အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ မေ ၂၀၂၄

၂၀:၂၆:၃၇
1457234

ဗြိတိန် မြို့တော် သည် ပါလက်စတိုင်း ထောက်ခံသူ ထောင်ပေါင်းများစွာ ၏ ကြွေးကြော်သံများ နှင့်အတူ တစ်ဖန် ပဲ့တင် ထပ်ခဲ့

တစ်ဖန် ဗြိတိန် နိုင်ငံ ၏မြို့တော် လန်ဒန်တွင် ဂါဇာရှိ ပါလက်စတိုင်း ၏ အထူးသဖြင့် ရဖ်ဟ် (Rafah ) တွင် လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေး ကို တောင်းဆိုသည့် ညာသံများ ဟိန်း ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

Sahar News သတင်း အထေက်အထားများ အရ ဇီယွန်ဝါဒီတွေ သိမ်းပိုက်ထားတဲ့ ဂါဇာကမ်းမြောင်နယ်စပ်မြို့ ရဖ်ဟ် (Rafah)  ကို ကျူးကျော် သိမ်းပိုက်လိုက်သည့် အတွက် ထောင်နဲ့ချီသည့် ပါလက်စတိုင်း ထောက်ခံသူများ ဗြိတိန် နိုင်ငံသားများ သည် လန်ဒန်မြို့က ၀န်ကြီးချုပ် Rishi Sonak ရုံးခန်းရှေ့မှာ စုရုံးခဲ့ကြပြီး အကာအကွယ်မဲ့ ပါလက် စတိုင်းသားများ ဖိနှိပ်ခံရသူများ အပေါ် နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရ ၏ ရက်စက်ကြမ်းကြုတ် သည့် ရာဇ၀တ်မှုများ ကို ရှုတ်ချခဲ့ ကြပါတယ်။

ဆန္ဒပြမှုအတွင်း ပါဝင် လှုပ်ရှား  ပါလက်စတိုင်း ထောက်ခံသူ များသည် လက်စတိုင်းများ အလံများဝှေ့ယမ်းကာ « စစ်ပွဲရပ်ရန် » ၊  «  ပါလက်စတိုင်း ကိုလွတ်ပေး » « ရဖ်ဟ် (Rafah )   မှ ထွက်  » စသည့် ကြွေးကြော်သံများ ပြုခံ ကြပါတယ်။

၎င်းတို့၏ ကြွေးကြော်သံများတွင် ဗြိတိန်နိုင်ငံသားများက ၎င်းတို့၏ အစိုးရဘက်မှ  ဇီယွန်ဝါဒီအစိုးရအား ပံ့ပိုးကူညီမှုကို အဆုံးသတ်ရန်နှင့် ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြပါတယ်။ ဤဆန္ဒပြမှု ဟာ ၂၄ နာရီ မပြည့် သာ ကြာမြင့်ခဲ့ပြီး လူပေါင်း ၅၀၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

Brightonမြို့  Manchester မြို့  နှင့် Leicesterမြို့  အပါအဝင် အခြားဗြိတိသျှမြို့များတွင် ပါလက်စတိုင်း ထောက်ခံသူများ သည် ရဖ်ဟ် (Rafah) တွင် ဇီယွန်နစ်အစိုးရအား  ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဇီယွန်နစ်အစိုးရ၏ တိုက်ခိုက်မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြပါတယ်။

.......................................................

END / 251