အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ မေ ၂၀၂၄

၂၀:၁၇:၅၉
1455966

တရုတ်လူငယ် တစ်ဦး ရှီအဟ် မဇ်ဟဗ် အားလက်ခံ ကူးပြောင်း

တရုတ်လူငယ်တစ်ဦး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရှဲရ်ယာရ် မြို့ရှိ သောကြာနမာဇ် ရှေ့ဆောင် ဆရာ ၏ ရုံးခန်းတွင် ကလေမဟ်ရှဟာဒတ်သ်သိုင်း အား ရွတ်ဆိုပြီးနောက် ရှီအဟ် မဇ်ဟဗ် အားလက်ခံ ကူးပြောင်း ခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News သတင်းထောက်၏ အဆိုအရ တရုတ်လူငယ်  ရှ‌ယောင်း ကာယဇီ သည် ရှီအဟ် မဇ်ဟဗ် အားလက်ခံ ကူးပြောင်း ခဲ့ကြောင်း သိရပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရှဲရ်ယာရ်  မြို့ရှိ သောကြာနမာဇ် ရှေ့ဆောင် ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဟိုစိုင်းန် ဟိုစိုင်းန်နီ ၏ ရုံးခန်း တွင် တရားအတိုလေး တစ်ခု အတွင်း တရုတ်လူငယ်  ရှ‌ယောင်း ကာယဇီ သည် ကလေမဟ်ရှဟာဒတ်သ်သိုင်း အား ရွတ်ဆိုပြီးနောက် မှန်ကန် သည့် ရှီအဟ် မဇ်ဟဗ် အားလက်ခံ ကူးပြောင်း ခဲ့ပါတယ်။

ဤအခါသမယတွင် တရုတ်လူငယ်  ရှ‌ယောင်း ကာယဇီ  မိမိ ကိုယ်ပိုင်လေ့လာမှု ပြီးနောက် ရှီအဟ် မဇ်ဟဗ် ၏ သွန်သင်ချက်များ ကို စိတ်ဝင်စား လက်ခံ အတည်ပြုပြီးနောက် ရှီအဟ် မဇ်ဟဗ် အား  လက်ခံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်နည်းအား ဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း မယ်ဆွဲမူကြောင့် မဟုတ်ဘဲ မိမိ ကိုယ်တိုင် လေ့လာ၍ အမှန်တရားကို တွေ့ရှိခဲ့သည့် အတွက် လက်ခံ ခဲ့ခြင်း ဖြစ်ပါတယ်။

အစောပိုင်းတွင် ပေါ်တူဂီမှ ဘောလုံးနည်းပြတစ်ဦးသည်လည်း ရှီအဟ် မဇ်ဟဗ် ကို လက်ခံ ကူးပြောင်း ခဲ့ကြောင်း သတိပြုသင့်ပါတယ်။

တရုတ်လူငယ်သည် ရှီအဟ် မဇ်ဟဗ်အား သုတေသနပြု လေ့လာ၍ ကူးပြောင်းလာသည့် အချက်ကို ကြည့်၍ အမိမြန်မာ ပြည်ရှိ ရှီအဟ် လူငယ်များ ယောက်ကျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေသည် အဖေအမေရှီအဟ် မလို့သာ ရှီအဟ် ဖြစ်ကြပြီး ရှီအဟ် နှင့်ပတ်သက်သည့် အခြေခံများ မကောင်း မခိုင်သည့် အတွက် အချစ်ရေး ကြောင့် စီးပွားရေးကြောင့် စစ်မှန်သည့် မဇ်ဟဗ် ဖြစ်သည့် ရှီအဟ် မဇ်ဟဗ်ကို စွန့်လွတ်ကြပြီး အခြား ဘာသာခြားများ သို့မဟုတ် စွန်နီများ ဖြစ်သွားကြကြောင်း ဝမ်းနည်းစွာ  မှတ်ချက် ချနိုင်ပါတယ်။

.......................................................

END / 251