-
အရေးကြီး သတင်းများထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ် / ခရစ်မာဖီ
အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ခရစ်မာဖီက သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းနှင့် ယှဉ်နိုင်သည့် အခြားသမ္မတမရှိကြ…
နောက်ဆုံးရသတင်းများ
-
ဝန်ဆောင်မှုထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ် / ခရစ်မာဖီ
အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ခရစ်မာဖီက သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းနှင့် ယှဉ်နိုင်သည့် အခြားသမ္မတမရှိကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
-
ဝန်ဆောင်မှုအဏုမြူဗုံးထုတ်လုပ်ရေးသည် အီရန်အတွက် ကစားစရာတစ်ခုလို လွယ်ကူကြောင်း ဂျဝါဒ် လာရီဂျာနီပြောကြား
အီရန် နိုင်ငံရေးအရာရှိ လည်းဖြစ် သင်္ချာပညာရှင် တစ်ပါးလည်း ဖြစ်သည့် မိုဟမ္မဒ် ဂျဝါဒ် လာရီဂျာနီက အဏုမြူဗုံးထုတ်လုပ်နိုင်စွမ်းသည် အီရန်အတွက် အခက်အခဲမရှိကြောင်း ပြောကြားခဲ့ပြီး နျူကလီးယားလုပ်ငန်းနယ်ပယ်တွင် ပါကစ္စတန်၊ အိန္ဒိယနှင့် အစ္စရေးတို့ထက်ပင် ရှေ့ရောက်နေကြောင်း ဂုဏ်ယူ ပြောဆိုခဲ့ပါတယ်။
-
ဝန်ဆောင်မှုတော်လှန်ရေးခေါင်းဆောင်ကြီး ၏ အဆင့်မြင့်စစ်ဘက်ကွပ်ကဲရေးမှူးများအား အရေးကြီးညွှန်ကြားချက်များ
အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး (ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ) သည် အဆင့်မြင့်စစ်ဘက်ကွပ်ကဲရေးမှူးများ နှင့် တွေ့ဆုံစဉ် ရန်သူ၏ ခြိမ်းခြောက်မှုတိုင်းကို ချက်ချင်းတုံ့ပြန်ရန်နှင့် ပထဝီဝင်နယ်နိမိတ် ကန့်သတ်ချက်မရှိဘဲ တုံ့ပြန်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။
-
ဝန်ဆောင်မှုအစ္စလာမ်နှင့် ခရစ်ယာန် အမျိုးသမီးသုတေသီများ ပူးတွဲစာအုပ်ထုတ်ဝေ
အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင် အမျိုးသမီးသုတေသီ ၇ ဦး ပူးပေါင်းရေးသားထားသည့် «မြင့်မြတ်သော ပဋိညာဉ်၊ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတွင် မိသားစုကျင့်ဝတ်ဆိုင်ရာ လေ့လာချက်များ» (A Sacred Covenant: Essays on Family Ethics in Islam and Christianity) စာအုပ်ကို ထုတ်ဝေခဲ့ပြီး အမေရိကန်၊ ဥရောပနှင့် ဩစတြေးလျနိုင်ငံတို့၏ စာအုပ်ဈေးကွက်များသို့ ဖြန့်ချိခဲ့ပါတယ်။
-
ဝန်ဆောင်မှုအီရန်နှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်မှုပမာဏ ၆၆ ရာခိုင်နှုန်း မြင့်တက်လာ
အီရန်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးက ယခုအီရန်နှစ်၏ ပထမခြောက်လတာကာလအတွင်း အီရန်နှင့် တောင်အာဖရိကနိုင်ငံတို့အကြား ကုန်သွယ်ဖလှယ်မှုတန်ဖိုးသည် ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဝန်ဆောင်မှုအီရန် စစ်သေနာပတိချုပ်က လက်နက်ကိုင်တပ်ဖွဲ့များအား နယ်မြေကန့်သတ်ချက်မရှိ တုံ့ပြန်ရန် အမိန့်ထုတ်ပြန်
အဗ်နာ ။ ။ အီရန်နိုင်ငံ၏ စစ်သေနာပတိချုပ် (ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ) သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အဆင့်မြင့်တပ်မှူးများအား မည်သည့်အဆင့်အတန်းနှင့် ပုံစံမျိုးရှိသော ခြိမ်းခြောက်မှုကိုမဆို ပထဝီဝင်နယ်မြေ ကန့်သတ်ချက်မရှိဘဲ ချက်ချင်းလက်ငင်းနှင့် ထိရောက်ပြင်းထန်စွာ တုံ့ပြန်ရင်ဆိုင်သွားရန် အမိန့်ညွှန်ကြားထားကြောင်း သိရပါတယ်။
-
ဝန်ဆောင်မှုအီရတ်မျိုးနွယ်စုခေါင်းဆောင်များကို မရှ်ဟဒ်မြို့ရှိ ရှဟီးဒ် ဟာရှီမီနေဂျာဒ် လေဆိပ်တွင် ကြိုဆို ။ ။ Photos
အဗ်နာ ။ ။ အီရတ်မျိုးနွယ်စုခေါင်းဆောင်များအား ကြိုဆိုသည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ညတွင် အီရန်နိုင်ငံ၊ မရှ်ဟဒ်မြို့ရှိ ရှဟီးဒ် ဟာရှီမီနေဂျာဒ် လေဆိပ်၌ ကျင်းပခဲ့ပါတယ်။ဤအခမ်းအနားသို့ ကွဒ်စ် ရဇဝီ ဂေါပကအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မွတ်စ်သဖွာ ဖိုင်ဇီး ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂိုလာန်မ် ဟိုစိုင်းန် မိုဇဖာရီ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် အေမာမ် ရေဇာ (အ.စ) ၏ ရောင်ခြည်တော်ဆောင်တွင် တာဝန်ထမ်းဆောင်နေသူများ တက်ရောက်ခဲ့ကြပါတယ်။
-
ဝန်ဆောင်မှုအဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန် ကမ္ဘာ့ချန်ပီယံဖြစ်လာ၊ အိုလံပစ်ချန်ပီယံကို ဗိုလ်လုပွဲတွင် အပြတ်အသတ် အနိုင်ယူ
အီရန်နပန်းသမား အဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန် သည် ကမ္ဘာ့ချန်ပီယံနှင့် အိုလံပစ်ချန်ပီယံ ရုရှားနပန်းသမား ဇော်အာ အိုဂူယက်ဗ်ကို ဗိုလ်လုပွဲတွင် ၉-၂ မှတ်ဖြင့် အပြတ်အသတ် အနိုင်ယူကာ ၆၁ ကီလိုဂရမ်တန်း အလွတ်တန်းနပန်းပြိုင်ပွဲ၏ ကမ္ဘာ့ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့အပြင် အိုဂူယက်ဗ်၏ ဗိုလ်လုပွဲများတွင် ရှုံးပွဲမရှိသည့် စံချိန်ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။
-
ဝန်ဆောင်မှုအီရန်ကို ခြိမ်းခြောက်နေမှုများ ရပ်တန့်ရန် အမေရိကန်နှင့် အစ္စရေးကို အိုမန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ က ဒေသတွင်း၌ နောက်ထပ် စစ်ရေး အသစ်တစ်ခုခု ပြုလုပ်လာပါက ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး ပါရှန်ပင်လယ်ကွေ့၏ လုံခြုံရေးတာဝန်ကို ဒေသတွင်းနိုင်ငံများက ကိုယ်တိုင်တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဝန်ဆောင်မှုဥရောပ ဗဟိုဘဏ် ဥက္ကဋ္ဌ ခရစ္စတင်း လာဂါ့ဒ် သက်တမ်းမကုန်ဆုံးမီ ရာထူးမှ နုတ်ထွက်မည်
ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ခရစ္စတင်း လာဂါ့ဒ် သည် ၎င်း၏ ရာထူးသက်တမ်းမကုန်ဆုံးမီ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ကြေညာခဲ့ပါတယ်။ ယင်းဆုံးဖြတ်ချက်သည် ငွေကြေးမူဝါဒဆိုင်ရာ ကိစ္စရပ်များအပြင် အခြားသော ကမ္ဘာ့ရေးရာများကိုပါ ပိုမိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။