အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၅ မေ ၂၀၂၄

၂၀:၀၀:၅၇
1456403

ပါလက်စတိုင်း ကြံ့ကြံ့ခံ အဖွဲ့ ၏ လက်ချက်ကြောင့် မိမိတို့ ရှုံးနိမ့် ကြောင်း နယ်ချဲ့ အစ္စရေး ဝန်ခံ

အလ်အက်ဆွာ စစ်ဆင်ရေး တွင် ပါဝင်သည့် ပါလက်စတိုင်း ကြံ့ကြံ့ခံ အဖွဲ့ ၏ လက်ချက်ကြောင့် မိမိတို့ ရှုံးနိမ့် ကြောင်း နယ်ချဲ့ အစ္စရေး စစ်တပ်အကြီးအကဲ မှ ဝန်ခံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများဖြင့်  Jerusalem Post တွင် ဇီယွန်ဝါဒီအစိုးရ၏ စစ်တပ်အကြီးအကဲ Herzi Halevi စာ ကို  ကိုးကားပြီး ဇီယွန်ဝါဒီများအား မိန့်ခွန်းပြောကြားစဉ် ပါလက်စတိုင်းတို့ ရှုံးနိမ့်ခဲ့ကြောင်း ၀န်ခံ ခဲ့သည်ဟု ဖော်ပြထားပါတယ်။ ထိုစာတွင် ရေးသားထားသည်မှာ - ဇီယွန်ဝါဒီလူမျိုးများသည် အစ္စရေးသမိုင်းတွင် အကြီးကျယ်ဆုံးသော စစ်ရေးရှုံးနိမ့်မှုကို အနိုင်ယူပြီး အောင်ပွဲအဖြစ်သို့ မပြောင်းလဲနိုင်ခဲ့သူ  မိမိ Herzi Halevi Halevi ကို အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ဖြစ်ပါ တယ်။

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန် အစိုးရ၏စစ်အစိုးရအဖွဲ့ တနင်္ဂနွေနေ့တွင် အစည်းအဝေးကျင်းပနေချိန်တွင် ဇီယွန်စစ်အစိုးရတပ်မှူးများ၏ နုတ်ထွက် မှု နှင့် တောင်းပန်မှု များ ဆက်တိုက်ဖြစ်ပေါ်နေ ကြောင်း သိရပါတယ်။

ဇီယွန်အစိုးရ၏ စစ်ဘက်ထောက်လှမ်းရေးဌာန အကြီးအကဲ Aharon Haleva နုတ်ထွက်ပြီးနောက် စစ်တပ်အကြီးအကဲ Herzi Halevi နှင့် အစိုးရ၏ပြည်တွင်းလုံခြုံရေးအေဂျင်စီ Ronin Barr တို့လည်း ရာထူးမှ နုတ်ထွက်မည်ဟု မျှော်လင့်ရပါတယ်။

Haleva နုတ်ထွက်ပြီးနောက် ဇီယွန် အစိုးရမီဒီယာများ၏ အစီရင်ခံစာနှင့် ခွဲခြမ်းစိတ်ဖြာမှု အများအပြားသည် အဆင့်မြင့်စစ်တပ်မှ အရာရှိအများအပြားကို ၎င်းတို့၏ရာထူးများမှ နုတ်ထွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဇွာလင်မ် နယ်ချဲ့ အစ္စရေး တို့သည် မိမိတို့ ၏ သမိုင်း တွင် အကြီးမားဆုံး ရှုံးနိမ့်မှု ကျရှုံး မှု နှင့် ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။

....................................................

END / 251