အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ မေ ၂၀၂၄

၂၀:၂၅:၅၁
1457233

သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ မွေးသည့် နေ့ရက်မြတ် နှင့် ဝမ်းနည်းဖွယ် ဝဖာသ်နေ့ အကြောင်း တစေ့တစောင်း

သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ မျိုးရိုး၊ ဘွဲ့တော်များ ၊ အိမ်ထောင်ရေး နှင့် အီရန်ခရီးစဥ် ၊ ကွမ်းမြို့သို့ ဝင်ရောက်ခြင်း နှင့် အလ္လာဟ့် အမိန့် ခံယူတော်မူခြင်းအကြောင်း တစေ့ တစောင်း ကိုဖော်ပြလိုက်ပါ တယ်။သခင်မကြီး မွေးနေ့ရက်မြတ် အချိန်အခါဖြစ်၍ လည်း စာဖတ်သူ မိတ်ဆွေ ရောက်တိုင်း ကိုလည်း မိုဘာရတ်က် ပြောကြားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သခင်မကြီး ၏ မျိုးရိုး

အေမာမ် ကာဇင်းမ် (အ.စ) ၏ သမီးတော် နှင့် အေမာမ် ရေဇာ (အ.စ) ၏ နှမတော် ဖွာတွေမဟ် (စ.အ) ဘွဲ့အား ဖြင့် မအ်စူမဟ် (စ.အ) ဖြစ်ပါသည်။ ရှိက်ခ် မိုဖီးဒ် အနေဖြင့် အလ်အေရ်ရှာဒ် ဆိုသည့် စာအုပ်တွင် အေမာမ် ကာဇင်းမ် (အ.စ) သမီးတော်များ တွင် သမီးတော် နှစ်ပါး ၏ အမည် မှာ ဖွာတွေမဟ် ကိုဗ်ရာ နှင့် ဖွာတွေမဟ် စိုဂ်ရာ ဆို ပြီး ရှိကြောင်း သို့သော် မည်သည့် တစ်ပါး သည် မအ်စူမဟ် ဖြစ်ကြောင်း မဖော်ပြထားကြောင်း လာရှိပါတယ်။ အဲဟ်လေ့စွန္နသ် အိုလမာ မှ ပညာရှင် တစ်ပါး ဖြစ်သည့် အစ်‌ဗ်‌နေဂျောင်ဇီ ဟီဂျရီ ၅ ရာစု အနေဖြင့် အေမာမ် ကာဇင်းမ် (အ.စ) ၏ သမီးတော် မှာ ဖွာတွေမဟ် အမည် ဖြင့် လေးပါး ရှိကြောင်း ဆိုထားပါသည်။ သို့သော် မည်သည့် သမီးတော် သည် မအ်စူမဟ် ဖြစ်ကြောင်း ကို ၎င်းအနေဖြင့်လည်း ဖော်ပြထားခြင်း မရှိချေ။ ဒလာအေလ်လိုလ်အေမာမဟ် ကို ရေးသား ထားသည့် မိုဟမ္မဒ် ဘင်န် ဂျရီးရ် ၏အဆိုအရ ဟဇရသ် မအ်စူမဟ် ၏ မိခင်မှာ နဂျ်မဟ်ခါသွန် ဖြစ်ပြီး အေမာမ်ရေဇာ (အ.စ) ၏ မိခင်လည်း ဖြစ်ကြောင်း ဖြစ်ပါ တယ်။

သခင်မကြီး (စ.အ) ၏ ဘွဲ့တော်များ

အေမာမ် ကာဇင်းမ် (အ.စ) ၏သမီးတော် ဖွာတွေမဟ် (စ.အ) ၏ ကျော်ကြားသည့် ဘွဲ့တော်များ မှာ မအ်စူမဟ်(စ.အ) ၊ ကရီးမေဟ် အဲဟ်လေ့ဘိုက်(သ) (စ.အ) ဖြစ်ပါ တယ်။ ရီဝါယသ်တော် တစ်ခု ၏ ဆင့်ပြန်ချက် အရ မအ်စူမဟ် ဆိုသည့် ဘွဲ့အမည်ကို အေမာမ် ‌ရေဇာ (အ.စ) ပေးခဲ့ကြောင်း သိရှိရပါတယ်။ မိုဟမ္မဒ် ဘာကဲရ် မဂျ်လေစီ ရေးသားထားသည့် ဇာဒိုလ်မေအာဒ် စာအုပ်လာ ရီဝါယသ်တော် အရ အေမာမ် ရေဇာ (အ.စ) မှ သခင်မကြီး အား မအ်စူမဟ် အမည်ဖြင့် ခေါ်ခဲ့ကြောင်း ဖော်ပြထားပတယ်

ဖွာတွေမဟ် မအ်စူမဟ် (စ.အ) အား ယနေ့ အချိန်အခါတွင် ကရီးမေဟ် အဲဟ်လေ့ ဘိုက်(သ) (စ.အ) ဟုလည်း ခေါ်ဆို ပါသည်။[၁၆] ဤဘွဲ့တော် အား အာယာသွလ္လာဟ် ဆယက်ဒ် မရ်အရှီနဂျဖီ ၏ ဖခင် ဆယက်ဒ် မဲဟ်မူဒ် မရ်အရှီ နဂျဖီ မှ ခိုင်လုံသည့် အထောက်အထားဖြင့် အိမ်မက်တွင် အေမာမ် ၁၂ပါး (အ.စ) မှ တစ်ပါးပါးသည် ဟဇရသ် မအ်စူမဟ် (စ.အ) အား ကရီးမေဟ် အဲဟ်လေ့ ဘိုက်(သ) (စ.အ) ခေါ်ဆို သည်ဟု မြင်မက်ကြောင်း သိရှိရပါတယ်။

သခင်မကြီး (စ.အ) အိမ်ထောင်ရေး

ရေယာဟီးနိုရှ်ရှရီအဟ် ကျမ်းအရ ဟဇရသ် မအ်စူမဟ် (စ.အ) အိမ်ထောင်ပြု ခဲ့ သလား ? (သို့မဟုတ်) မပြုခဲ့သလား? သားသမီး ရှိ မရှိဆိုတာ မသိရချေ။[၁၈] သို့သော် ကျော်ကြား သည်မှာ သခင်မကြီး (စ.အ) အနေဖြင့် လုံးဝ အိမ်ထောင်မ ပြုခဲ့ကြောင်း ဖြစ်ပါတယ်။ အိမ်ထောင် မပြုရသည့် အထောက်အထား ကိုလည်း ဖော်ပြထားပါသည်။ပမာ အားဖြင့် သခင်မကြီး နှင့် ဘက်ညီပြီး ထိုက်တန်သူ မရှိသည့် အတွက်ကြောင့် ဖြစ်ကြောင်း ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဟီဂျရီ ၃ ရာစုနှစ် ၏ သမိုင်း ပညာရှင် ယအ်ကူဘီ မှ ရေးသားထားသည်မှာ အေမာမ် ကာဇင်းမ် (အ.စ) သေတမ်းစာ မှာခဲ့ပါသည်။ ထိုသေတမ်းစာ မှာ မိမိ၏ မည်သည့် သမီးတော်ကို မှ အိမ်ထောင်မပြုရန် ဟုဖြစ်ပါတယ်၊ သို့သော် ဤ သေတမ်းနှင့်ပတ်သက်ပြီး စောဒက တက်ချက်လာ ရှိပါသည်။ ကိုလိုင်နီ အနေ ဖြင့် ကာဖီ ကျမ်း တွင် အေမာမ် ကာဇင်းမ် (အ.စ) ထံမှ ဆင့်ပြန်ထား သည်ဤကဲ့သို့သော် သေတမ်းစာ အကြောင်း ကို တင်ပြထားခြင်းမရှိကြောင်း သိရှိရပါတယ်။အချို့ သုတေသီများ သည် ဟဇရသ် မအ်စူမဟ် (စ.အ) သခင်မကြီး ညီအစ်မများ အိမ်ထောင်မပြုသည့် အကြောင်း မှာ အဘာစီ အစိုးရ အထူးသဖြင့် ဟာရွန် နှင့် မာအ်မွန် တို့ လက်ထက်တွင် ပြင်းထန်သည့် အကြပ်အတည်း အခက်အခဲများ ကြောင့် ဟု ဆိုထားပါတယ်။

အီရန်ခရီးစဥ် ၊ ကွမ်းမြို့သို့ ဝင်ရောက်ခြင်း နှင့် အလ္လာဟ့် အမိန့် ခံယူတော်မူခြင်

ကွမ်းသမိုင်း စာအုပ်အရ ဟဇရသ် မအ်စူမဟ် (စ.အ) သည် ဟီဂျရီ ၂၀၁ခုနှစ် တွင် မိမိအစ်ကို အေမာမ် ရေဇာ (အ.စ) အားတွေ့ရန် မဒီနာ မြို့ မှ အီရန် သို့ ခရီးထွက်ခဲ့ ပါတယ်။ ရှီအဟ် သမိုင်းပညာ ရှင် ဘာကဲရ် ကရရှီ အနေဖြင့် “ ဂျဝဟေရိုလ် ကလာမ် ဖဖီ မဒ်ဟေဟွန်စ်စာဒသိုလ်အအ်လာမ် “ စာအုပ် မှ ကိုးကားပြီး ဟဇရသ် မအ်စူမဟ် (စ.အ) ၏ အီရန် သို့ ခရီး ထွက်လာရသည့် အကြောင်းရင်း မှာ အေမာမ် ရေဇာ (အ.စ) သည် မိမိ အနီး အနားသို့လာရန် ခိုရာစာန် သို့ ခရီးသွားဖို့ မေတ္တာ ရပ်ခံထားသည့် စာ ကြောင့် ဟု ဖော်ပြထားပါတယ်။ ထိုအချိန် အေမာမ် ရေဇာ (အ.စ) သည် အဘာစီ ခလီဖဟ် (ဘုရင်) မာအ်မွန် ၏ အိမ်ရှေ့ မင်းသား ဖြစ်ပြီး ခိုရာစာန် တွင် သီတင်းသုံးနေထိုင်ခဲ့ပါသည်။ ဟဇရသ် မအ်စူမဟ် (စ.အ) လမ်းခရီးတွင် မကျန်း မမာဖြစ် ဖျားနာပြီး အလ္လာဟ့် အမိန့်တော် ခံယူသွားပါတယ်။

အကျော် အမော်သုတေသီ ဆယက်ဒ် ဂျအ်ဖရ် မိုရ်သဇါ အာမိုလီ ၏ အဆိုအရ ဟဇရသ် မအ်စူမဟ် (စ.အ) သည် စာဝေဟ် မြို့ တွင် အဆိပ်ခတ် ခံရ၍ ရှဟီးဒ် ဖြစ်ခဲ့ ပါတယ်။ ကွမ်းသို့ သခင်မကြီး သွားရသည့် အကြောင်းအရင်း နှင့်ပတ်သက်ပြီး တင်ပြ ချက် နှစ်ခု လာရှိပါသည်။ ပထမ တင်ပြချက် အရ သခင်မကြီး စာဝေဟ် ရောက်သည့် အချိန် နေမကောင်း ဖြစ်သွားပါသည်။ ထိုအခါ သခင်မကြီးမှ မိမိ ၏ ခရီး အတူ သွားဖော် များကို ကွမ်းသို့ခေါ် သွား ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒုတိယ တင်ပြချက် အရ ကွမ်းသမိုင်း စာအုပ် ရေးဆရာမှ ပိုမိုပြီးမှန်ကန် သည် ဟုလက်ခံ ထားပါ သည်။ထိုအချက်မှာ ကွမ်း မြို့သူ ၊ မြို့သား များ မှ သခင်မကြီး အား ကွမ်းမြို့ သို့ လာရန် မေတ္တာ ရပ်ခံ သည်ဟု ဖြစ်ပါတယ်။

ဟဇရသ် မအ်စူမဟ် (စ.အ) သည် မူစာဘင်န် ခဇရဂျ် ၏ အိမ်တွင် အခြေချနေထိုင်ပြီး ၁၇ ရက်အကြာတွင် အလ္လာဟ့်အမိန့်ခံခဲ့ ပါသည်။[၃၁] သခင်မ၏ ရုပ်ကလပ်တော် ဘာဘလန်(န) (ယခုဂူဗိမာန်တော်) တွင် မြှုပ်နှံခဲ့ပါတယ်။

ကောက်နုတ်ထားသည့် ကျမ်းကိုးများ

 

1.     محلاتی، ریاحین الشریعه، ۱۳۷۳ش، ج۵، ص۳۱.

2.     نگاه کنید به مفید، الارشاد، ۱۴۰۳ق، ج۲، ص۲۴۴.

3.     نگاه کنید به ابن‌جوزی، تذکرة الخواص، ص۳۱۵.

4.     نگاه کنید به طبری، دلائل‌الامامة، ۱۴۱۳ق، ص۳۰۹.

5.     https://my.wikishia.net

6.     مهدی‌پور، کریمه اهل بیت(س)، ۱۳۸۰ش، ص۲۳و۴۱؛ همچنین نگاه کنید به اصغری‌نژاد، «نظرى بر اسامى و القاب حضرت فاطمه معصومه(س)».

7.     مهدی‌پور، کریمه اهل بیت(س)، ۱۳۸۰ش، ص۲۹.

8.     مجلسی، زاد المعاد، ۱۴۲۳ق، ص۵۴۷.

9.     نگاه کنید به مهدی‌پور، کریمه اهل بیت(س)، ۱۳۸۰ش، ص۴۱و۴۲.

10. مهدی‌پور، کریمه اهل بیت(س)، ۱۳۸۰ش، ص۴۱و۴۲.

11. محلاتی، ریاحین الشریعه، ۱۳۷۳ش، ج۵، ص۳۱.

12. برای نمونه نگاه کنید به مهدی‌پور، کریمه اهل بیت(س)، ۱۳۸۰ش، ص۱۵۰.

13. مهدی‌پور، کریمه اهل بیت(س)، ۱۳۸۰ش، ص۱۵۱.

14. نگاه کنید به کلینی، کتاب الکافی، ۱۴۰۷ق، ج۱، ص۳۱۷.

15.  قرشی، حیاة الامام موسی بن جعفر(ع)، ۱۴۱۳ق، ج۲، ص۴۹۷.

16. حسینی، «راز عدم ازدواج حضرت معصومه(ع)»، ص۱۰۳-۱۰۴.

17. قمی، تاریخ قم، توس، ص۲۱۳.

18. عاملی، حیاة السیاسیة للامام رضا(ع)، ۱۴۰۳ق، ج۱، ص۴۲۸.

19. قرشی، حیاة الامام الرضا(ع)، ۱۳۸۰ش، ج۲، ص۳۵۱.

20. محمدبیگی، فروغی از کوثر، ۱۳۸۷ش، ص۳۵.

. ..........

END