အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၅ မေ ၂၀၂၄

၂၀:၁၈:၃၈
1456407

OIC အစည်းအဝေးတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ မိန့်ခွန်း ပြောကြားခဲ့

OIC အစည်းအဝေးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ဇီယွန်နစ်အစိုးရ နှင့် သံတမန်ရေး ၊ နိုင်ငံရေးနှင့် စီးပွားရေး သပိတ်မှောက်မှုများကို ပြုလုပ် ရန် အလေးပေး မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News နှင့် IRNA သတင်း ဌာနတို့ ၏ သတင်း အထောက်အထားများ အရ OIC အစည်းအဝေးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  မှ အနောက်ဂျော်ဒန် နှင့် ကွတ်ဒ်စ် ရှရီးဖ် (ဂျေရုဆလင်) တွင် ဇီယွန်များ ၏ ရာဇဝတ်မှုများ နှင့် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို ရပ်တန့်ရန်အတွက် နယ်ချဲ့ အစ္စရေး ဇီယွန်  အစိုးရ နှင့် စီးပွားရေး၊ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး ၎င်းအား ကုန်သွယ်ရေးနှင့် လက်နက်ပိတ်ဆို့မှုများ ပြုရန် အလေးပေးတိုက်တွန်း ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဖိနှိပ်ခံပြည်သူတွေအပေါ် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရရဲ့ ရိုင်းစိုင်း လူမဆန် တဲ့ ရာဇ၀တ်မှုများ ကို ရပ်တန့်ဖို့ အစ္စလာမ် နိုင်ငံများ ၏ စည်းလုံးညီညွတ်မှု နှင့် တစ်သွေးတည်း တစ်သံတည်း ဖြင့်  စည်းလုံးညီညွတ်မှု အားကောင်းဖို့ လိုအပ်ကြောင်း ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  မှ အလေးပေး ပြောကြားခဲ့ပါတယ်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ မွတ်စလင်မ် နိုင်ငံများ၏ အပြုအမူ နှင့် ရပ်တည်မှု များကို သမိုင်းတွင် မှတ်တမ်း တင်ထားရန် အလေးပေးပြောကြားခဲ့ပြီး ဇီယွန်ဝါဒီအစိုးရ၏ လူမဆန်သည့် ရိုင်းစိုင်းသော စစ်ရာဇ၀တ်မှုများ ပါလက်စတိုင်းပြည်သူများအပေါ် သတ်ဖြတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် စည်းလုံးညီညွတ်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် လိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  မှ   မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251