အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الحسین علیه السلام :
لا تَقولَنَّ فى اَخيكَ المُؤْمِنِ اِذا تَوارى عَنْكَ اِلاّ ما تُحِبُّ اَنْ يَقولَ فيكَاِذا تَوارَيْتَ عَنْهُ.
အေမာမ် ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« သင်၏ မိုအ်မင်ညီအစ်ကိုသည် သင်ရှေ့မှာ မရှိသောအခါ၊ သူ့အကြောင်းကို သင် မျက်ကွယ်ဖြစ်နေချိန် (သင်မရှိသည့်အချိန်) တွင် သူက သင့်အကြောင်း ပြောစေချင်သော စကားမျိုးကိုသာ ပြောပါ။»
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈ ၊ စာမျက်နှာ ၁၂၇
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ဤဟဒီးစ်တော် ဟာ လူမှုဆက်ဆံရေးနဲ့ ကိုယ်ကျင့်တရား အတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပေးနေတာဖြစ်ပါတယ်။ လူတစ်ယောက် မရှိတဲ့ အချိန်မှာ သူ့အကြောင်း မကောင်းပြောခြင်း (နောက်ကွယ်ပြောခြင်း ၊ အတင်းပြောခြင်း ) ကို ရှောင်ကြဉ်ရန် သင်ကြား ပေးနေတာဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ မျက်နှာချင်းဆိုင် မပြောနိုင်တဲ့ စကားမျိုးကို နောက်ကွယ်မှာ လည်း မပြောသင့်ကြောင်း သင်ကြားပေးနေတာဖြစ်ပါတယ်။ တခြားသူကို လေးစားမှု၊ ယုံကြည်မှု တည်ဆောက်ဖို့ အခြေခံသဘောတရားတစ်ခုကို ပြောကြားနေတာဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ ကိုယ် မကြိုက်တဲ့အရာကို တခြားသူအပေါ် မလုပ်ပါနှင့် ဆိုတဲ့ သင်ခန်းစာကို ပို့ချထားတာဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment