အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ မေ ၂၀၂၄

၂၀:၂၈:၅၆
1457238

မအ်စူမီးမ် (အ.စ) ၏ ခေါင်း စဥ် ၄၀ နှင့် ဟဒီးစ်တော် အပါး (၄၀) အပိုင်း (၁)

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မှတ်သားကျင့်သုံး ရမည့် ခေါင်း စဥ် ၄၀ နှင့် ဟဒီးစ်တော် အပါး (၄၀) အပိုင်း (၁) အား အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန (ခ) အဗ်နာ ချစ်ပရိတ်သတ်ကြီး အတွက် တင်ပြ လိုက်ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဒီးစ်တော် (၁) ကေယာမသ်နေ့ စာရင်းအင်း ရှင်းရာတွင်လွယ်ကူစေရန်    

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မိန့်တော်မူ၏။ 

အကြင်မည်သူမဆို စူရဟ် ဝန်နာဇေအာသ်  အား သေလာဝသ် ပြုမည်ဆိုလျင် ကေယာမသ် နေ့ တွင် (လည်းကောင်း ၏) စာရင်းအင်းသည် ဝါဂျစ်ဗ်နမာ် ဖတ်သည့်အချိန် ကြာသလောက်သာ အချိန်ကြာမြင့် မည်ဖြစ်ပါသည်။ ပြီးနောက် ၎င်းသည်ဂျန္နသ် (ခ)သုခဘုံ တွင် ဝင်ရောက်ရပေမည်။

ကျမ်းကိုး - تفسیر مجمع البیان  ج 10 ، ص 250

...................................................

ဟဒီးစ်တော် (၂) မနာလိုသူ ၏ အခြေအနေလက္ခဏာ

 

အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။

« မနာလိုသူ သည် သူများ၏ မကောင်းမှုများအပေါ် ပျော်ရွှင် ပြီး ၎င်းတို့၏ ပျော်ရွှင် ပီတိ ဖြစ်မှု အပေါ် စိတ်မကောင်း ဖြစ်ကြပါသည်။ »

ကျမ်းကိုး - اقوال علی علیه السلام ، ص 125

 

ရှင်းလင်းချက်အကျဥ်း -  မိမိ ကိုယ်တိုင် မနာလိုသူ စာရင်းတွင် ပါ၊ မပါ စိစစ်နိုင်ပါတယ်။ မတာ်တဆပါနေလျင် သောင်ဗဟ် ပြုပြီး နောက် အဲလို စိတ်ဓာတ်မျိုး မဝင် အောင် မြတ် အလ္လာဟ် ထံ ခိုလုံခွင့် ဒိုအာ တောင်းရပါမယ်။ မပါရင်တော့ အလ္လာဟ့် ကို ရှိုက်ရ် ပြုပြီး ရှေ့လျှောက် တွင် လည်း ဆက်လက် ၍ ဤ အတိုင်း ရပ်တည် နိုင်စွမ်း ရရှိ ဖို့ ဒို အာ ပြုရပါမယ်။

....................................

ဟဒီးစ်တော် (၃) အေဗါဒသ် ၏ ကိုးပိုင်း

မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူထားပါသည်။

« ‌အေဗါဒသ် ၏ ဆယ်ပိုင်း ရှိပါသည်။ ၎င်း မှ ကိုးပိုင်းမှာ သမာအဇီဝ နည်း(ဟလာလ် နည်း) ဖြင့် ရှာဖွေခြင်း ဖြစ်ပါသည်။ »

 

ကြည့် - مستدرک الوسائل ، ج13 ، 12

 

အကြံပြုချက် -   သမာအဇီဝ နည်း(ဟလာလ် နည်း) ဖြင့် လုပ်ကိုင် စား‌သောက်ခြင်း သည် အေဗါဒသ် ဖြစ် ကြောင်း ‌အေဗါဒသ် ၏ ဆယ်ပိုင်း မှ  ကိုးပိုင်း ဖြစ်ကြောင်း သိနိုင်မည် ဖြစ်ပါတယ်။

 

..........................................

ဟဒီးစ်တော် (၄) မိမိ၏ မရ်ဟွန်မ်များ (ကွယ်လွန်သွားသူများ) အတွက် လက်ဆောင်

တမန်တော်မြတ် (ဆွ) ထံ မှ ရီဝါယသ်တော် လာရှိပါသည်။တမန်တော်မြတ် (ဆွ) မှ မိန့်တော် မူသည် ။

 

« မိမိ၏ မရ်ဟွန်မ်များ (ကွယ်လွန်သွားသူများ) အတွက် လက်ဆောင် ပို့သပါလေ။ မေးမြန်းလျှောက် ထားကြလေ၏။ အို ရစူလွလ္လာဟ် (ဆွ) မရ်ဟွန်မ်များ အတွက် လက်ဆောင်သည် ဘာဖြစ်ပါသနည်း? အဖြေပေးမိန့်တော် မူ၏။ (၎င်းတို့ဘက်မှ) ဆဒ်ကဟ် ပေးခြင်း နှင့် (၎င်းတိုအတွက်) ဒိုအာ တောင်း ပေးခြင်း ဖြစ်ပါတယ်။ »

 

ကျမ်းကိုး  - إقبال الأعمال

ရှင်းလင်းချက်အကျဥ်း -   နေ့စဥ် မဟုတ်လျင်တောင် ကြာသပတေးနေ့ည တိုင်း မိမိ ၏ မရ်ဟွန်မ် များ  အတွက် ဆဒ်ကဟ် ထုတ်ပေးခြင်း ဒိုအာ ပြုပေး ခြင်း ဖြင့် လက်ဆောင်များ ပို့နိုင် အောင် ကြိုးစားသင့်ပါတယ်။

............................

ဟဒီးစ်တော် (၅) စစ်မှန်သည့် ခေါင်းဆောင် လုပ်ချင်သူများ အတွက် မောင်လာအလီ (အ.စ) ၏ ဆုံးမ စကား

 

ဟဇရသ် အေမာမ် အလီ အစ်ဗ်နေ အဘီ သွာလစ်ဗ် (အ.စ) မိန့်တော်မူသည်။

 

« အကြင်မည်သူမဆို မိမိ၏ညီနောင်များကို သည်းမခံနိုင်မည်ဆိုလျင် ထိုသူသည် ခေါင်းဆောင် မဖြစ်နိုင်ချေ။  »

 

ကျမ်းကိုး - میزان الحکمة ، ج 1 ، ح  

 

ရှင်းလင်းချက်အကျဥ်း -  လူများ လက်ခံသည့် ခေါင်းဆောင် အစား  မောင်လာ အလီ (အ.စ)  လက်ခံသည့် ခေါင်း ဆောင် ဖြစ် နိုင် ဖို့ ကြိုးစားရန်  ဤကဲ့သို့ ကြိုးစားသူများ ကိုသာ ခေါင်းဆောင် အဖြစ် တင်‌မြှောက် ကြရန် ဖြစ်ပါတယ်။

--------------------------------------

ဟဒီးစ်တော် (၆) အကောင်း တကာ အကောင်းဆုံး ရက်ရောမှု

 

ဟဇရသ် အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။

« အကောင်း တကာ အကောင်းဆုံး ရက်ရောမှု ဆိုသည်မှာ မိမိ ၏ အခြေအနေ အတိုင်းအတာ အရ (အလ္လာဟ့် လမ်းတွင် ) ငွေကြေး၊ဥစ္စာပစ္စည်းကို လှူဒါန်း ခြင်း ဖြစ်ပါသည်။ »

 

ကြည့် - ဂိုရရိုလ်ဟေကာမ်

 

ရှင်းလင်းချက်အကျဥ်း - အေမာမ်အလီ (အ.စ) ၏ ဟဒီးစ်တော် မြတ် အရ လူတိုင်း မိမိ အခြေအနေ မိမိသိပါတယ်။ထိုကြောင့် လူတွေ အထင်ကြီး အောင် လုပ်စရာ မလိုဘဲ မိမိ နိုင်သလောက် အလ္လာဟ့် လမ်းတွင် လှူဒါန်း ဖို့သာ လိုပါတယ်။

………………………….

 

ဟဒီးစ်တော် (၇) နမာဇ်ကဇွာမဖြစ်ရန် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ သင်ကြားပေးမူ

အေမာမ် ဂျအ်ဖရ်ဆွာဒဏ်က် (အ.စ) မိန့်တော် မူ၏။

 

« အကြင်မည်သူမဆို နမာဇ် အား မေ့လျော့မည် (အလေးမထားမည်)။ အကယ်၍ စူရဟ် မိုအ်မေနနူးန် အား ၇ ကြိမ် သေလာဝသ် ပြုမည် ဆိုလျင် စနစ်တကျ နမာဇ် ဝတ်ပြုလာပေလိမ့်မည်။ »

 

ကြည့် - خواص الآیات ، ص 93 ، مؤلف آیت الله محمد تقی نجفی آصفهانی

 

ရှင်းလင်းချက်အကျဥ်း - ဘေနမာဇ်ဇီ အတွက် အခြားတစ်ယောက်ယောက်မှ ၎င်းဘက်မှ (နီယသ်) ပြုပေးပြီး သေလာဝသ် ပြုနိုင်ပါတယ်။ ယခုခေတ် တွင် ဘေနမာဇ်ဇီ အလွန်များပြားနေသည့် အတွက် အေမာမ်  (အ.စ) ၏ ဆုံးမ စကား အတိုင်း ကျင့်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါတယ်။

 

...........................

ဟဒီးစ်တော် (၈) ဟရာမ် ပစ္စည်းဥစ္စာ ကို စားသုံး ၏ အာနိသင်

အေမာမ်ဟိုစိုင်းန် (အ.စ) မိန့်တော် မူ၏။

 

« အကြင်မည်သူမဆို ဟရာမ် ပစ္စည်းဥစ္စာ ကို စားသုံးမည် ဆိုလျင် ၎င်းသူအပေါ် ဟက်(ခ)အမှန်တရား ၏ အာနိသင်သက်ရောက်မူသည် မရှိတော့ချေ။ »

 

ကျမ်းကိုး - ခွသ်ဗဟ် အေမာမ် ဟိုစိုင်းန် (အ.စ) မှ

 

ရှင်းလင်းချက်အကျဥ်း  - ဒါကြောင့် ကျနော် ပတ်ဝန်းကျင်မှာ မတရား လုပ်တာတွေ များနေလဲ ဟရာမ် စားတာများတော့ ကိုယ်နဲ့မဆိုင်သလို ထိုင်ကြည့်နေကြတာပေါ့ ။ဟရာမ် ပစ္စည်းဆို တရားတော်က တားမြစ် ထားသည့် ပစ္စည်းဥစ္စား မှန်သမျှ ဖြစ်တယ်။ ဥပမာ အား ဖြင့် ခိုးရာတဲ့ ပစ္စည်း ဇကားသ် ထိုက်လျင် မထုတ်သည် ပစ္စည်း ။ ခွမ်းစ် ထိုက်လျက် မထုတ်သည့်ငွေများ မတရား ကျူးကျော် ထား သည့် မြေများငွေများ စသည်ဖြင့် တို့ ဖြစ်ပါတယ်။

--------------------------------------------

ဟဒီးစ်တော် (၉) ကုန်းတိုက်ချော (စကား အပေးအယူ) ပြုခြင်း၏ ပြစ်ဒဏ်

ဟဇရသ် မိုဟမ္မဒ် မွတ်ဆ်သဖွာ (ဆွ) မိန့်တော် မူ၏။

 

«  ကုန်းတိုက်ချော (စကား အပေးအယူ) ပြုခြင်း၊ အတင်းပြောခြင်းနှင့် လိမ် ညာခြင်း သည်အဇါဘ်‌ ဘေ ကဗရ် ကဗရ် အတွင်း ခံရမည် ပြစ်ဒဏ်များ ကိုဖြစ်စေပါသည်။  »

ကြည့် -  تحفه الابرار - مولف شیخ الصدوق ره ص 260

ရှင်းလင်းချက်အကျဥ်း - ယနေ့ တိုးတက်နေသည်ခေတ် တွင် တိုးတက်ခြင်း အညီ ကုန်းတိုက်ချော (စကား အပေးအယူ) ပြုခြင်း၊ အတင်းပြောခြင်းနှင့် လိမ် ညာခြင်း လုပ်နေကြပါတယ်။ ဖေ့စ်ဘုတ် မပေါ်မည်၊ မီဒီယာ မထွန်းကားခင် လူချင်း အပြင်မှာ တွေ့ မှ ကုန်းတိုက်ချော (စကား အပေးအယူ) ပြုခြင်း၊ အတင်းပြောခြင်းနှင့် လိမ် ညာခြင်းတို့ကို ပြုနိုင်ပေမဲ့ ယနေ့ ဖေ့စ်ဘုတ် မီဒီယာ တို့ကနေ နေရာမရွေး နိုင်ငံမရွေးကနေ ပြုနေကြကြောင်း ဝမ်းနည်း ဖွယ် တွေ့ နေရပါတယ်။

ဟဒီးစ်တော် (၁၀) အစ္စလာမ် ဆိုသည့် ဆွဲကြိုး အား ပြုတ်စေသည့် လုပ်ရန်

မဟာတမန်တော်မြတ် မိုဟမွမဒ် (ဆွ) မိန့်တော်မူသည်။

«  အကြင်မည်သူမဆို မွတ်စလင်မ်များ အုပ်စု နှင့် တစ်ထွာ လောက်ဝေးသွားမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ်သည် ၎င်း၏ လည်တွင် ရှိနေသည့် အစ္စလာမ် ဆိုသည့် ဆွဲကြိုး အား ပြုတ်လိုက်တော်မူ ပေသည်။ »

ကြည့် - အူစူလေကာဖီ ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၄

 

 

ရှင်းလင်းချက်အကျဥ်း - ဟဒီးစ်တော် ၏ အဓိပ္ပာယ် မှာ ရှင်းနေပါသည်။ ဆိုလိုသည်မှာ မည်သူမဆို မွတ်စလင်မ်များ နှင့် တစ်ထွာလောက်ဝေးသွားမည်။ ကွဲသွားမည်။ မစည်းရုံးတော့မည် ဆိုလျှင် ထိုသူသည် အလ္လာဟ် ၏ အမြင်တွင် စစ်မှန်သည့် မွတ်စလင်မ် တစ်ဦး ဖြစ်တော့မည်မဟုတ်ချေ။

ဤဟဒီးစ်တော်တွင် မွတ်စလင်မ် များ ဟု သုံးထားပါသည်။ ရှီအဟ် အကီဒဟ် အရ ရှီအဟ် မိုမင်သည် မွတ်စလင်မ် ထက် ပို၍ အဆင့်မြင့်ပေတယ်။ ပထမ မွတ်စလင်မ်အစစ်ဖြစ်အောင်လုပ်ရမည်ပြီး မှ ရှီအဟ် အစစ်ဖြစ်အောင် လုပ်ရမည် ဖြစ်ပါတယ်။

အနှစ်ချုပ်

ဒီတော့ မွတ်စလင်မ် နှင့် မစည်းလုံးရင်တောင် အလ္လာဟ် အမြင်မှာ မွတ်စလင်မ် မဟုတ် တော့ဘူး ဆိုလျှင် ??

စည်းလုံးနေသည့်တစ်စည်း တစ်လုံးတည်းရှိနေသည် တစ်နေရာတည်း တစ်အေမာမ်ဘာရာတည်း။ တစ်ဗလီတည်း ရှိ ရှီအဟ် မိုအ်မင် ဂျမအာသ် ၏ စည်းလုံးရေးကို မိမိခုံ၊နေရာရဖို့ ငွေအား၊ မက်လုံး အား၊သက်ဆိုင်ရာအားများ ၊အများအတွက် ရှီအဟ် အတွက် ဆိုသည့် ဂျင်းပေါင်းစုံ သုံးပြီး ခွဲသည့် သူများ၊ ပျက်စီးအောင် ပြုသည်သူများကော် အလ္လာဟ် အမြင် တွင် မည်သို့ ရှိမည်နည်း?

ဟဒီးစ်တော် တွင် တစ်ထွာ မျှဝေးမည် ကွဲသွားမည် ခွဲသွားမည်ဆိုလျှင် အစ္စလာမ်မဟုတ်တော့ဘူးဟု ဆိုထားလျှင် ရှီအဟ် မိုအ်မင်အချင်းချင်း ရှီအဟ်မိုအ်မင် ဆွေမျိုးသားချင်း ကို လမ်းတွေ့ မခေါ် ၊ သေသည့်အထိမခေါ်အောင် လုပ်ခဲ့သူများကကော် ???

အမှန်တရားကို စဥ်းစားနိုင်ကြပါစေ ...

သောင်ဗဟ် ပြုနိုင်ကြပါစေ ...

အလ္လာဟ်

ရစူလ်(ဆွ)

အေမာမ်များ (အ.စ)၏

သြဝါဒတော်မွန်များကို

နားလည်နိုင်ဖို့ လိုက်နာနိုင်ဖို့

ဟလာလ် အလုပ်များ ဟလာလ် စီးပွားရေးများလုပ်နိုင်ကြပြီး

ဟလာလ် များသာစားနိုင်သောက်နိုင်ကြပါစေ ...

------------------------------

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဟဒီးစ်တော် (၁၁) ကောင်းမြတ်သည့် စကား ၏ အကျိုး

အေမာမ် အလီ ဇိုင်နိုလ် အာဗေဒီးန် (အ.စ) မိန့်တော် မူ၏။

 

« ကောင်းမြတ်သည့် စကား(စကားကောင်းကောင်းပြောခြင်း) သည် ဥစ္စာ ပစ္စည်း ကို တိုးပွား စေပါသည်။ စားနပ်ရိက္ခာ ကို ပွားများ စေပါသည်။ သေခြင်းအချိန်ကို ပြောင်းပေးပါသည်။ အိမ်သူ၊ အိမ်သားများ အကြား အချစ်တော် ဖြစ်စေပါသည်။ ပြီးနောက် ဂျန္နသ်သုခဘုံ တွင် ဝင်ရောက် ရန် အကြောင်းခံ ကို ဖြစ်စေပါသည်။ »

 

ကြည့် - خصال ، ص 317 ، حدیث 100

----------------------------

ဟဒီးစ်တော် (၁၂) «  အေလ်မ် နှင့် အိုလမာ ကို ဂျဟေလ် ကိုစော်ကားသူ သည် မည်သူမည်ဝါ ဖြစ် ကြောင်း

ဟဇရသ် အလီ (အ.စ) မိန့်တော်မူ၏ ။

«  အေလ်မ် နှင့် အိုလမာ ကို ဂျဟေလ် နှင့် အရူး သာလျှင်စော်ကား လေ၏။ »

 

ကိုးကား - ဂိုရရိုလ်ဟေကမ် ဟဒီးစ် အမှတ် ၇

 

မှတ်ချက် - ယနေ့ အေလ်မ် နှင့် အိုလမာ ကို စော်ကားသူများသည် ဂျဟေလ် နှင့် အရူး ဖြစ်ကြောင်းကို လက်တွေ့ မြင်ရမည် ဖြစ်ပါတယ်။ ထိုပြင် အိုလမာ နှင့် အာလင်မ်တွင် လည်း အကောင်း နှင့်အဆိုး ရှိပါ တယ်။ ဝါးလုံးချေးသုတ်ပြီး အိုလမာ အားလုံး နှင့်အာလင်မ်အားလုံးကို ရမ်းတာတော့ မလုပ်ကောင်းသည့် အလုပ် ၊ အဆင့်အတန်းမရှိသည့်အလုပ် ဖြစ်ပါတယ်။

..........................................

ဟဒီးစ်တော် (၁၃) ဂျန္နသ်သုခဘုံ ဟရာမ် ဖြစ်သူများ

အေမာမ် မူစာကာဇင်းမ် (အ.စ) မိန့်တော်မူပါသည်။

« အလ္လာဟ်ဟို အရှင်မြတ်သည် ထိုသူတိုင်း အပေါ် ဂျန္နသ်သုခဘုံအား ဟရာမ် အဖြစ်သတ်မှတ်ခဲ့ပါသည်။ ထိုသူမှာ နှုတ်ကြမ်းသူ ၊ဆဲဆိုသူ ၊ အရှက်မရှိသူ နှင့် မိမိဘာပြောသည်ဆိုတာနှင့်မိမိပြောခဲ့သည်နှင့် ပတ်သက်ပြီး ဘာပြောကြသည်ဆိုတာကို မခံစားတတ်သူ ဖြစ်ပါသည်။ »

ရည်ညွှန်း - تحف العقول

 

သင်ခန်းစာများ

(၁)အပြင်၌ ဖြစ်စေ ဖုန်း၊ Facebook , Viber စသည်ဖြင့် ၌ ဖြစ်စေနှုတ်ကြမ်းသူ

(၂)အပြင်၌ ဖြစ်စေ ဖုန်း၊ Facebook , Viber စသည်ဖြင့် ၌ ဖြစ်စေဆဲဆိုသူ

(၃)အပြင်၌ ဖြစ်စေ ဖုန်း၊ Facebook , Viber စသည်ဖြင့် ၌ ဖြစ်စေအရှက်မရှိသူ (အောက်လုံးထိုးသူ)

(၄)အပြင်၌ ဖြစ်စေ ဖုန်း၊ Facebook , Viber စသည်ဖြင့် ၌ ဖြစ်စေမိမိဘာပြောသည်ဆိုတာနှင့်မိမိပြောခဲ့သည်နှင့် ပတ်သက်ပြီး ဘာပြောကြသည်ဆိုတာကို မခံစားတတ်သူတို့အတွက် အလ္လာဟ် ဟိုအရှင် မြတ် သည် ဂျန္နသ် သုခဘုံ ကို အထက်ပြ မကောင်းသည့် လက္ခာများ ရှိနေသူများအတွက် ဟရာမ် သတ်မှတ်ထားတော်မူပါတယ်။

(၅)အထက်ဖော်ပြပါ သူများ အားပေးအားမြှောက်ပြုနေသူများ

(၆)အထက်ဖော်ပြသူများ ၏ ဖော်ပြထားသည့် လုပ်ရပ်များ ကို သဘောတူသူများ ကူညီဖေးမ သူများ နှင့် နှုတ်ဆိတ်၍ သဘောကျနေသူများ လည်း ပါဝင်ကြပါတယ်။

...................................

ဟဒီးစ်တော် (၁၄) ရှိသမျှ ၁၂လ တွင် အလ္လာဟ်ရွေးချယ်ထားသည့်လ မြတ်

မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။

 

« ဧကန်မုချ အလ္လာဟ်ဟို အရှင်မြတ်သည် နေ့များ တွင် သောကြာနေ့ အား ရွေးချယ်တော်မူခဲ့ပါသည်။ လများတွင် လမြတ် ရမ်တွာန် ကို ရွေးချယ် တော် မူခဲ့ပါသည်။ ပြီးနောက် ညများတွင် ကဒဲရ် ညမြတ် ကို ရွေးချယ်တော် မူခဲ့ပါသည်။ »

 

ကျမ်းကိုး - بحارالانوار ، ج 36 ، ص296 و 372

------------------------------

ဟဒီးစ်တော် (၁၅) နှုတ်၏ ဂိုနာဟ် (၄၀)

ကျနော်အနေဖြင့် ချစ်မိတ်ဆွေ မိုအ်မင်မိုအ်မေနသ်များ အတွက် အဖိုးတန်မည်ဟု ယုံကြည်ပါသဖြင့်အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ရုပ်မြင် သံကြားဌာန မှ ထုတ်လွှင့်ခဲ့သည့် နှုတ်၏ ဂိုနာဟ် (၄၀) အား ဘာသာပြန် ဖော်ပြ ရေးသားသီကုံး လိုက်ရပါသည်။

အင်ရှာအလ္လာဟ် ကျွန်တော် နှင့် တကွ စာရှု့သူအပေါင်းပါ ကျင့်ဆောင်နိုင်သည့် စွမ်းအား မြတ်အလ္လာဟ် ချီးမြှင့်ပါစေလို့ တောင်းဆု ဒိုအာပြုလိုက် ရပါသည်။

တမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်မှာ -

((အကောင်းဆုံးလုပ်ရပ်မှာ နှုတ်အား ထိန်းသိမ်းစောင့်ရှောက် နိုင်ခြင်းဖြစ်ပါသည်။ဟဇရတ် အာဒမ် (အ.စ)၏သားသမီးများ(လူသားအားလုံး) ၏ အများဆုံးဂိုနာများ မှာ နှုတ်ကြောင့် ဖြစ်ပါသည်။ မည်သူ မဆို ၎င်း ၏နှုတ်အား လူထု အနေဖြင့်ကြောက်မည် ဆိုလျှင်ထိုသူသည် ဂျဟန္နမ်မီ (ငရဲဘုံသား) ဖြစ်ပေ မည်။ ))နှုတ်၏ ဂိုနာ (၄၀) မှာအောက် ပါအတိုင်း ဖြစ်ပါသည်။

 

၁။မသိသည့် သတင်းကို ပြောခြင်း

၂။သူတစ်ပါး ၏ အပြစ်အနာအဆာ ကို ရှာခြင်း

၃။ ပြက်ရယ်ပြု၊လှောင်ပြောင် ခြင်း

၄။ စွပ်စွဲခြင်း

၅။ လူထု၏ လှိူ့ဝှက်ချက်များကို ဖွင့်ဟခြင်း

၆။ မိုမင် ကို ဒုက္ခပေးခြင်း

၇။ အကြောင်းမဲ့ နှိမ်ချ ပြောဆိုခြင်း

၈ ။ မုသား ဆိုခြင်း

၉ ။ ကတိ လိမ်ပေးခြင်း

၁၀ ။ လိမ် ပြီး ကစမ်စားခြင်း

၁၁ ။ မမှန်မကန် သက်သေထွက်ခြင်း

၁၂။ သာသနာ ဥပဒေများကို ပြောင်းပြီးပြောခြင်း

၁၃ ။ မမှန်မကန် အမိန့်ပေးခြင်း

၁၄ ။ လူထုအား ကျိန်ဆိုခြင်း

၁၅ ။ ခြိမ်းခြောက်ခြင်း

၁၆ ။ စိတ်ဓာတ်ကျ၊အားငယ် အောင်ပြောခြင်း

၁၇။ မကောင်းမှု ညွှန့်ပြ ခြင်း

၁၈ ။ ကောင်းမှု ကို တားမြစ် ခြင်း

၁၉။ နှုတ်ကြမ်း ခြင်း

၂၀ ။ ကူဖ် နှင့်ရှေရ်က် ကို ပြောဆို ထောက်ခံခြင်း

၂၁ ။ အတင်းပြော ခြင်း

၂၂ ။ ကောလဟလ ပြောခြင်း

၂၃ ။ မကောင်းသည်အမည် ဖြင့် သူတစ်ပါး ကို ခေါ်ခြင်း

၂၄ ။ ကပ်ပါးယပ်ဖား ၊မြောက်ပင်ခြင်း

၂၅ ။ ဟန်ဆောင်၊ကောက်ကျစ်မှုဖြင့် ပြောဆိုဆက်ဆံ ခြင်း

၂၆ ။ အစ အနှောက် အရမ်းသန်ခြင်း

၂၇ ။ ဂုဏ်သိက္ခ ထိခိုက်အောင် ပြောဆိုခြင်း

၂၈ ။ အရှက်ကွဲ အောင် ပြောဆိုခြင်း

၂၉ ။ မာန်မာန ဖြင့်ပြောဆိုခြင်း

၃၀ ။ သူတစ်ပါး၏ အသံအား အသံတု လုပ်ပြီး ပြောဆို ခြင်း

၃၁ ။ သာသနာ တွင် ဗေဒ်အတ် ပြောဆိုခြင်း

၃၂ ။ စေးနည်းမှု နှင့် မနာလို မှု ကို ထုတ်ဖော် ပြောခြင်း

၃၃ ။ ပတ်ဝန်းကျင် တွင် နှုတ်ကြမ်းခြင်း

၃၄။ စကားဆိုရာတွင် အယူသည်း ကြမ်းတမ်း မာကျောခြင်း

၃၅။ ဆဲဆို မတော်တရော ပြောဆိုခြင်း

၃၆ ။ ကုန်းတိုက်ကုန်းချော ပြုခြင်း

၃၇ ။ မျှော်လင့်ချက် ကင်း အောင်ပြောဆိုခြင်း

၃၈ ။ နာမဟ်ရမ် များနှင့် ကြည်စယ်ပြောဆိုခြင်း

၃၉ ။ ဟန်ဆောင် ပြောဆိုခြင်း

၄၀ ။ အကြောင်းမဲ့ အောင်ဟစ် တမ်းတခြင်း

-------------------------------

ဟဒီးစ်တော် (၁၆) တစ်ယောက်တည်း ကျန်နေသူများ သို့

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ(အ.စ) မိန့်တော်မူ၏။

 

«  မင်းတစ်ယောက်တည်း ရှိခဲ့လျှင်လည်း မင်းမှားနေသည်ဟု မနားလည်လိုက်ပါနှင့်။ အလီ (အ.စ) လောက် မည်သူမျှ တစ်ယောင်တည်း မကျန်ခဲ့ပါဘူး။ သို့သော် အလီ (အ.စ) ထက် အမှန် တရား ပေါ် လျှောက် လှမ်းသူ လည်းဘဲ မည်သူမျှ မရှိခဲ့ပါဘူး »

..........................................................

ဟဒီးစ်တော် (၁၇) ဂျန္နသ် သုခဘုံသို့ မသွားရမည့်သူများ

 

ဟဇရသ် ရစူလွလ္လာဟ် (ဆွ) မိန့်တော်မူ၏။

« ဂျန္နသ် သုခဘုံ သို့ ဝင်ရောက် ခွင့် မရမည့်သူဆိုသည်မှာ ၎င်း၏ ဆိုးသွမ်းမှုအား အိမ်နီးချင်းများ ကြောက်ရသူ ဖြစ်ပါသည်။  »

မှတ်ချက် - ဘာသာပြန် လောကတွင် တစ်ချို့ စကားလုံးများသည် တိုက်ရိုက်ဘာသာပြန်လျှင် ဆိုလိုချက်သဘောမပေါက်ဘဲ ဖြစ်တတ်ပါသည်။ဤအတွက်ကြောင့် ဘာသာပြန်ဆရာသည့် ဆိုလိုချက် ပေါ်အောင် ဘာသာပြန်ရသည်များလည်း ရှိပါသည်။

.................................................................

ဟဒီးစ်တော် (၁၈) ပြစားမှု ရှေးရ်က် ၏ အမျိုးအစား တစ်ခု ဖြစ်

ဟဇရသ် အေမာမ် အလီဘင်န် အဘီ သွာလစ်ဗ် (အ.စ) မိန့်တော်မူ၏။

« သတိရှိပါလေ ! အနည်းငယ် ပြစားခြင်းသည် လည်း ရှေးရ်က် ဖြစ်ပါသည်။  »

ရည်ညွှန်း -نهج البلاغه ، خطبه  84

 

သင်ခန်းစာများ

ကျနော်တို့ ၏ အေဗါဒသ်များ၊ကျနော် တို့၏ မိဘ အပေါ် ကျေးဇူးသိတတ်ပြီး အလုပ် အကျွေး ပြန်လုပ်မှုများ ၊ ကျနော်တို့ ၏လင်မယား တာဝန်များ ၊ မိဘ တာဝန်များ ၊ သားသမီး တာဝန်များ ကျနော်တို့ ၏ အဇါဒါရီများ၊ ကျနော်တို့၏ အလှူအဒါန်းများ၊ ကျနော်တို့၏ ကူညီဖေးမမှုများ ၊ ကျနော်တို့၏ မိတ်ဆွေဖွဲ့မှုများ၊ ကျနော်တို့၏ ခေသ်မသ်များ စသည် တို့သည် ပြစားမှု မပါအောင် အထူးဂရုပြု ဆင်ခြင်ရမည် ဖြစ်ပါတယ်။

......................................................

ဟဒီးစ်တော် (၁၉) အကြီးကျယ် တကာ အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံး တကာ အမြင့်မြတ် ဆုံး အေဗါဒသ်

 ဟဇရသ် အေမာမ် ဂျအ်ဖရ်ဆွာဲစ်က် (အ.စ) မိန့်ကြားတော်မူသည်။

« အေဗါဒသ်တိုင်း တွင် ၎င်းထက် ပိုမိုပြီး ကြီးကျယ် မြင့်မြတ်သည့် အေဗါဒသ် တစ်ခု ရှိပါသည်။ ပြီးနောက် ကျွန်ုပ် တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်မေတ္တာ ထားခြင်းသည် ရှိသမျှ အေဗါဒသ် အားလုံး တွင်အကြီးကျယ် တကာ အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံး တကာ အမြင့်မြတ် ဆုံး အေဗါဒသ် ဖြစ်ပါသည်။ »

ရည်ညွှန်း -  فضائل اهل بیت علیهم السلام ، ج 2 ، ص 67

 

သင်ခန်းစာများ

 

(၁)အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်မေတ္တာ ထား ဖြစ်လျှင် မြတ် အလ္လာဟ် အား ကျေးဇူး တင်ရပါမည်။

(၂) အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်မေတ္တာ ကိုယ်တိုင် လည်း ထားပြီး မိမိ၏ မိသားစု ဝင်များ ကို လည်း အချစ်မေတ္တာ ထား အောင် သွန်သင် ပေးရမည်။

(၃) အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်မေတ္တာ ထား ခြင်း သည် နှလုံးသား တစ်ခု တည်း ဖြင့် မလုံလောက်ချေ။ ကိုယ်ခန္ဓာ ဖြင့် ချစ်ကြောင်း (အဲဟ်လေ့ဘိုက်(အ.စ) ၏အမိန့်များကိုလက်တွေ့ နာခံခြင်း ဖြင့် ) သက်သေ ထူရမည်။ ပြီးနောက် နှုတ်ဖြင့် လည်း ဖွင့်ပြောရဲရမည်။

...................................................................

ဟဒီးစ်တော် (၂၀) ငတုံးငအဆုံးလူ

ဟဇရသ် အေမာမ် အလီ (علیه السّلام ) မိန့်တော် မူ၏။

«  ငတုံးငအ တကာ ငတုံးငအဆုံးလူဆိုသည်မှာ မိမိ ၏ ကြမ်းတမ်း သည့်စကား (ဆဲသည့် စကား၊ အောက်တန်းကျ သည့်စကား ) အပေါ် ဂုဏ် ယူသူ ဖြစ်ပါသည်။ »                                                     

ရည်ညွှန်း - میزان الحکمت ، ج 7 ، ح 15685

သင်ခန်းစာများ

(၁) သူတစ်ပါးအား ဆဲဆိုသူများ အောက်တန်းကျသည့်စကားပြောသူများ

(၂)ဆဲဆိုသူစော်ကားသူ အား မဆုံးမသည့် အပြင် ဆဲသူဘက်မှ ရပ်တည်ပေးသူများ

(၃)ဆဲသူအား နောက်ကွယ်မှ မြှောက်ပင့်ပေးသူများအထူးသတိရှိရမည် ဖြစ်ပါတယ်ဖ ။

 

မှတ်ချက် - အနာပေါ်တုတ်ကျအောင် ပြောမိခြင်း၊ အထောက်အထား နှင့်ပြောခြင်း သည်ဆဲဆိုခြင်း ၊စော်ကား ခြင်း ၊ အောက်တန်းကျခြင်း မဟုတ်ကြောင်း သေချာ ခွဲ၍ သိထားရန် လိုအပ်သည်။ တစ်ချို့ သည်အသက် သာကြီးသွား၍ ဤအရာများ ကို သေချာ မခွဲခြားတတ်သေချေ။

------------------------------------

 

ဟဒီးစ်တော် (၂၁) ဂုဏ်သိက္ခာ ကို ထိန်းသိမ်း ခြင်း

 

အေမာမ် ဂျအ်ဖရ် ဆွာဒစ်(က) (အ.စ) မိန့်တော် မူ၏။

« အကြင်မည်သူ မိုအ်မင် တစ်ဦး တစ်ယောက် နှင့် ပတ်သက် ပြီး ၎င်းမိုအ်မင် အား အပြစ်အနာ အဆာ ကို တင်ပြရန် ၎င်းမိုအ်မင် ၏ ဂုဏ်သိက္ခာ အား ပျက်စီးပြီးလူတွေ အကြား အထင်သေးသွား အောင် ပြုမည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ထိုသူအား မိမိ၏ ဝေလာယသ် မှ ထုတ်တော်မူ ပြီး ရှိုင်တွာန် ၏ ယေလာယသ် သို့ ပို့လိုက်လေသည်။ ရှိုင်တွာန်လည်း ၎င်း ကို လက်မခံချေ။  »

အထက်ပါ ဟဒီးစ်တော် အရ

မိုအ်မင် တစ်ဦး တစ်ယောက်၏

အေဇသ် (ခ) ဂုဏ်သိက္ခာအား

တိုက်ရိုက်ဖြစ်စေ

သွယ်ဝိုက်ဖြစ်စေ

ချနေသည့် ပို့စ်များ ကို

တင်နေသူများ

အားပေး အားမြှောက်ပြုနေသူများ

အထူးသတိပြုသင့်ပါတယ်။

အောက်ဖော်ပြပါ အာယသ်တော်လည်း နှလုံးသွင်းရပေမည်။

အလ္လာဟ်ဟိုအရှင်မြတ် သည် လူသိရှင်ကြား အသရေပျက်ခြင်း၊ မကောင်းပြောခြင်းကို မနှစ် သက် မနှစ်မြို့ တော်မူ ချေ။ သို့သော် အကြင်သူ တစ်ဦး တစ်ယောက်သည် အရက်စက် အညှဉ်းပန်းခံရလျှင် အရက်စက် အညှဉ်းပန်းခံထားရမှုနှင့်အညီ ပြောပိုင့်ခွင်ရှိပါသည်။ အသင်တို့ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အကြွင်းမဲ့ ကြားတော်မူသည့် အရှင်၊ အကြွင်းမဲ့ သိရှိတော် မှုသည့် အရှင်ဖြစ်ကြောင်း သတိရှိပါလေ။

စူရဟ် နေစာ ၊ အာယသ်တော် အမှတ် ၁၄၈

ယာအလ္လာဟ် .. ကျနော်မျိုးတို့အား မိုအ်မင် တစ်ဦးတစ်ယောက် ၏

သိက္ခာ ချခြင်း လုပ်ရပ်မှ ရှောင်နိုင်စွမ်း အပြည့်အဝ ပေးသနားတော်မူပါ ။

................................................

 

ဟဒီးစ်တော် (၂၂) အာလင်မ် သာသနာ့ပညာရှင်၏ တာဝတန်ဝတ္တရား

အေမာမ်မိုဟမ္မဒ် သကီ (အ.စ)မိန့်တော်မူ၏။

 

«  မည်သည့်အာလင်မ် မဆို လမ်းလွဲလမ်းချော်နေသူ ကို မဆိုဆုံးမမည်ဆိုလျှင် ပြီးနောက် သေဆုံး နေသည့် နှလုံးသားကိုပညာဖြင့် ရှင်သန်အောင် မပြုလုပ်မည်ဆိူလျှင် ထို (အာလင်မ်) အနေဖြင့် မိမိ ပညာ အပေါ်သစ္စာဖောက်ခြင်း အလွဲသုံးစား ပြုခြင်း မည်လေ၏။ »

ကျမ်းကိုး  -  بحارالانوار ، ج 78 ، ص 361

မှတ်ချက် - ယနေ့ မြင်တွေ့ နေသည်မှာ အလွန် ဝမ်းနည်း စရာ ၊ ရှက်စရာ မှာ မိမိကိုယ်တိုင် အာလင်မ် ဟု ညာသံပေးနေ သူအချို့ သည် လမ်းလွဲလမ်းချော် နေသူများကို မဆိုဆုံးမ သည့် အပြင်မြှောက်ပင့် ပေးနေကြပါသည်။

................

ဟဒီးစ်တော် (၂၃) ဝန်ကြီးအဖြစ် မတင်မြှောက်ရမည့် သူ

အေမာမ် အလီ (အ.စ) မိန့်တော်မူလေသည်။

« အို မာလစ်က် ကေအရှ်သရ် ... ပြီးခဲ့သည့် အတိတ် အစိုးရများလက်ထက်တွင် အလွဲ သုံးစားပြုဖူး သူများ အား ဝန်ကြီးများ အဖြစ် မတင်မြှောက်ပါလေနှင့်။  »

ကျမ်းကိုး  နဲဟ်ဂျိုလ်ဗလာဂါကျမ်း ၊စာချွန်တော် အမှတ် ၅၃

 

မှတ်ချက် - မိမိ ပတ်ဝန်းကျင်တွင် တာဝန်ခံ ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက်သည့်ခါ မောင်လာ (အ.စ) ၏ ဆုံးမစကားကို လိုက်နာကျင့်သုံးရပါမည်။

 ------------------------------------

ဟဒီးစ်တော် (၂၄) ရှီအဟ် ဆိုတာ ဘယ်သူလဲ ?

အေမာမ် ဟိုစိုင်းန် (အ.စ) မိန့်တော် မူသည် ။

 

« ဧကန် မုခု ထိုသူများသည် ရှီအဟ်များ ဖြစ်ကြပါသည်။၎င်းတို့၏ နှလုံးသား သည် ခယာနသ် (အလွဲသုံးစားပြုခြင်း) ၊လှည့်ဖျားခြင်း ၊ကလိမ် ကကျစ်ပြုခြင်းတို့ နှင့် သန့်စင်သူဖြစ်ပါသည်။  »

ရည်ညွန်း - ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၆၅ ၊ စာမျက်နှာ ၁၅၆

------------------------------------

ဟဒီးစ်တော် (၂၅)  လူတွေဘယ်ဘက် ယိုင်ကြပါသနည်း ?

ဟဇရသ် အေမာမ် အလီ (အ.စ) မိန့်တော်မူ၏။

«  လူတိုင်းသည် မိမိကဲ့သို့သူဘက်သာ ယိုင်ကြလေ၏။ »

ကျမ်းကိုး - غررالحکم حدیث 972

----------------------------------------------

ဟဒီးစ်တော် (၂၆) ရဂျဗ်လမြတ် တွင် ရိုဇဟ် ထားသူများ ၏ အကျိုး

မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော် မူ၏။

اِنَّ فِی الجَنّةِ قَصراً لایَدخُلُه اِلّا صُوّامُ رَجَب

 

« ဧကန် မုချ ဂျန္န်သ်သုခဘုံတွင် နန်းးတော် တစ်ဆောင် ရှိပါသည်။ ထိုနန်းဆောင် အတွင်း သို့ ရဂျဗ်လမြတ် တွင် ရိုဇဟ် ထားသူများ (ခ) ဥပုသ်စောင့်ထိန်းသူများ မှ အပ မည်သူမျှ ဝင်ရောက် နိုင်မည် မဟုတ်ချေ။  »

ا

ရှီအဟ် စွယ်စုံ ကျမ်း / အတွဲ ၈ / စာမျက်နှာ ၁၇၆

---------------------------------------

ဟဒီးစ်တော် (၂၇) မိုင်ယက်သ် အားကဖန် ဝတ်ပေးခြင်း (ကဖန်ထုတ်ပေးခြင်း)

မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။

« အကြင်မည်သူမဆိုသေသူအားကဖန် ဝတ်ပေးမည်ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ်သည် ၎င်းအား ဂျန္နသ် ၏ အဖိုးတန် ပိုးထည်များကို(အဝတ်များ)ဝတ်ဆင်ပေးပါမည်။ »

ကျမ်းကိုး - روضة الواعظین ، ص 372

...........................

ဟဒီးစ်တော် (၂၈) မဆ်ဂျစ်ဒ်(ဗလီ) ကို သန့်ရှင်းရေး ပြုပေးခြင်း ၏ ဆဝါးဗ်

မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော် မူ၏။

« အကြင်မည်ူမဆို ကြာသပတေး နေ့ သို့မဟုတ် ကြာသပတေးည တွင် မဆ်ဂျစ်ဒ် တွင် မြင်တွေ့ရသည့်နေရာ အထိ တမြက်စည်း လှည်းမည်ဆိုလျင် ထိုနေရာမှ မြေကြီး (အမှိုက် ၊ ဖုန့် .... ) ရှင်းပေး မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း အား ခွင့်လွတ် ပလပ်တော် မူမည် ။ »

 

ကျမ်းကိုး - ဆဝါးဗ် ဗိုလ်အအ်မါလ်ကျမ်း / စာမျက်နှာ ၃၈

---------------------------------------

ဟဒီးစ်တော် (၂၉) မုန်လာဥနီ ၏ အစွမ်း

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

« မုန်လာဥနီ ကိုစားသုံးပါ။ ဤ (မုန်လာဥနီ ) သည် လိပ်ခေါင်း ရောဂါ နှင့် အူလမ်းကြောင်း ရောဂါ အတွက် အသုံးဝင်ပါသည်။ (အကျိုးရှိပါသည်။ )   »

ရည်ညွှန်း - အူစူလေ ကာဖီ ကျမ်း

------------------------ 

ဟဒီးစ်တော် (၃၀) မတ်စ်ဂျစ်ဒ် စဲဟ်လဟ် ၏ ကြီးကျယ် မြင့်မြတ်မှု

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ)

« အကြင်မည်သူ မဆို မတ်စ်ဂျစ်ဒ် စဲဟ်လဟ် တွင် ၂ ရကတ်သ် နမာဇ် ဝတ်ပြုမည်ဆို လျှင် အလ္လာဟ် ဟို အရှင်မြတ်သခင်သည် ၎င်း ၏ အသက်အား နှစ်နှစ် ထပ်၍ ရှည်စေပေမည်။  »

ကျမ်းကိုး صحیفه مهدیه - مرتضی مجبتبی سیستانی

-----------------------------------

ဟဒီးစ်တော် (၃၁) အာလင်မ် ဆိုသည်မှာ မည်သူ ဖြစ်ပါသနည်း ?

«  အေမာမ် အလီ (အ.စ) ထံ မေးမြန်းလျှောက်ထားသည်မှာ - အာလင်မ် ဆိုသည်မှာ မည်သူ ဖြစ်ပါသနည်း ? ထိုအခါ အေမာမ် (အ.စ) မှ အဖြေပေးမိန့်ကြားလေ၏။ ဟရာမ်များ ကို ရှောင်ကြဥ် သူသည် အာလင်မ် ဖြစ်ပါသည်။  »

ရည်ညွှန်း - تجلیات حکمت ، ص129

ရှင်းလင်းချက် အကျဥ်း

(၁) အာလင်မ် မဖြစ်ခင် ဂိုနာယေကဘီရဟ် များ ဆဂီရဟ်များ ကို နားလည်ဖို့ သိဖို့ လိုပါတယ်။ သိပြီး လျှင် လက်တွေ့ ရှောင်ကြဉ်မှ အာလင်မ် ဖြစ်ပါမည်။

(၂)အာယာသ်သေ အဲဟ်ကာမ်များ ကို နားလည်သူ ဖြစ်ရပါမည် ။

(၃) အခုခေတ်ကြီး က ဟရာမ် နဲ့ ဟလာလ်တောင် သေချာ ခွဲခြား ပြီး မသိကြတော့ အာလင်မ် အစစ်များ ကို သိဖို့ဆိုတာတော့ အတော် ကို စဉ်းစားစရာ နှင့် စိုးရိမ် စရာဖြစ်ပါတယ်။

.......................................

ဟဒီးစ်တော် (၃၂) ပြစားသူများ အတွက် ဂျန္နသ် ဟရာမ် ဖြစ် ကြောင်း  

ဟဇရသ် ရစူလ်လေခိုဒါ (ဆွ) မိန့်တော် မူ၏။

« ဧကန်မုချ အလ္လာဟ်ဟို အရှင်မြတ် သည် ရှိသမျှ ပြစားသူများ အားလုံး အပေါ် ဂျန္နသ်(သုခဘုံ) အားဟရာမ် ပြုထားမူသည် ။  »

ရည်ညွှန်း - نهج الفصاحه . ص 173

 

သင်ခန်းစာများ

(၁)အလ္လာဟ်ဟို အက္က်ဘဲရ် ကျနော်တို့ ၏ လုပ်ရပ်တိုင်း ပြစားမှုမဖြစ်အောင် ဂရုပြုရပါမည်။

(၂)ကျနော်တို့၏ နီယသ် သန့်ရှင်း မှသာလျှင် ပြစားမှုနဲ့ကင်းမည် ဖြစ်ပါတယ်။

ယာအလ္လာဟ် ... ကျနော်မျိုး တို့ အား ပြစားမှုတိုင်း ကို သိနိုင်သည့် အသိ နှင့် ။ ရှောင်နိုင်သည့် စွမ်းအား ချီးမြှင့် ပေးသနားတော်မူပါ ။

-------------------------------

ဟဒီးစ်တော် (၃၃) လူယုတ်မာ များ ဆိုသည်မှာ

တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူ၏။

 

« (လူယုတ်မာဆိုသူများမှာ ) ကုန်းတိုက်ကုန်းချော ၊စကား အပေးအယူ ပြုကြ သူများ ဖြစ်ပါသည်။ »

 

ကျမ်းကိုး-  بحارالانوار ،ج 75 ، ص212

-----------------------------

ဟဒီးစ်တော် (၃၄) မိုအ်မင်ကို ဒုက္ခပေးသူများ

အမီးရိုလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူသည်။

 

« မိုအ်မင် ကို ဒုက္ခ မပေးပါနှင့် အကြောင်းမှာ သင်၏ ကောင်းမူ များသည် သစ်ပင်မှ သစ်ခေါက် အခွာ ခံရသကဲ့သို့ ရုပ်သိမ်း ခံရမည် ဖြစ်ပါသည်။ »

 

ရည်ညွှန်း - သဂျလီယားသ်သေ ဟေက်မသ် ။ စာမျက်နှာ ၆၄ ၊ အမှတ် ၁၆

 

ရှင်းလင်းချက် အကျဥ်း

 

(၁)မိုအ်မင် ဆိုသည် မှာ သောင်ဟီးဒ် ၊ အဒဲလ် ၊ နဘူဝသ် ၊ အေမာမ်မသ် ၊ ယေယာမသ် ကို အီမာန်သက်ဝင်ယုံကြည်ထားသူကို ခေါ်ဆိုပါတယ်။

(၂)မိုအ်မင် ၏ အဆင့်များ ရှိပါတယ်။

(၃)ဟဒီးစ်တော် အရ သာမန် မိုအ်မင် တစ်ဦးလည်း ပါဝင်ပါတယ်။

(၄)ဒါကြောင့် မိုအ်မင် တစ်ဦးအား ဒုက္ခပေးလျှင် ၎င်း ၏ ကောင်းမူများ ဟာ

သစ်ပင် မှ သစ်ခေါက် အခွာ ခံရသကဲ့သို့ ရုပ်သိမ်း ခံရမည် ဆိုလျှင်

(၅)မိုအ်မင် လည်း ဖြစ် အာလင်မ်လည်း ဖြစ်

(၆) မိုအ်မင်လည်း ဖြစ် သိက္ခာ ရှိသူလည်း ဖြစ်

(၇) မိုအ်မင်လည်း ဖြစ် သွာလေဘေအေလ်မ် လည်းဖြစ်

(၈)မိုအ်မင်လည်း ဖြစ် အသက်ကြီး ဝါရင့်သူလည်း ဖြစ်

(၉)မိုအ်မင် လည်း ဖြစ် အမေတစ်ဦး လည်း ဖြစ်

(၁၀)မိုအ်မင် လည်း ဖြစ် သမီး တစ်ဦး လည်း ဖြစ်

(၁၁) မိုအ်မင်တစ်ဦးလည်း ဖြစ် စသည်ဖြင့်သူ

တစ်ဦး အား ညစ်ညစ်ပတ်ပတ်ဆဲသူများ၊ အောက်လုံးထိုးသူများစွပ်စွဲသူများအပုတ်လိုက်ချသူများ

စောင်းမြောင်း သူများ အတင်းပြောသူများဤလုပ်ရပ် ကို မတားမဆုံးမဘဲ အားပေး အားမြှောက် ပြုနေသူများ၏ အ‌ခြေအနေသည် မြတ် အလ္လာဟ် သာလျှင် အသိဆုံး ဖြစ်ပေမည် ...

ဟေဒယသ် ရယူနိုင်ကြပြီး ...စစ်မှန်သည့် သောင်ဗဟ် ပြုနိုင်ကြပါစေ ...

.....................................................

 

ဟဒီးစ်တော် (၃၅)

«   »

 

 

ဟဒီးစ်တော် (၃၆)

«   »

 

 

ဟဒီးစ်တော် (၃၇) ယဥ်ကျေး သိမ်မွေ့ ခြင်း သည် အကောင်း တကာအကောင်းဆုံး အမွေဖြစ်ကြောင်း

ဟဇရသ် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူ၏။

«  ဧကန်မုချ မိဘ နှစ်ပါး ဘက်မှ သားသမီးများ အတွက် အကောင်းတကာ အကောင်းဆုံး အမွေဆိုသည်မှာ ယဥ်ကျေး သိမ်မွေ့ အောင် သွန်သင်ဆုံးမ ပေးခြင်း ဖြစ်ပါသည်။ စည်းစိမ်ဥစ္စာ မဟုတ်ချေ။ အကြောင်း သည် ကား စည်းစိမ် ဥစ္စာ သည် ကုန်ဆုံးသွားမည့် အရာများ ဖြစ်ပါသည်။ သို့သော် ယဥ်ကျေး သိမ်မွေ့ ခြင်းသည် ထာဝရ ရှိနေမည်အရာ ဖြစ်ပါသည်။ »

ကျမ်းကိုး - الکافی / ج 15 / ص 361

..........................................

ဟဒီးစ်တော် (၃၈) လိမ်လည်လှည့်ဖျား ခြင်း

ဟဇရသ်အလီ(အ.စ) မိန့် တော်မူ၏။

« လိမ်လည် လှည့်စားခြင်း ကို ရှောင်ကြဉ်ပါလေ။ ဤလိမ်လည် လှည့်ဖျားခြင်းသည် နိမ့်ကျသည် စိတ်နေစိတ်ထား ရှိသူများ၏ အကျင့်စရိုက် (စိတ်ဓာတ်မကောင်းသူများ ၏ အကျင့်စရိုက်) ဖြစ်ပေသည်။  »

ကျမ်းကိုး - الکافی ( ط- الاسلامیة ) ، ج 8 ، ص24

 

မှတ်ချက် ။ ။ အတွင်းတစ်မျိုး အပြင်တစ်မျိုး ဆက်ဆံသူများ  အရှေ့ တစ်မျိုး ကွယ်ရာတစ်မျိုး ဆက်ဆံတတ်သူများအထူး သတိပြုရမည် ဖြစ်ပါတယ်။

--------------------------------

ဟဒီးစ်တော် (၃၉)

အေမာမ် မဲဟ်ဒီ (အ.စ) မိန့်တော်မူ၏။

 

«   ကျွန်ုပ် သည် နောက်ဆုံး အောင်ဆီယာ ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ကျွန်ုပ်ကို အကြောင်း ပြုပြီး ကျွန်ုပ်၏ မိသားစုဝင်များ ရှီအဟ် များ ၏ ဘေးဥပဒ် ကို ဖယ်ရှားပေးတော်မူသည်။ »

 

ကျမ်းကိုး  -  بحارالانوار 

-------------------------------------

ဟဒီးစ်တော် (၄၀) ဟက်(ခ)အမှန်တရား ၏ အာနိသင်သက်ရောက်မူ

အေမာမ်ဟိုစိုင်းန် (အ.စ) မိန့်တော် မူ၏။

« အကြင်မည်သူမဆို ဟရာမ် ပစ္စည်းဥစ္စာ ကို စားသုံးမည် ဆိုလျင် ၎င်းသူအပေါ် ဟက်(ခ)အမှန်တရား ၏ အာနိသင်သက်ရောက်မူသည် မရှိတော့ချေ။  »

ကျမ်းကိုး - ခွသ်ဗဟ် အေမာမ် ဟိုစိုင်းန် (အ.စ) မှ

သင်ခန်းစာများ

(၁)ဒါကြောင့် ကျနော် ပတ်ဝန်းကျင်မှာ မတရား လုပ်တာတွေ များနေလဲ ဟရာမ် စားတာများတော့ ကိုယ်နဲ့မဆိုင်သလို ထိုင်ကြည့်နေကြတာပေါ့ ။

(၂)ဟရာမ် ပစ္စည်းဆို တရားတော်က တားမြစ်ထားသည့် ပစ္စည်းဥစ္စား မှန်သမျှ ဖြစ်တယ်။ ဥပမာ အား ဖြင့် ခိုးရာတဲ့ ပစ္စည်း ဇကားသ်ထိုက်လျင်မထုတ်သည် ပစ္စည်း ။ ခွမ်းစ် ထိုက်လျက် မထုတ်သည့်ငွေများ မတရား ကျူးကျော် ထားသည့် မြေများငွေများ စသည်ဖြင့် တို့ ဖြစ်ပါတယ်။

…………………………………………………………………..

END / 251