အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၇ မေ ၂၀၂၄

၂၀:၂၃:၂၂
1456953

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီဒီယိုကော်လ်ပြောခွင့်ပေးရန် စစ်ခေါင်းဆောင်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း တောင်းဆို

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီဒီယိုကောလ် ပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီဒီယိုကောလ် ပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ပါတယ်။

အဲဒီတောင်းဆိုမှုကို စဉ်းစားပေးမယ်လို့ စစ်ခေါင်းဆောင်က ပြန်ပြောခဲ့တယ်လို့လည်း ဟွန်ဆန်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။

အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံခဲ့ရပြီး စွဲချက်အမျိုးမျိုးနဲ့ ထောင် ၂၇ နှစ်အထိ ချမှတ်ခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့မိသားစုနဲ့ ရှေ့နေတွေကတောင် တွေ့ခွင့်မရတာ အတော်ကြာပြီဖြစ်ပါတယ်။

၂၀၂၃ မှာ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးပြီး သားဖြစ်သူကို အာဏာလွှဲထားတဲ့ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့သူဖြစ်သလို အခုအထိ အာဏာရှိနေဆဲလို့ အသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။

ဟွန်ဆန်ဟာ မေ ၇ ရက်နေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဗွီဒီယိုကောလ် ပြောခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေကို သူ့ဖေ့စ်ဘွတ်ခ်မှာ တင်ထားပါတယ်။ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို မင်းအောင်လှိုင်က စဉ်းစားပေးမယ်လို့ တုံ့ပြန်ခဲ့ကြောင်းလည်း ဟွန်ဆန်က ရေးသားထားပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘောဒီးယားက အထူးကိုယ်စားလှယ်စေလွှတ်မယ်လို့လည်း ဟွန်ဆန်က ရေးထားပါတယ်။ လက်ရှိမှာ ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌရာထူးရယူထားတဲ့ ဟွန်ဆန်ဟာ မြန်မာ့အရေးမှာ ဘာတရားဝင်ညှိနှိုင်းရေးရာထူးမှ ယူထားတာမရှိပါဘူး။ အဲဒါကြောင့် ဘာကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ရတာလဲဆိုတာလည်း သေချာမသိပါဘူး။ စစ်တပ်ကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးထားတာ ပြန်မဖြေသေးပါဘူး။

.......................................................
END / 251