အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ မေ ၂၀၂၄

၂၀:၂၇:၄၀
1456957

အာယသ်သေ နမာဇ်ဇေဂျူမ်အအ် အကြောင်းလေ့လာ ကြပါစို့

အာယသ်သေ နမာဇ်ဇေ ဂျူမ်အအ် ဆိုသည်မှာ စူရဟ် ဂျူမ်အအ် ၏ အာယသ်တော် အမှတ် ကိုး အားဆိုလိုပါတယ်။ဤ အာယသ်တော် တွင် မွတ်စလင်မ်များ အား သောကြာနမာဇ် (ဂျူမ်အအ်နမာဇ် ) ဝတ်ပြု မှုတွင်ပါဝင်ရန် နှင့် သောကြာနမာဇ် အချိန်တွင် အရောင်း အဝယ် ကိုရပ်တန့်ရန် အမိန့်ပေးထား ပါတယ်။ အချို့သော ဓမ္မသတ်ပညာရှင်များ ၏ ဖသ်ဝါ အရ ဤအာယသ်တော် ကို အခြေခံ၍ မွတ်စလင်မ်များသည် သောကြာနမာဇ် (ဂျူမ်အအ်နမာဇ် ) ဝတ်ပြု မပြုမနေရ တာဝန်ရှိပြီး ၎င်းကာလ အတွင်း ရောင်းဝယ် ဖောက်ကားခြင်းကို ဟရာမ်ဖြစ်ကြောင်း ဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အာယသ်သေ နမာဇ်ဇေ ဂျူမ်အအ် ဆိုသည်မှာ စူရဟ် ဂျူမ်အအ် ၏ အာယသ်တော် အမှတ် ကိုး အားဆိုလိုပါတယ်။ဤ အာယသ်တော် တွင် မွတ်စလင်မ်များ အား သောကြာနမာဇ် (ဂျူမ်အအ်နမာဇ် ) ဝတ်ပြု မှုတွင်ပါဝင်ရန် နှင့် သောကြာနမာဇ် အချိန်တွင်  အရောင်း အဝယ် ကိုရပ်တန့်ရန် အမိန့်ပေးထား ပါတယ်။ အချို့သော ဓမ္မသတ်ပညာရှင်များ ၏ ဖသ်ဝါ အရ ဤအာယသ်တော် ကို အခြေခံ၍ မွတ်စလင်မ်များသည် သောကြာနမာဇ် (ဂျူမ်အအ်နမာဇ် ) ဝတ်ပြု မပြုမနေရ တာဝန်ရှိပြီး ၎င်းကာလ အတွင်း ရောင်းဝယ်ဖောက်ကားခြင်းကို ဟရာမ်ဖြစ်ကြောင်း ဆိုထားပါတယ်။

အလာမာဟ် သွဗာ သွဗာယီ ၏ အဆိုအရ ဤ အာယသ်တော် ၏ စေယာက် (အချိတ်အဆက် နည်းလမ်း) အရ ဂျူမ်အအ်နမာဇ် အချိန် အတွင်း နမာဇ် ကို အတားအဆီးဖြစ်စေသည့် လူသား၏ လုပ်ရပ်မှန်သမျှ ဟရာမ် ဖြစ်ကြောင်း ဖြစ်ပါသည်။ အချို့သော ဓမ္မသတ်ပညာရှင်များ ၏အမြင်အရ  ဂျူမ်အအ်နမာဇ် တွင်ပါဝင် ရန် ဂျူမ်အအ်နမာဇ် ဝတ်ပြုရန် နှင့် နမာဇ် အချိန်အတွင်း ရောင်းဝယ်ဖောက်ကားခြင်းကို ဟရာမ်ဖြစ်ခြင်းမှာ မအ်စူမ် (အ.စ) ၏ ခေတ်ကာလ အတွက်သာ ဖြစ်ကြောင်း ဆိုထားပါသည်။ ဤအာယသ်တော် ၏ ရှာနေနိုဇူလ် မှာ အစအဒ်ဘင်န် ဇိုရာရဟ်  ဦးဆောင်ဝ်ပြုသည့် မွတ်စလင်မ်များ ၏ပထမဆုံး ဂျူမ်အအ်နမာဇ် ဖြစ်ပါသည်။

 

အာယသ်တော်၏ စာသား နှင့် အဓိပ္ပာယ် လေ့လာမည်ဆိုလျင်

  يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نُودِيَ لِلصَّلَاةِ مِن يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ‌ اللَّـهِ وَذَرُ‌وا الْبَيْعَ ۚ ذَٰلِكُمْ خَيْرٌ‌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ﴿۹﴾

 

အိုအီမာန်သက်ဝင် ယု့ကြည်သူအပေါင်းတို့ သင်တို့ အား ဂျူမ်အအ်နမာဇ် ဝတ်ပြုရန် ဖိတ်ခေါ်သံ (အဇါန်သံ) ပေးသည့် အခါ အလ္လာဟ်ဟို အရှင်မြတ် အား တမ်းတ သတိရရန် (သောကြာနမာဇတည်ဆောက်ရန်) လျင်မြန်စွာ သွားကြပါလေ။ ပြီးနောက် ရောင်းဝယ်ဖောက်ကားခြင်းကို စွန့်လွတ်ကြပါလေ။ သင်တို့သိရှိကြ လျှင် ဤသည် သင်တို့ အတွက်အကောင်းဆုံးဖြစ်ပါတယ်။

ရှာနေနိုဇူလ်ကိုလေ့လာ မည်ဆိုလျင်

မဂျ်မအိုလ်ဗရန်းန်ကျမ်းရေးသားသူ သွဗ်ရေစီ အနေဖြင့် အာယသ်သေ နမာဇ်ဇေဂျူမ်အအ်  ၏ ရှာနေနိုဇူလ်သည်မွတ်စလင်မ်များ အနေဖြင့် မဒီနာမြို့တွင် ကိုယ်တော်မြတ် (ဆွ)  ဟစ်ဂျရသ်မပြုမီ အလျင် ပထမဦးဆုံး ဝတ်ပြုဆောက်တည်ခဲ့ကြသည့် သောကြာနမာဇ် ဖြစ်ကြောင်း ဆိုထားပါတယ်။၎င်း (သွဗ်ရေစီ) ၏ အစီရင်ခံစာ အရ မွတ်စလင်များသည် ဂျူးများနှင့် ခရစ်ယာန်ဘာသာဝင်များ တစ်ပတ်လျှင် တစ်ရက် စုရုံး၍ ခဝတ်ဝတ်ပြုကိုးကွယ်ကြသည်ကို မြင်သောကြောင့် မိမိတို့အတွက်လည်း တစ်ရက်အား နေ့ထူးနေ့မြတ်နေ့ အဖြစ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။၎င်းမွတ်စလင်မ်များသည် သောကြာနေ့ တွင် အစအဒ်ဘင်န် ဇိုရာရဟ်   အနားလာရောက်စုရုံးကြပြီး အစအဒ်ဘင်န် ဇိုရာရဟ်  ၏ဦးဆောင်မူဖြင့် နမာဇ် ဝတ်ပြုခဲ့ကြပါသည်။ ၎င်းနေ့အား ဂျူမ်အအ် နေ့ ဟု အမည် ပေးခဲ့ကြပါသည်။ မွတ်စလင်မ် အုပ်စုငယ်တစ်စု သည် ဤ ဂျူမ်အအ်နမာဇ် တွင်  ပါဝင်ခဲ့သဖြင့် အာယသ်သေ နမာဇ်ဇေ ဂျူမ်အအ် ကျရောက်ခဲ့ပါ သည်။ပြီးနာက် ဤ ဂျူမ်အအ် နမာဇ် တွင်  တက်ရောက်ရန် အမိန့်ပေးခဲ့ပါတယ်။

သဖ်စီးရ် ကိုလေ့လာ မည်ဆိုလျင်

သဖ်စီးရ်နမူနာ ၏ရေးသားချက်အရ အာယသ်တော်တွင်လာရှိသည့် ဖိတ်ခေါ်သံ ဆိုသည်မှာ အဇါဖြစ် ကြောင်း တင်ပြထားပါသည်။အကြောင်းမှာ အစ္စလာမ် သာသနာတော် တွင် အဇါန် သံ အပ နမာဇ် အတွက် ဖိတ်ခေါ်သည့် အသံ မရှိသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကုရ်အာန်၏ အခြားတစ်နေရာ၌ ဖော်ပြထားသည်မှာ «وَ إِذا نادَیتُمْ إِلَی الصَّلاة»  « အသင်တို့သည် လူထုအားနမာဇ် ဝတ်ပြု ရန် ဖိတ်ခေါ်သော အခါ  » ဆိုပြီးလာရှိပါသည်။ ယင်း စကား ကိုအခြေခံ၍ အာယသ်တော်၏  အဓိပ္ပါယ်မှာ သောကြာနေ့ မွန်းလွဲပိုင်း တွင် အဇါန် ဇဟိုရ် ပေးသည့် အခါ မွတ်စလင်မ်များသည် မိမိတို့၏လုပ်ငန်းမှ ထွက်ခွာပြီး သောကြာ နမာဇ် (ဂျူမ်အအ်နမာဇ်)  ဝတ်ပြုရန် အလျင်အမြန်လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ဆိုလိုပါ တယ်။ သဖ်စီးရ် အလ်မီဇာန် တွင် လည်း အာယသ်တော်သည် ဂျူမ်အအ်နမာဇ်ဝါဂျစ်ဗ် (ပြုမနေရ) ဖြစ်ကြောင်း နှင့်နမာဇ်အချိန်တွင် ရောင်းဝယ် ဖောက်ကားခြင်း အား တားမြစ် ထားကြောင်း အလေး ပေးဖော်ပြထားတယ်။

သဖ်စီးရ် အလ်မီဇာန် အရ ဤစာသား «وَ ذَرُوا البَیع» « သင်တို့ အရောင်းအ၀ယ် ကို  လွတ်ပါလေ။ » ရောင်းဝယ်ဖောက်ကားခြင်း ကို သာ တားမြစ်ရုံသာမက လူတစ်ဦးအား သောကြာ နမာဇ် (ဂျူမ်အအ်နမာဇ်)  ဝတ်ပြုရန်  အတား အဆီး ဖြစ်စေသည့် မည်သည့်အရာ ကိုမဆို ဆိုလိုကြောင်း ဆိုထားပါသည်။ ဤကိစ္စအတွက် သက်သေ အ‌ထောက်အထား မှာ အာယသ်တော်၏ စေယာက် (အချိတ် အဆက် နည်းလမ်း) ဖြစ်ပါသည်။ သောကြာ နမာဇ် (ဂျူမ်အအ်နမာဇ်)  ဝတ်ပြုနေစဥ် သောကြာနမာဇ် မှ အပ မည်သည့် လုပ်ဆောင်မှုများကို ခွင့်မပြုကြောင်း ညွှန်ပြနေပါသည်။ [5] သို့သော် ဤ အမိန့်သည် မအ်စူမ် (ပြစ်မဲ့)  များလက်ထက် အတွက်သာဖြစ်ပြီး ထိုအချိန်တွင် နမာဇ်ဇေ ဂျူမ်အအ်သည် ဝါဂျစ်ဗ် ဗေအိုင်းနီ ဖြစ်ကြောင်း သိရပါတယ်။

နမာဇ်ဇေ ဂျူမ်အအ် အကြောင်း ကိုလေ့လာမည်ဆိုလျင်

နမာဇ်ဇေ ဂျူမ်အအ် သည် ၂ရကတ် နမာဇ် ဖြစ်ပြီး သောကြာနေ့ တွင် ဇဟိုရ်နမာဇ် အစား  ဂျမအသ် ဖြင့် ဝတ်ပြုရသည့် နမာဇ် ဖြစ်ပါတယ်။ နမာဇ်ဇေ ဂျူမ်အအ် တွင် ခွသ်ဗဟ် နှစ်ခု ပါဝင်ပြီး အေမာမ် ဂျူမ်အအ် (သောကြာနမာဇ် ရှေ့ဆောင်ဆရာ ) မီ သောကြာနမာဇ် ဝတ်မပြုမီ အလျင် မလွဲမသွေ ဖတ်ကြား ရပါ တယ်။ ဤ နမာဇ် ဇေ ဂျူမ်အအ် တွင် ကူနူးသ် နှစ်ခုပါဝင်ပြီး ပထမ ကူနူးသ် သည် ရကူအ်မပြုမီ ဖတ်ရမည်ဖြစ်ပါသည်။ ဒုတိယ ကူနူးသ် မှာ  ဒုတိယ ရကတ်၏ ရကူအ် အပြီး ဖတ်ရမည် ဖြစ်ပါသည်။ [9] ရှီအဟ်ဓမ္မသတ် ပညာရှင်များသည် မအ်စူမ် (အပြစ်မဲ့အေမာမ်များ(အ.စ)) လက်ထက်တွင် ဝါဂျစ်ဗ် ဗေအိုင်းနီ ဖြစ်ကြောင်း ဆိုထားပါတယ်။ သို့သော်  အေမာမ် ဇမာန်း (အ.ဂျ) ၏  ဂိုက်ဘတ်သ် အချိန်အခါ (ယခုခေတ်တွင်) သဘောထား ကွဲလွဲမှုရှိပါတယ်။

ခေတ်ပြိုင် မရ်ဂျာအများစု ပမာအားဖြင့် အာယာသွလ္လာဟ် အလ်အွဇ်မာ အေမာမ် ခိုမေနီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ခူဝီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ အရာကီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီး ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ စစ်သာနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမိုရှီးရာဇီး တို့၏ ဖသ်ဝါများအရ အေမာမ် ဇမာန်း (အ.ဂျ) ၏  ဂိုက်ဘတ်သ် အချိန်အခါ (ယခုခေတ်တွင်) နမာဇ်ဇေ ဂျူမ်အအ်သည် ဝါဂျစ်ဗ် ဗေ သခ်ယီးရီ ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိုအ်မင် အနေဖြင့် သောကြာနေ့ မွန်းတည့်ချိန်တွင် ဇဟိုရ်နမာဇ် နှင့် ဂျူမ်အအ်နမာဇ် နှစ်ခု အနက်မှ တစ်ခု အားရွေးချယ် ပြီး ဝတ်ပြုနိုင်ကြောင်း ဖြစ်ပါတယ်။


ဓမ္မသတ်ကျမ်းများတွင် အာယသ်တော်အား ကိုးကားထားချက်လေ့လာမည်ဆိုလျင်

ဓမ္မသတ်ကျမ်းများတွင် နမာဇ်ဇေဂျူမ်အအ် ဝတ်ပြုရန် ဝါဂျစ်ဗ် ဖြစ်ကြောင်း သက်သေအထောက်အထား ပြခြင်း၊ ပြီးနောက် အဇါန်ပေးပြီးနောက် ခွသ်ဗဟ် နှစ်ခု ဖတ်ရခြင်း နှင့် နမာဇ် ဂျူမ်အအ် ဝတ်ပြုနေချိန် တွင်  ရောင်းဝယ်ခြင်း သည်ဟရာမ်ဖြစ်ကြောင်း  အာယသ်သေ နမာဇ်ဇေ ဂျူမ်အအ်  အား ကိုးကားပြီး ရည်ညွှန်းထား ပါတယ်။ ဥပမာအားဖြင့် အလာမဟ် ဟစ်လီ ရေးသားထားသည်မှာ အာယသ်တော် တွင် (فَاسْعَوْا) ဆိုသည် စကားစုသည် «نُودِی لِلصَّلاة» ဆိုသည့် စကားစုပြီးမှ လာရှိသည့် အတွက် အဇါန် ကို ဖြစ်ကြောင်း နမာဇ်ဇေဂျူမ်အအ်၏ ခွသ်ဗဟ် နှစ် ခုအား အဇါန်ပြီးလျှင် ဖတ်ရန်ဝါဂျစ်ဗ် ဖြစ်ကြောင်း ကိုသက်သေ ထူနေကြောင်း ဖြစ်ပါတယ်။

သောကြာနေ့ တွင် အာယသ်တော်အားသေလာဝသ်ပြုသည့် စွန္နသ် ကိုလေ့လာမည်ဆိုလျင်

ရီဝါယသ်ကျမ်းကြီးများ မှ တစ်ကျမ်းဖြစ်သည့် « من لایحضره الفقیه  » « မန်လာယဟ်ဇရိုဟိုလ်ဖကီးယဟ်   »  ကျမ်းတွင် မဒီနာမြို့တွင်စွန္နသ်(ဓလေ့)တော်ရှိသည်မှာ နမာဇ်ဇေဂျူမ်အအ် ဝတ်ပြုရန် အဇါန်ပေးပြီးလျှင် အဇါန်ပေးသူသည် ယခုအချိန် မှစ၍ ရောင်းဝယ်ဖောက်ကားမှုဟရာမ် ဖြစ်ကြောင်း ကြေညာပြီး အာယသ်သေ နမာဇ်ဇေ ဂျူမ်အအ် အားသေလာဝသ်ပြုလေ့ ရှိကြောင်းဖြစ်ပါတယ်။

ကိုးကားထားသည့်ကျမ်းများ

1.      طبرسی، مجمع البیان، ۱۳۷۲، ج۱۰، ص۴۳۱، ۴۳۲.

2.      ·  طبرسی، مجمع البیان، ۱۳۷۲، ج۱۰، ص۴۳۱، ۴۳۲.

3.      ·  مکارم شیرازی، تفسیر نمونه، ۱۳۷۴ش، ج۲۴، ص۲۶.

4.      ·  طباطبایی، المیزان، ۱۴۱۷ق، ج۱۹، ص۲۷۳.

5.      ·  طباطبایی، المیزان، ۱۴۱۷ق، ج۱۹، ص۲۷۳.

6.      ·  سروش، «اقامه جمعه در دولت اسلامی»، ص۱۰۱.

7.      ·  توضیح المسائل مراجع، ۱۳۹۲ش، ج۱، ص۱۰۶۲، ۱۰۶۳، ۱۰۶۸.

8.      ·  توضیح المسائل مراجع، ۱۳۹۲ش، ج۱، ص۱۰۶۸.

9.      ·  توضیح المسائل مراجع، ۱۳۹۲ش، ج۱، ص۱۰۶۸.

10.  ·  سروش، «اقامه جمعه در دولت اسلامی»، ص۱۰۱.

11.  wikishia.net

12.  ·  سروش، «اقامه جمعه در دولت اسلامی»، ص۱۰۱.

13.  ·  نگاه کنید به توضیح المسائل مراجع، ۱۳۹۲ش، ج۱، ص۱۰۶۲، ۱۰۶۴، ۱۰۷۹، ۱۰۸۳.

14.  ·  برای نمونه نگاه کنید به محقق حلی، المعتبر، ۱۴۰۷ق، ج۲، ص۲۷۴؛ بحرانی، الحدائق الناضره، ۱۴۰۵ق، ج۱۰، ص۱۷۲؛ شیخ طوسی، الخلاف، ۱۴۰۷ق، ج۱، ص۵۹۸.

15.  ·  علامه حلی، مختلف الشیعه، ۱۴۱۳ق، ج۲، ص۲۱۳.

16.                        شیخ صدوق، من لایحضره الفقیه، ۱۴۱۳ق، ج۱، ص۲۹۹.

 

 

****************************************************************

END / 251