အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
အင်္ဂါနေ့

၇ မေ ၂၀၂၄

၂၀:၂၆:၅၀
1456956

တိုင်းနှင့် ပြည်နယ်အများစုတွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ဟု မိုးဇလ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်အများစုမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင် ကြောင်းနဲ့ ရွာရန်ရာနှုန်း ၈၀ ရှိတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်အများစုမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင် ကြောင်းနဲ့ ရွာရန်ရာနှုန်း ၈၀ ရှိတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မေ  ၇  ရက် ဒီကနေ့ည ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ကပ္ပ လီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အသင့်အတင့်ကနေ တိမ်ထူ ထပ်နေတယ်လို့ ဆိုပါတယ်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့ အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်( တောင် ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့် မှန်းထားတာပါ။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေ ပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ တွေစတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ဖို့ လည်း အကြံပြုထားပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၅ ပေကနေ ၇ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့ နဲ့ အနီးတစ်ဝိုက်မှာ  နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ် လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှ ဒေသတွေင်းနိုင်ငံတွေမှာ တော့  အခုသီတင်းပတ်အတွင်း နေ့အပူချိန်တွေဟာ ရာစုနှစ်ဝက်အတွင်း အမြင့်ဆုံး စံ ချိန်တင် မြင့်တက်နေပြီး  ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကို ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင် နေကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်း ချောက်မြို့မှာတော့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က နှစ်ပေါင်း  ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်ရောက်ရှိခဲ့ပြီး ဧပြီလအတွင်း မြန်မာနိုင်ငံမှာ အပူလှိုင်းနဲ့ ဆက်စပ်ပြီး သေဆုံး သူတွေရာနဲ့ချီ ရှိလာနေပါတယ်။

အိမ်နီးချင်း ထိုင်းအပါအဝင် အရှေ့တောင်အာရှနိုင်ငံ မြို့ကြီးတွေမှာလည်း အပူချိန်က ၄၀ ဒီဂရီကျော်လာတာကြောင့် လူတွေ အပြင်ကို အကြာကြီးမထွက်ဖို့ အာဏာပိုင်တွေ က သတိပေးနှိုးဆော်မှုတွေ လုပ်ဆောင်နေကြရပါတယ်။

.......................................................
END / 251