အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္ဂနွေနေ့

၅ မေ ၂၀၂၄

၂၀:၂၅:၂၀
1456410

ခိုးထားသည် အဝတ်စ ကို ချုပ်ပေးပြီး ချုပ်ခ ယူပိုင်ပါသလား?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ခိုးထားသည် အဝတ်စ ကို ချုပ်ပေးပြီး ချုပ်ခ ယူပိုင်ပါသလား?ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ စဲဟ်ရီ စားနေချိန် ဖဂျရ်အဇာန် ပေးပြီးကြောင်း သိရသည့်အခါ ဘာလုပ်ရမည်နည်း ?  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ကျနော်၏သား စက်ချုပ်ဆိုင် တစ်ဆိုင် မှာ အလုပ်၊လုပ်ပါတယ်။စက်ချုပ်ဆိုင်ကို ရောက်နေသည့် အဝတ်စ (ခ)ပိတ်စ  (တစ်ခုဟာ) ခိုးထားသည့် ပစ္စည်းဆိုတာ သိထားပါတယ်။ (ကျနော်သားအနေဖြင့် ) ထိုခိုးထားသည့် အဝတ်စ နှင့် အဝတ် ချုပ်ပေးပြီး ချုပ်ခ ယူခြင်းဟာ ဟလာလ် ဖြစ်ပါသလား? သို့မဟုတ် ဟရာမ် ဖြစ်ပါသလား?

အဖြေ

ခိုးထားသည့် အဝတ်စ ဆိုတာ သိပြီး တာနှင့် ၎င်း အဝတ်စ နှင့်ပတ်သက်သည့် အလုပ် မှန် သမျှ သည် မပိုင်တော့ချေ။ ချုပ်ခ ယူခြင်းသည်လည်း မပိုင်ချေ။ (ဟလာလ် မဖြစ်တော့ချေ။ )

 

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ပြီး ကျနော်တို့ အထူး ဂရုပြုဖို့ လိုပါတယ်။ ခိုးထားတဲ့ အဝတ်စ နဲ့ချုပ်ဝတ်မဲ့ အဝတ် ချုပ်ခ တောင် ဟရာမ်ဆိုရင်  ခိုးထားသည့်နေရာ၊ခိုး‌ထားသည့် မြေ ၊ ခိုးထားသည့်ပစ္စည်း များ နှင့် လုပ်စား ခြင်းသည် အဘယ်သို့ ဟလာလ် ဖြစ်မည်နည်း? မိုအ်မင် မိုအ်မေနသ် တိုင်း ရှောင် ကြဥ် နိုင်ကြပါစေ ။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

-------------------------------------------------

END / 251