အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ မေ ၂၀၂၄

၂၀:၂၃:၄၂
1457228

နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ အစိုးရ ၏ ရဖ်ဟ် (Rafah ) မှ ပါလက်စတိုင်းသားများ ထွက်ပေးရန် အမိန့်ကြောင့် ပါလက်စတိုင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကို ပိုစေမည့် ရလဒ် ဖြစ်ကြောင်း Martin Griffiths ပြောကြား

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဖြစ်သူ Martin Griffiths မှ ဂါဇာမှာ စစ်ပွဲဟာ ပြင်းထန်ပြီး အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီဖြစ်ပြီး ဇီယွန်ဝါဒီ အစိုးရရဲ့ အမိန့်ကြောင့် ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် မျိုးတုံး သတ်ဖြတ်မှုတွေ ပိုများလာနိုင်တယ် ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထေက်အထားများ အရ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က ရဖ်ဟ်(Rafah) တွင် နေထိုင်လို သည့် ပါလက်စတိုင်းသားများကို အကာအကွယ်ပေးသင့် ကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့ အစ္စရေး အစိုးရ ၏ ဆုံးဖြတ်ချက်များကြောင့် ဖြစ်ပေါ်လာသော ဝန်ထုပ်ဝန်ပိုးနှင့် ဆင်းရဲဒုက္ခသည် မျိုးဆက်ပေါင်းများစွာ ဆက်လက်တည်ရှိနေဦးမည်ဟု ကုလသမဂ္ဂ၏ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

ရဖ်ဟ် (Rafah)  ဖြတ်ကျော်မှုကို ပိတ်လိုက်ခြင်းဖြင့် အကူအညီများသည် ဂါဇာကမ်းမြောင်သို့ မရောက်နိုင်တော့ ကြောင်း Griffiths က လေးနက်စွာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ဆန့်ကျင်မှုများကြားမှ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီစစ်တပ်က ပါလက်စတိုင်းဒေသကို ဝိုင်းရံထား သော်လည်း ဇီယွန်စစ်အဖွဲ့မှ ရဖ်ဟ် Rafah မြို့ကို တိုက်ခိုက်ရန် အတည်ပြုလိုက်ပြီဖြစ် ကြောင်း သိရှိရပါတယ်။

ဇီယွန်စစ်တပ်သည် ကာတာနှင့် အီဂျစ်တို့မှ ဟားမတ်စ်တို့၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံပြီးနောက် ယင်းစစ်ဆင်ရေးကို စတင်ခဲ့သော်လည်း အီဂျစ်နှင့် ကာတာတို့၏ အဆိုပြုချက်များသည် ၎င်း၏ တောင်းဆိုချက်များနှင့် မကိုက်ညီကြောင်း ဇီယွန်အစိုးရမှ အခိုင်အမာ ပြောကြားခဲ့ ကြောင်း သိရှိရပါ တယ်။

ဇီယွန်ဝါဒီအစိုးရ၏ ၀န်ကြီးချုပ် နေတန်ယာဟုက ဟားမတ်စ်တို့၏ အဆိုပြုချက်များနှင့် အစ္စရေးအစိုးရ၏ တောင်းဆိုချက်များကြား ကြီးမားစွာ ကွာဟချက်ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မည်သို့ ဆိုစေ နယ်ချဲ့  အစ္စရေး အား ကုလသမဂ္ဂ အား မနိုင်ကြောင်း ထင်ရှား ပေါ်လွင်နေပါတယ်။

.......................................................

END / 251