အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၄ မေ ၂၀၂၄

၁၂:၀၇:၁၄
1456051

နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ ကို ဆန့်ကျင်သည့် ယီမင် လက်နက်ကိုင် တပ်ဖွဲ့များ ၏ စစ်ဆင်ရေးကို အရှိန်မြှင့်သည့် စတုတ္ထအဆင့် စတင်

ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုတွေ ရပ်တန့်သွားချိန်အထိ ဇီယွန်အစိုးရကို ဆန့်ကျင်တဲ့ စစ်ဆင်ရေး စတုတ္ထ အဆင့်ကို အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြောရေး ဆိုခွင့်ရှိ သူက ကြေညာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာကမ်းမြောင်အပေါ် အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများနှင့် ဆက်စပ်လျက်ရှိသော တိုးတက်မှုများနှင့် ရဖ်ဟ် (Rafah) ဒေသရှိ စစ်ရေးဆိုင်ရာ စစ်ဆင်ရေးများအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်  ယဟ်ယာ စရီးအ် (Yahya Saree)  မှ ယနေ့ အလေးအနက် ပြောကြားခဲ့ပါတယ်။

 ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်  ယဟ်ယာ စရီးအ် (Yahya Saree) မှ ပါလက်စတိုင်းမှ ဖိနှိပ်ခံပြည်သူများကို ကူညီရန် ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် စတုတ္ထအဆင့် စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့် အကောင် အထည်ဖော်ရန် ထပ်မံကြေညာခဲ့ပါတယ်။

ဗိုလ်မှူးချုပ်  ယဟ်ယာ စရီးအ် (Yahya Saree) မှ ဆက်လက်ပြီး အစ္စရေး သင်္ဘောတင်ခွင့် တားမြစ်မိန့်ကို ချိုးဖောက်ပြီး သိမ်းပိုက်ထားသော ပါလက်စတိုင်း ဆိပ်ကမ်းများဆီသို့ ရွေ့လျားနေသည့် သင်္ဘောများ အားလုံး သည် မြေထဲပင်လယ်၏ မည်သည့်နေရာတွင်မဆို ပစ်မှတ်ထားခံရမည် ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးချုပ်  ယဟ်ယာ စရီးအ် (Yahya Saree) ရဖ်ဟ် (Rafah) ကို ဇီယွန်ဝါဒီ ရန်သူက စစ်ဆင်ရေး လုပ်ချင်ရင် ယီမင် လက်နက်ကိုင် တပ်ဖွဲ့တွေက အစ္စရေးကို ပစ္စည်း ပို့တာ ဒါမှမဟုတ် ဆိပ်ကမ်းတွေ ဝင်လာတာနဲ့ ပတ်သက် တဲ့ သင်္ဘောတွေ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ အရေးယူ သွားမယ်လို့ ပြောပါတယ်။

သင်္ဘောများအားလုံး ဤကုမ္ပဏီများသည် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဆင်ရေးနယ်မြေကို ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ထားမည်ဖြစ်ပါတယ်။

အဆုံးတွင် ယီမင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မှ  အစ္စရေးက «  ဂါဇာကမ်း မြောင်ကို တိုက်ခိုက်ခြင်း ရပ်တန့်ပြီး ပါလက်စတိုင်းနိုင်ငံ သိမ်းယူမှု မပြိုကွဲမချင်း ပိုမိုကျယ်ပြန့်ပြီး ပိုမိုပြင်းထန်သော တင်းမာမှုတစ်ခုအတွက် ပြင်ဆင်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း » အစ္စရေးအား သတိပေးခဲ့ပါတယ်။

.......................................................

END / 251