အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၈ မေ ၂၀၂၄

၂၀:၂၃:၁၅
1457227

ပဲဒက်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ လက်ပံတန်း စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ မေ ၈ ရက်၊ မနက် ၈နာရီ ကျော်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ကိုဂျူပီတာက ပြောပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ မေ ၈ ရက်၊ မနက် ၈နာရီ ကျော်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ကိုဂျူပီတာက ပြောပါတယ်။

ပဲဒက်ကျေးရွာရှိ စစ်ကောင်စီစခန်းနဲ့ ကျောက်ဆည်ကျေးရွာရှိ အင်အား ၃၀ ခန့် ပျူစောထီးစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မေ ၅ ရက် မနက် ၆ နာရီခွဲက စတင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ် စစ်လေယာဉ် ရဟတ်ယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ရေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“PDF သုံးနှစ်မြောက် မေ ၅ ရက်မှာ စတိုက်တယ်။ ဒီကနေ့ မနက်ပိုင်းမှာ ပဲဒဏ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ စကစရဲ့ ကြည်း၊ ရေ၊ လေကို ခုခံပြီး တိုက်ခိုက်ခဲ့တာပါ” လို့ ဒုစစ်ဒေသခွဲမှူး ကိုဂျူပီတာက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က ၇ ဦး သေဆုံးပြီး အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၂ ဦး သေဆုံးပြီး ၆ ဦး (မစိုးရိမ်ရ) ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“စကစတပ်သား ၂၆ ဦး အရှင်ဖမ်းမိထားတယ်။ ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်။ လက်နက်ကတော့ ၂၀ ကျော်လောက် သိမ်းဆည်းရမိထားတယ်” လို့ ဒုစစ်ဒေသခွဲမှူး ကိုဂျူပီတာက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထဲမှာ တပ်မဟာ ၆ KNLA တပ်ရင်း ၂၇၊ တပ်မဟာ ၄ KNLA  တပ်ရင်း ၁၂၊ PDF မြိတ်ခရိုင်တပ်ရင်း ၁၊ ထားဝယ်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ SDDF ဒရုန်းအဖွဲ့၊ ဒေါနစစ်ကြောင်းဒရုန်းအဖွဲ့၊ Fix wingsအဖွဲ့၊ ဖယ်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန် - ပြည် ကားလမ်းပေါ် ကွမ်းခြံကျေးရွာ စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ်ကိုလည်း မေ ၇ ရက် ည ၁၂ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ ရဲတွေ သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ ဆီက သိရပါတယ်။

တပ်ရင်း ၃၈၀၂ ရဲ့ တာ၀န်ရှိသူတဦးက “မိန်းလမ်းပေါ်ဆိုတော့ ညဥ့်နက်ပိုင်း ကားအသွားအလာ ရှင်းတဲ့အချိန် ရွေးလုပ်တာပဲ။ ဒါပေမဲ့ နှစ်ဖက်ပစ်ခတ်နေတဲ့အချိန် ကားတွေဖြတ်နေတော့ ခရီးသွားတွေကို ထိမှာစိုးလို့ ပြန်ဆုတ်ခဲ့ရတယ်” လို့  ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်သား ၂ ဦး နဲ့ ရဲ ၁ ဦးတို့ သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီကောင်တွေက ခရီးသွားကားတွေဆီကနေ ငွေတောင်းကြမ်းတယ်။ တိုက်ပွဲပြီးတော့ ကျွန်းကလေး ရဲစခန်းကနေ စစ်ကူသွားပြီးသေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို လက်ပံတန်း ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်” လို့ သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း၂၊ တပ်ခွဲ ၂၊ ၃၊ ၆၊ သာယာဝတီခရိုင် တပ်ရင်း ၃ Myanmar Defense Force၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

.......................................................
END / 251