၁၅ ဇူလိုင် ၂၀၂၅ - ၁၂:၂၉
အီရန်အပေါ် ရန်လိုမှုမှန်သမျှကို တုံ့ပြန်မှုသည် ယခင်ကထက် ပိုမိုပြင်းထန် မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရ်ရဟီးမ် မူစဝီ ပြောကြား

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ရန်သူ၏ တိုက်ခိုက်လာမှု တိုင်းကို ချေမှုန်းရန် သန္နိဋ္ဌာန်ချကာ လက်တွေ့ ကျကျ အပြည့်အဝပြင်ဆင်ထားပြီး ဖြစ်ကြောင်း အီရန်စစ်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရ် ရဟီးမ် မူစဝီ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန်စစ်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရ် ရဟီးမ် မူစဝီ က ရန်သူက နောက်တစ်ကြိမ် အမှားလုပ်မိပါက ကျွန်ုပ်တို့၏ စစ်သည်များသည် အပြည့်အဝ အသင့်ပြင် ထားပြီး ယခင်ထက် ပိုမိုပြင်းထန်စွာ အဖြေပေး တုံ့ပြန်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ လေတပ်ဌာနချုပ်သို့ ၎င်း၏ ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး မူစဝီ သည် လေတပ်၏ အာဇာနည်များ အထူးသဖြင့် ကျဆုံးခဲ့သော ဗိုလ်ချုပ်ကြီး အမီးရ်အလီ ဟာဂျီ ဇါဒဟ် အား ဂုဏ်ပြုသောအားဖြင့် ဂါရဝပြုခဲ့ပါတယ်။

ရှဟီးဒ် ဗိုလ်ချုပ်ကြီး အမီးရ်အလီ ဟာဂျီ ဇါဒဟ် က အီရန်၏ ဒုံးကျည်နှင့် ဒရုန်းစွမ်းအားကို အမြင့်ဆုံးသို့ ယူဆောင်လာခဲ့ကြောင်း သူ၏ဝန်ဆောင်မှုများသည် အနာဂတ်မျိုးဆက်များအတွက် မီးရှူးတန်ဆောင်ဖြစ် ကြောင်း ဗိုလ်ချုပ်ကြီး မူစဝီက ပြောကြား ခဲ့ပါတယ်။

အီရန်စစ်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရ် ရဟီးမ် မူစဝီ က IRGC လေတပ်အား ဂုဏ်ယူစရာ တပ်ဖွဲ့တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး မကြာသေးမီက ၁၂ ရက်ကြာစစ်ပွဲတွင် ဤတပ်ဖွဲ့မှပြသခဲ့ သည့်စွမ်းဆောင်ရည် သည် ယခင်က အဓိကစစ်ဆင်ရေးများထက် ပိုမိုအရေးကြီးပြီး ထိရောက်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha