အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ မေ ၂၀၂၄

၂၀:၂၉:၃၁
1455977

အရွယ် ရောက်ပြီ ဖြစ်သည့် သမီးများကို ဟေဂျာဗ် ဝတ်ရန် မိဘများမှ အတင်းအကျပ်ခိုင်းစေနိုင်ပါ သလား ?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အရွယ် ရောက်ပြီ ဖြစ်သည့် သမီးများကို ဟေဂျာဗ် ဝတ်ရန် မိဘများမှ အတင်းအကျပ်ခိုင်းစေနိုင်ပါ သလား ? နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzah News၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အရွယ် ရောက်ပြီ ဖြစ်သည့် သမီးများကို ဟေဂျာဗ် ဝတ်ရန် မိဘများမှ အတင်းအကျပ်ခိုင်းစေနိုင်ပါ  သလား ? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အရွယ်ရောက်ပြီ ဖြစ်သည့် သမီးများများကို ဟေဂျာဗ် ဝတ်ရန် မိဘများမှ အတင်းအကျပ်ခိုင်းစေနိုင်ပါသလား ?

အဖြေ

မိဘနှစ်ပါးအနေဖြင့် (ဤကဲ့သို့) လုပ်ပိုင်ခွင့်ရှိပါတယ်။ သို့သော် ရိုက်နက် ၍တော့ ဝတ်ခိုင်းခွင့်မရှိချေ။

အကြံပြုချက် -  ဘာသာရေး သမား မိဘ နှစ်ပါး အနေဖြင့် မိမိတို့၏ အရွယ်ရောက် သမီးများ ကို ဟေဂျာဗ် အတင်းအကျပ် ခိုင်းပြီး ဝတ်ခိုင်းလို့ရပါတယ်။ သို့သော် မရိုက်နက်ဖို့တော့လိုပါတယ်။ သူတို့နားလည်အောင် နားဝင်အောင်ပြုဆိုပြီး ဝတ်စေရမှာ ဖြစ်ပါတယ်။ အကယ်၍ ငယ်စဥ် ကတည်းက အကျင့်လုပ်ပေးမည်၊ဟေဂျာဗ် ၏ ကြီးကျယ်မြင့်မြတ်မှုများ အကျိုးများ စသည် တို့ကို မိဘများ အနေဖြင့် အထူးသြင့် မိခင် ဖြစ်သူအနေဖြင့် ပို့ချသင်ကြားပေးမည်ဆိုလျင် ထိုသမီးငယ်သည့် အရွယ်ရောက်လာသည့် အခါ အတင်း အကျပ် ဝတ်ဖို့ ပြောစရာပင်မလိုတော့ဘဲ ဖြစ်ပေမည်။ ဟေဂျာဗ် ဝတ်စေသည့် အခါ ယခုခေတ်အချို့ အမျိုးသမီးများ ဝတ်နေ ကြသလိုမဖြစ်ဖို့လည်း အထူး အရေးကြီးပါတယ်။ ဆိုလိုသည်မှာ ဟေဂျာဗ်တော့ ဝတ်ထားပြီး အမျိုးသသမီး ၏ ကိုယ်ခန္ဓာ အချိုးအစား တည်ဆောက်ပုံများ ကွက်ကွက်ကွင်းကွင်းမြင်ရသည့် အဝတ်များ ဘောင်ဘီများ မဝတ်ဖို့လိုအပ်ပါတယ်။ ဟေဂျာဗ်ဆိုသည်မှာ ဦးခေါင်း ၏ ဆံပင် အမွှေးမှ စပြီး တစ်ကိုယ်လုံး ၏ ကိုယ်လုံးကိုယ် ထည် မပေါ်အောင် ဖုံးအုပ်ဝတ်ဆင်ခြင်း ကို ခေါ်ဆိုပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************