အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃၀ အောက်တိုဘာ ၂၀၁၆

၁၄:၃၉:၃၆
788771

အကြမ်းဖက် ဝဟာဘီ အဖွဲ့ တစ်ခု ဖြစ်သည့် Lashkar-e-Jhangvi မှ အဇါဒါရီ ပြုနေသူများ ကို တိုက်ခိုက် / ၁၁ဦး (ရှဟီးဒ်+ ဒဏ်ရာ) + ဓာတ်ပုံ

မဟော်ရမ်လ၏ နောက်ဆုံး ရက်တွင် အကြမ်းဖက် ဝဟာဘီ အဖွဲ့ဝင်များ အနေဖြင့် ပါကစ္စတန် နိုင်ငံ ကရာချီးမြို့ ရှိ နာဇင်းမ်အါဗါဒ် ရပ်ကွပ် ရှိ ရှီအာ မွတ်စလင်မ် ၏ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ်ဟိုစိုင်း (အ.စ) အတွက်ပြုလုပ်နေသည့် မဂ်ျလစ် တစ်ခု ကို လူမဆန်စွာ အကြင်အနာမဲ့စွာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ၅ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။




မဟော်ရမ်လ၏ နောက်ဆုံး ရက်တွင် လက်နက်ကိုင် အကြမ်းဖက် ဝဟာဘီ အဖွဲ့ဝင်များ အနေဖြင့် ပါကစ္စတန် နိုင်ငံ ကရာချီးမြို့ ရှိ နာဇင်းမ်အါဗါဒ် ရပ်ကွပ် ရှိ ရှီအာ မွတ်စလင်မ် ၏ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ်ဟိုစိုင်း (အ.စ) အတွက်ပြုလုပ်နေသည့် မဂ်ျလစ် တစ်ခု ကို လူမဆန်စွာ အကြင်အနာမဲ့စွာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ၅ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။


ပါကစ္စတန် နိုင်ငံ ကရာချီးမြို့  ရှဟီးဒ် အဘာစ်စီ အမည်ရှိ ဆေးရုံး တာဝန်ခံများမှ တစ်ဦး ဖြစ်သူ (ဆဖရ်ရဂျူသ် ) ၏ ပြောပြချက်အရ ဤတိုက်ခိုက်မှု တွင် ၆ဦး ဒဏ်ရာရခဲ့ပြီး  သေဆုံးသူ ၅ ဦး တွင် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း သတင်းရသိရှိ ခဲ့ရပါတယ်။ ၎င်းမှဆက်လက်ပြီး တိုက်ခိုက်သူများ အနေဖြင့် တိုက်ခိုက်ပြီး ထွက်ပြေး သွားကြကြောင်း ပြောပြပါတယ်။


တိုက်ခိုက်သူများမှာ မဟော်ရမ်လ၏ နောက်ဆုံး ရက်တွင် မော်တော်ဆိုင်ကိုင်များ စီးနင်းလာပြီး မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ်ဟိုစိုင်း (အ.စ) အတွက် မဂ်ျလစ် ကျင်းပနေသည့်သူများကို ပစ်ခတ်ပြီး အလျင်အမြန် ထွက်ပြေး သွားကြောင်း သိရှိရပါတယ်။


ပါကစ္စတန်နီ သတင်းဌာနများ၏ သတင်းထုတ်ပြန်ချက်အရ မဂ်ျလစ် သည် အမျိုးသမီးမဂ်ျလစ် ဖြစ်ပြီး အမျိုးသားများ အနေဖြင့်  မဂ်ျလစ် ကျင်းပသည့် အဝင်ပေါက်တွေရပ်ပေးနေကြကြောင်း ၊ အကြမ်းဖက်သမားများ မှ  ရပ်စောင့်ပေး နေသည့်အမျိုးသားများ ကို ပစ်ခတ်ခဲ့ကြောင်း ၊မျက်မြင်သေများ အရ မဂ်ျလစ်ကျင်း ပသည့်နေရာ တွင် လုံခြုံရေး တပ်သားများ မှ တစ်ဦး တစ်ယောက်မျှ မရှိကြောင်း ဖြစ်ပါ တယ်။


ပါကစ္စတန် ရှိ အဗ်နာ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သေဆုံး ရှဟီးဒ် ဖြစ်သွား သူ ၄ဦးမှာ ဆွေမျိုးတော်စပ်နေကြပြီး ၊  တစ်ဦးမှ သားဖြစ်ပြီး နှစ်ဦးမှာ ယောက်ဖများ ဖြစ်ကြကြောင်း သိရှိရပါတယ်။
ဤလူမဆန်သည့် တိုက်ခိုက် မှု ကို  စွန်နီ မွတ်စလင်မ် အမည်ခံ Lashkar-e-Jhangvi (လက်ရှ်ကရ်ရေ ဂျန်ကဝီး ) ဝဟာဘီ အစွန်းရောက်အဖွဲ့ မှ တာဝန်ယူ ဝန်ခံခဲ့ပါတယ်။


Lashkar-e-Jhangvi (လက်ရှ်ကရ်ရေ ဂျန်ကဝီး ) ဝဟာဘီ အစွန်းရောက်အဖွဲ့ သည် ပါကစ္စတန် နိုင်ငံ တွင် ရှီအာ မွတ်စလင်မ်များ ကို လူမဆန်စွာ သတ်ဖြတ်နေသည့် အဓိက ပင်မ အဖွဲ့ များ မှ တစ်ဖွဲ့ ဖြစ်ပါတယ်။
မူရာဒ်အလီ ရှား ဆင်းဒ် ပြည်နယ် ဝန်ကြီး နှင့် မိုဟမ္မဒ် နဝါဇ်ရှရီဖ် ဝန်းကြီးချုပ်တို့ မှ ကိုယ်စီ ကိုယ်စီ  မိမိတို့၏   ပြောကြားမှုများတွင်  ဤလုပ်ရပ်ကို ပြစ်တင် ရှုတ်ချ ခဲ့ကြပါတယ်။


ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ တွင်လည်း မော်တော်ဆိုင်ကယ်စီးနင်းသူ အကြမ်းဖက် ၂ဦး မှ လက်လုပ်ဗုံး တစ်လုံးကို ကရာချီးမြို့ လေယာကသ်အါဗါဒ် ရပ်ကွက် ရှိ ရှီအာဗလီ အတွင်းသို့ ပစ်ထည့် ခဲ့ပါတယ်။ ထိုဗုံးကြောင့် ၁၃ နှစ်သား လူငယ် တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ကလေးနှင့်အမျိုးသမီးပါအပါ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။


ကုလသမ္မဂ အနေဖြင့် ပါကစ္စတန် နိုင်ငံ အတွင်း ရှီအာ မွတ်စလင်မ်များ အသတ်အဖြတ် ခံနေရမှု ၊အတိုက်အခိုက်ခံနေရမှု အတွက် ပြစ်တင် ရှုတ်ချခဲ့ပြီး ချက်ချင်း တရားဥပဒေ အရ တရားခံများ ကို အရေး ယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။


လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ မှ လည်း ပါကစ္စတန် နိုင်ငံ ရှိ လူနည်းစု ရှီအာမွတ်စလင်မ် များ အပေါ် တိုက်ခိုက်နေမှု အတွက် ပြစ်တင် ရှုတ်ချ ခဲ့ပြီး ပါကစ္စတန် အစိုးရ ကို အကြမ်းဖက်အဖွဲ့များ နှင့်ရင်ဆိုင်ရန် မေတ္တာ ရပ်ခံ ဖိတ်ခေါ် ခဲ့ပါတယ်။


ပါကစ္စတန် ရှီအာမွတ်စလင်မ်များ အနေဖြင့် ဤကဲ့သို့ လူမဆန်စွာ ၊ယောက်ကျား မပီသစွာ တိုက်ခိုက်မှုများ သပိတ်မှောက်ဆန္ဒပြ ခဲ့ကြပြီး အစိုးရထံ မိမိတို့ လုံခြုံရေး အတွက် အလေးအနက် တောင်းဆို ခဲ့ပါတယ်။

=========================

251/End