END / 251