အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ မေ ၂၀၂၄

၂၀:၂၅:၀၄
1455973

နယ်ချဲ့ အစ္စရေး စစ်တပ်အခြေစိုက် စခန်းအားဟားမတ်စ် ဒုံးကျည်ဖြင့် တိုက်ခိုက်

ကွတ်ဒစ် ကို ကျူးကျော် သိမ်းပိုက်ထားသူ ၊ ဖိနှိပ်ချုပ်ချယ်သောဇီယွန် အစိုးရ၏ ဆက်လက်ကျူးကျော်မှုများ ကို အဖြေပေးသည့် အနေဖြင့် ဟားမတ်စ် ကြံ့ကြံ့ခံ ခုခံရေး တပ်မှ နယ်ချဲ့ အစ္စရေး စစ်တပ်အခြေစိုက် စခန်းအား တိုက်ခိုက်ခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများ အရ ဂါဇာကမ်းမြှောင်မြို့ပြင်ရှိ ဇီယွန်ဝါဒီများအခြေချနေထိုင်ရာ ကဘူသဇ်နီရီးမ် (Kibbutz Nirem)  ရှိ တပ်ချထားသည့် နယ်ချဲ့ အစ္စရေး တပ်စခန်းတစ်ခုတွင် ဟားမတ်စ်အဖွဲ့၏  ကြံ့ကြံ့ခံ ခုခံရေး တပ် အလ်ကစာမ် မှ  ဒုံးပျံ နှင့် ပစ်မှတ်ထားထား တိုက်ခိုက်ခဲ့ပါတယ်။

တစ်ဖက်တွင်မူ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းမြောက်ပိုင်းဒေသ အလ်ဂျလီးလ် (Al-Jalil)  ရှိ စစ်အခြေစိုက်စခန်းများ ကို လက်ဘနွန်တောင်ပိုင်းမှ ဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟီဘရူး မီဒီယာက အတည်ပြုခဲ့ပါတယ်။

အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေးအပြီးတွင် ပါလက်စတိုင်း ၃၄ဝဝဝ၆၂၂ ​​ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး  ၇၇ဝဝဝ၈၆၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရသည် ဆေးရုံများ၊ နေအိမ်များနှင့် ဝတ်ပြုရာနေရာများကို လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို မညှာမတာ ပြုလုပ်၍ လူမျိုးတုံး သတ်ဖြတ်သည့် ရာဇဝတ်မူကြီးကို ပြုလုပ်ခဲ့ ကြောင်း အထူးသတိ ပြုသင့် သည့် အချက်ဖြစ်ပါတယ်။

နိုင်ငံတကာ အရေးတွင် လူအခွင့်အရေး ဟု ညာသံပေးပေးနေသည့် အမေရိကန် နှင့်အနောက်နိုင်ငံများ ကိုယ်တိုင် လည်း နယ်ချဲ့ အစ္စရေး တို့ ကျူးလွန်ခဲ့သည့် ကျူးလွန်နေသည့်  လူမျိုးတုံး သတ်ဖြတ် မှု ကြီးတွင် ပါဝင် ပြီး ကူညီနေကြပါတယ်။

.......................................................

END / 251