အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ မေ ၂၀၂၄

၂၀:၂၈:၄၂
1456958

ရှီအဟ်များ ၏ အမြင်တွင် သခင်မကြီး မအ်စူမဟ် (စ.အ) ၏ ဂုဏ်အဆင့်ရာထူး၊ သခင်မကြီး ၏ ဂူဗိမာန်တော် နှင့် သခင်မကြီး မအ်စူမဟ်(စ.အ) အားအောက်မေ့သည့် ညီလာခံ အကြောင်း

ရှီအဟ်များ ၏ အမြင်တွင် သခင်မကြီး မအ်စူမဟ် (စ.အ) ၏ ဂုဏ်အဆင့်ရာထူး၊ သခင်မကြီး ၏ ဂူဗိမာန်တော် နှင့် သခင်မကြီး မအ်စူမဟ်(စ.အ) အားအောက်မေ့သည့် ညီလာခံ အကြောင်း ကို အဗ်နာ ပရိတ်သတ်ကြီး အတွက် တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှီအဟ်များ ၏ အမြင်တွင် သခင်မကြီး ၏ ဂုဏ်အဆင့်ရာထူး

" ဂျန္နသ်သုခဘုံသည် ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ဇေယာရသ် ကို ၎င်း ၏ မအ်‌ရေဖသ် နှင့် အတူ ပြုသူအတွက် ဆုလာဘ် ဖြစ်ပါသည်။ " အေမာမ် ရေဇာ(အ.စ)

ရှီအဟ် အိုလမာ အနေဖြင့် သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် (စ.အ) အတွက် မြင့်မား သည့်နေရာ ပိုင်ရှင် အဖြစ် လက်ခံ ယုံကြကည်ကြပါသည်။ သခင်မကြီး ၏ ဂုဏ်အဆင့်နေရာ နှင့် ဇေယာရသ် ၏ အရေးကြီးမှုနှင့် ပတ်သက်ပြီး ရီဝါယသ် တော်များ လာရှိပါသည်။ အလာမာ မဂျ်လေစီ အနေဖြင့်‌ ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံ တော် ဟဒီးစ်တော် တစ်ပါး ကို ဆင့်ပြန် ထားပါတယ်။ ၎င်း ဟဒီးစ်တော် အရ ရှီအဟ်များ အားလုံး သည် ဟဇဇရသ် မအ်စူမဟ် (စ.အ) ၏ ရှဖာအသ် (အလ္လာဟ်ထံ အသနားခံလျှောက်ထားခြင်း) ဖြင့် ဂျန္နသ်သုခဘုံ တွင် ဝင်ရောက် ကြရမည် ဖြစ်ပါတယ်။ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ဇေယာရသ်နာမေ ၏ အစိတ်အပိုင်း တစ်ခုတွင်လည်း အလ္လာဟ်ဟို အရှင်မြတ်၏ အနီးတွင် သခင်မကြီး ၏ ဂုဏ်အဆင့်အတန်း သည် သက်သေ အဖြစ်လာရှိပါသည်။ သခင်မကြီးထံ ရှဖာအသ် အတွက် မေတ္တာ ရပ်ခံ ထားချက် လာရှိပါတယ်။

၁၄ရာစု ၏ ရေဂျာလ် အိုလမာ မှ တစ်ပါး ဖြစ်သည့် မိုဟမ္မဒ်သကီ ရှိုရှ်သရီ အနေဖြင့် ကာမူစ်စိုရ်ရေဂျာ ကျမ်းတွင် ရေးသားထားပါသည်။ အေမာမ် ကာဇင်းမ် (အ.စ) ၏ သားသမီး များ တွင် အေမာမ် ရေဇာ (အ.စ) ပြီးနောက် သခင်မကြီး မအ်စူမဟ် (စ.အ) အဆင့်တူ တန်းတူ မည်သူမျှမရှိချေ။[၃၅] ရှိက်ခ်အဘာစ် ကွမ်းမီ အနေဖြင့် လည်း သခင်မ ကြီး (စ.အ) သည် မူစင်ဘင်န် ဂျအ်ဖရ် (အ.စ) ၏ သမီးတော်များ တွင် အကောင်း တကာ အကောင်းဆုံး သမီးတော် ဖြစ်ကြောင်း ယုံကြည် ထားပါသည်။[၃၆] ၎င်းမှဆက်လက်ပြီး ဟဇရသ် မအ်စူမဟ် (စ.အ) ကို အေမာမ် ဇါဒေများ (အေမာမ် ၏ သားတော်မြေးတော်များ ) တွင် ဂျလီလိုလ်ကဒ်ရ် (အလ္လာဟ်ချီး မြှောက်ထားခြင်းခံရသူ) ဖြစ်ကြောင်း အေမာမ် ကာဇင်းမ် (အ.စ) သားသမီးများ မှ တစ်ပါး ဖြစ်သည်မှာ သေချာကြောင်း လက်ရှိ ဟရာမ် (ဂူဗိမာန်) တွင် သခင်မကြီး ကို သေချာ ပေါက် မြှုပ် ထားသည့် ဖြစ်ကြောင်း ဆိုထားပါတယ်

အေမာမ်ဆွာဒစ်က် (အ.စ) ၊ အေမာမ် ကာဇင်းမ် (အ.စ) နှင့် အေမာမ် ဂျဝါဒ် (အ.စ) တို့ ထံ မှ ရီဝါယသ် ဆင့်ပြန်ချက်များလာရှိပါသည်။ ဂျန္နသ်သုခဘုံသည် အေမာမ် ကာဇင်းမ် (အ.စ) ၏ သမီးတော် အား ဇေယာရသ် ပြုသူအတွက် ဆုလာဘ် ဖြစ်ပါသည်။ [၃၈] သို့သော် အချို့ ရီဝါယသ်တော်များ အရ ) နှင့် အေမာမ် ဂျဝါဒ် (အ.စ) တို့ ထံ မှ ရီဝါယသ် ဆင့်ပြန်ချက်များလာရှိပါသည်။ ဂျန္နသ်သုခဘုံသည် သခင်မကြီး မအ်စူမဟ် (စ.အ) ၏ ဇေယာရသ် ကို သခင်မကြီး၏ မအ်‌ရေဖသ် (သခင်မကြီးကို သိရှိနားလည်ပြီး သခင်မကြီး၏အမိန့်တော်များ ကိုလက်တွေ့လိုက်နာ ကျင့်သုံးခြင်း) နှင့် အတူ ပြုသူအတွက် ဆုလာဘ် ဖြစ်ပါသည်။ ဟု လာရှိပါသည်။ ဇင်ဒဂါနီ ကရီးမေဟ် အဲဟ်လေ့ဘိုက်(သ) (စ.အ) စာအုပ်ကို ရေးသားသူ မှ မဲဟ်မူဒ် အန်ဆွာရီ ကွမ်းမီ ( အီရန်သက္ကရာဇ် ၁၃၇၇ ခုနှစ် ကွယ်လွန် ) ထံ မှတဆင့် ၊ ၎င်းမှ ရှီအဟ် အာလင်မ် တစ်ပါးဖြစ်သည့် ဆယက်ဒ် နစရိုလ္လာဟ် မွတ်စ်သန်ဘေသွ် ( အီရန်သက္ကရာဇ် ၁၃၆၄ ခုနှစ် ကွယ်လွန် ) ထံ မှတဆင့် ၊ ဆင့်ပြန် တင်ပြထားပါသည်။ ဟီဂျရီ ၉ ရာစု ရှီအဟ် အာလင်မ် ဆွာလေဟ် ဘင်န် အရ်နဒစ် ဟစ်လီ လက်ရေး ဖြင့်ရေးသားထားသည့် ကရှ်ဖိုလ်လယာလီ ဟဒီးစ်တော်တစ်ပါးလာရှိပါသည်။ ထို ဟဒီးစ် တော် တွင် အေမာမ် ကာဇင်းမ် (အ.စ) မှ ဟဇရသ် မအ်စူမဟ် (စ.အ) အား ဖဒါဟာအဘူဟာ ၊ فَداها اَبوها (သူမအဖေသူမှအတွက် စတေးမည်။) ဟုမိန့်တော်မူ ထား ပါသည်။ ဤရီဝါယသ် အရ အေမာမ် ကာဇင်းမ် (အ.စ) အနေဖြင့် ဖဒါဟာအဘူဟာ ဆိုသည့် ဤဝါကျအား မိမိ မရှိသည့်အခါ ရှီအဟ်များ ၏မေးမြန်းချက်များ ကို မှန်ကန်သည့် အဖြေများ ကို သခင်မကြီးမှ ဖြေပေးတော်မူ သည့် အတွက်ကြောင့် မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ဇင်ဒဂါနီ ကရီးမေဟ် အဲဟ်လေ့ဘိုက်(သ) (စ.အ) စာအုပ်ကို ရေးသားသူ မှ ဤ ဟဒီးစ်တော် အား ဤဆင့်ပြန် သည့် စာအုပ်မှ အပ အခြားမည်သည့် ဟဒီးစ် စာအုပ်များတွင် မလာရှိ ကြောင်း ပြောကြားထားပါတယ်။

ဇေယာရသ်နာမေဟ် (ဇေယာရသ် တွင်ဖတ်ရသည့် စာသားများ)

အလာမာ မဂျ်လေစီ အနေဖြင့် ဇါဒ်ဒိုလ်အေမါဒ် ၊ ဘေဟာရိုလ်အန်နဝါရ် နှင့် သိုဟ်ဖသွန်ဇ်ဇါအေရ် စာအုပ်များတွင် အေမာမ်ရေဇာ (အ.စ) ထံတော်မှ ဆင့်ပြန်ထား သည့် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) အတွက် ဇေယာရသ် နာမေဟ် (ဇေယာရသ် တွင်ဖတ်ရသည့် စာသားများ) ကို တင်ပြထားပါသည်။[၄၁] သို့သော် ၎င်းအနေဖြင့် သိုဟ်ဖသွန်ဇ်ဇါအေရ် စာအုပ် တွင် ဇေယာရသ် နာမေဟ် ကိုတင်ပြ ပြီးနောက် စာသားများသည် အေမာမ် ရေဇာ (အ.စ) ၏ ဟဒီးစ်တော် မဟုတ်ဘဲ အိုလမာ ဘက်မှ ထည့်သွင်းထားခြင်း ဖြစ်နိုင်ချေ ရှိကြောင်း တင်ပြ ထားပါ သည်။[၄၂] ဆင့်ပြန်ချက် လာရှိသည်မှာ အမျိုးသမီးများတွင် ဟဇရသ် ဇဲဟ်ရာ (စ.အ) နှင့် ဟဇရသ် မအ်စူမဟ် (စ.အ) သခင်မကြီး နှစ်ပါးသာလျင် ဇေယာရသ်နာမေဟ် မအါစူရ် ( မအ်စူမ်(အ.စ) ဘက် သွန်သင်ချက်ဖြင့်ရေးသားထား သည့်ဇေယာရသ် စာသားများ ) လာရှိကြောင်း သိရှိရပါသည်။[၄၃]

ဟဇရသ် မအ်စူမဟ် ၏ ဂူဗိမာန်တော်

အစပိုင်းတွင် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ကဘဲရ် ပေါ်တွင် အမိုးအကာ တစ်ခု နှင့် ကွန်ပသ်တော် (အမိုးခုံး) သာတည်ဆောက်ထားပါတယ်။  သခင်မကြီး ၏ ကဗဲရ် တော်ရှိနေရာ ကို တနေ့ တစ်ခြား ချဲ့ထွင်လာရာ ယနေ့ အချိန်အခါတွင် အီရန် နိုင်ငံ တွင် အေမာမ် ရေဇာ (အ.စ) ၏ ဂူဗိမာန် ပြီးနောက် အကြီးဆုံး ဂူဗိမာန် ဖြစ်လာပါတယ်။ဟဇရသ် မအ်စူမဟ် (စ.အ) ၏ အာစ်သာနဟ် (ဗိမာန်) သည် သခင်မကြီး ဂူဗိမာန် တော် ၊ အဆောက်အဦးများ၊ ရင်ပြင်တော်များ ၊အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဖြင့် ဖွဲစည်းထားပြီး အများစု မှာ ကွမ်းမြို့တွင် တည်ရှိပါတယ်။

သခင်မကြီး မအ်စူမဟ်(စ.အ) အားအောက်မေ့သည့် ညီလာခံ

အီရန် သက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် “ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ကိုယ်ရည်ကိုယ်သွေးများကို ဂုဏ်ပြုသည့် ညီလာခံ နှင့် ကွမ်းမြို့ ၏ ဘာသာရေး ဆိုင်ရာ နေရာများ “ ဆိုသည့် ခေါင်းစဥ် ဖြင့် သခင်မကြီး ဂူဗိမာန် ၏ ဂေါပက လူကြီး ဖြစ်သူ အလီအက္က်ဘဲရ် မက်စ်အူဒီ ခိုမေနီ ၏ အမိန့် ဖြင့် ကျင်းပခဲ့ပါသည်။[၄၇] ဤ ညီလာခံ အား သခင်မကြီး ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ဂူဗိမာန် ပရဝဏ် တွင် ကျင်းပ ခဲ့ပါသည်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ကြီးများ ဖြစ်ကြသည့် နာစေရ် မကာရေမ် မို ရှီးရာဇီး ၊ အဗ်ဒိုလ္လာဟ် ဂျဝါဒ် အာမိုလီ တို့ မှ တရား ရေအေးများ တိုက်ကျွေး ခဲ့ကြပါတယ်။ ညီလာခံ အတွင်းရေးမှူးဖြစ်သူ အဲဟ်မဒ် အာဗေဒီ အနေဖြင့် ညီလာခံ ကိုအကြောင်းပြုပြီး ဟဇရသ် မအ်စူမဟ် (စ.အ) ၊ သခင်မကြီး ဂူဗိမာန် တော် ၊ဟောင်ဇေအေလ်မီယေ ကွမ်း ၊ အစ္စလာမ်မစ်တော်လှန်ရေး ခေါင်းစဥ် များဖြင့် ညီလာခံ မှ စာအုပ် ပေါင်း ၅၄ အုပ် ထုတ်ဝေကြောင်း ကြေညာခဲ့ပါတယ်။

ကောက်နှုတ်ထားသည့် ကျမ်းများ

 

1.     مجلسی، بحارالانوار، ۱۴۰۳ق، ج۹۹، ص۲۶۷.

2.     ·  مجلسی، بحارالانوار، ۱۴۰۳ق، ج۹۹، ص۲۶۷؛ مجلسی، زادالمعاد، ۱۴۲۳ق، ص۵۴۸-۵۴۷.

3.     ·  شوشتری، تواریخ النبی و الآل، ۱۳۹۱ق، ص۶۵.

4.     ·  قمی، منتهی‌الآمال، ج۲، ص۳۷۸.

5.     ·  قمی، مفاتیح الجنان، ص۵۶۲.

6.     ·  نگاه كنيد به ابن‌قولویه، کامل‌الزیارات، ۱۳۵۶ش، ص۵۳۶؛ مجلسی، بحارالانوار، ۱۴۰۳ق، ج۹۹، ص۲۶۵-۲۶۸.

7.     ·  مجلسی، بحارالانوار، ۱۴۰۳ق، ج۹۹(۱۰۲)، ص۲۶۶.

8.     ·  مهدی‌پور، زندگانی کریمه اهل بیت(ع)، ۱۳۸۴ش، ص۵۲-۵۴.

9.     ·  نگاه کنید به مجلسی، زادالمعاد، ۱۴۲۳ق، ص۵۴۸-۵۴۷؛ مجلسی، بحارالانوار، ج۹۹، ۱۴۰۳ق، ص۲۶۶-۲۶۷؛ مجلسی،‌ تحفةالزائر،‌۱۳۸۶ش، ص۴.

10.·  مجلسی،‌ تحفةالزائر،‌۱۳۸۶ش، ص۶۶۶.

11.wikishia.net

12.·  مهدی‌پور، کریمه اهل بیت(س)، ۱۳۸۰ش، ص۱۲۶.

13.·  «جایگاه حضرت معصومه سلام الله علیها و لزوم معرفت به آن حضرت»، پرتال بنیاد اسراء.

14.·  قمی، تاریخ قم، توس، ص۲۱۳؛ سجادی، «آستانه حضرت معصومه»، ص۳۵۹.

15.·  سجادی، «آستانه حضرت معصومه»، ص۳۵۸.

16. سجادی، «آستانه حضرت معصومه»، ص۳۵۸.

.......................................................

END / 251