အီရန်နိုင်ငံ
-
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ စီမံခန့်ခွဲရေးမှူးများ နှင့် ဝန်ထမ်းများအား အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ မိန့်ခွန်းပြောကြား ။ ။ Photos
အဗ်နာ ။ ။ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ သည် ဇူလိုင်လ ၁၄ ရက်နေ့ အင်္ဂါနေ့ ၂၀၂၆ခုနှစ် နံနက်ပိုင်းတွင် အဖွဲ့ချုပ် ၏ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် စီမံခန့်ခွဲရေးမှူးများနှင့် ဝန်ထမ်းများအား မိန့်ခွန်းပြောကြားခဲ့ပါတယ်။
-
ရဲဟ်ဗရ်ရှဟီးဒ် အင်န်ကေလာဗ် အစ္စလာမ်မီ အား အောက်မေ့ဖွယ်အခမ်းအနားကို တီဟီရန်မြို့ မိုဆွာလာ ခန်းမ၌ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ဇူလိုင်လ ၁၄ ရက်နေ့ အင်္ဂါနေ့ ၂၀၂၆ခုနှစ် ညနေပိုင်းတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ ဖိတ်ကြားချက်ဖြင့် ရဲဟ်ဗရ်ရှဟီးဒ် အင်န်ကေလာဗ် အစ္စလာမ်မီ အား အောက်မေ့ဂုဏ်ပြုအခမ်းအနားကို တီဟီရန်မြို့ရှိ မိုဆွာလာ ၏ အဓိက ခန်းမတွင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ စစ်ဘက်နှင့် အစိုးရအရာရှိများအပြင် တီဟီရန်မြို့သူ ၊ မြို့သားများ လည်း ကျယ်ကျယ်ပြန့်ပြန့် တက်ရောက်ခဲ့ကြပါတယ်။
-
တီဟီရန်ရှိ ဗြိတိန်သံအမတ်အား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်
ဗြိတိန်အစိုးရက အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) အပေါ် ရန်လိုသည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် တီဟီရန်ရှိ ဗြိတိန်သံအမတ်အား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပါတယ်။
-
ဘရာဇီးလ်က အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ကြေညာ၊ ထရမ့်ကို “ပင်လယ် ဓားပြ” ဟု သတ်မှတ်
ဘရာဇီးလ်သမ္မတ လူးလစ် အီနာစီယို လူလာ ဒါ ဆီလ်ဗာက ၎င်း၏နိုင်ငံအနေဖြင့် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုကို လက်မခံကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများအပေါ် အမေရိကန်က ကောက်ခံမည့် အခကြေးငွေမှာ ပင်လယ်ဓားပြလုပ်ရပ်နှင့် တူညီကြောင်း ပြောကြားခဲ့ပါတယ်။
-
ရှဟီးဒ် တော်လှန်ရေးခေါင်းဆောင်၏ ဂူဗိမာန်တော်သို့ ဝမ်းနည်းပူဆွေးသူများ လာရောက်ဖူးမြော် ။ ။ Photos
အဗ်နာ ။ ။ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် ၎င်း၏ မိသားစုဝင် ရှဟီးဒ်များ၏ ဈာပနအခမ်းအနားကို အေမာမ် ရေဇာ (အ.စ) ၏ မြင့်မြတ်သော ရွှေဗိမာန်တော်ရှိ ဒါရိုဇ်ဇိက်ရ် ခန်းမ၌ ကျင်းပပြီးနောက်၊ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရက် သောကြာနေ့ ညနေပိုင်းမှစ၍ ဝမ်းနည်းပူဆွေးသူများအား ဂူဗိမာန်တော်များ သို့ ဝင်ရောက်ဖူးမြော်ခွင့် ပြုခဲ့ပါတယ်။ ထို့နောက် “အီရန်၏ ရှဟီးဒ်ခေါင်းဆောင်ကြီး ” ကို ချစ်မြတ်နိုးသူ အများအပြားသည် ရှဟီးဒ် တော်လှန်ရေးခေါင်းဆောင်ကြီး ၏ ဂူဗိမာန် တော်သို့ လာရောက်ဖူးမြော်လျက်ရှိကြပါတယ်။
-
အီရန်သံရုံး၏ ကြိုးပမ်းမှုဖြင့် ယူအေအီးတွင် ဖမ်းဆီးခံထားရသည့် ငါးဖမ်းသမား ၅၅ ဦး လွတ်မြောက်
ယူနိုက်တက်အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံ ထားရသော အီရန်နိုင်ငံသား ငါးဖမ်းသမား ၅၅ ဦးသည် အဘူဒါဘီရှိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သံရုံးနှင့် ဒူဘိုင်းရှိ ကောင်စစ်ဝန်ရုံးတို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ ကြောင်း သိရပါတယ်။
-
ရှဟီးဒ် တော်လှန်ရေးခေါင်းဆောင်ကြီး အား အေမာမ် ရေဇာ (အ.စ)၏ ရွှေဗိမာန်တော်၌ ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်း အနားကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အစ္စလာမ်တော်လှန်ရေး အမြင့်ဆုံးခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ စီစဉ်မှုဖြင့် ရှဟီးဒ် တော်လှန်ရေးခေါင်းဆောင်အား ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက် သောကြာညတွင် အေမာမ် ရေဇာ (အ.စ) ၏ မြင့်မြတ်သော ရွှေဗိမာန်တော်ရှိ ပရမ်ဘာရ် အာဇမ်(ဆွ) ရင်ပြင်၌ ဇေယာရသ်ပြု ဧည့်သည်များနှင့် ဒေသခံ ယုံကြည်သူများ တက်ရောက်ကာ ကျင်းပခဲ့ပါတယ်။
-
ဂျော်ဒန်ပြည်သူများထံ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ သဝဏ်လွှာ
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် (IRGC) သည် ဂျော်ဒန်ပြည်သူများထံ ရည်ညွှန်းသည့် ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
-
«တစ္ဆေခေါင်းဆောင်» ဟူသော ဝေဖန်ချက်များ နှင့် ဆယက်ဒ် မွတ်ဂျ်သဗါခါမေနာအီ ၏ အနာဂတ်အခန်းကဏ္ဍ / အီရန်ဘက်က ထုတ်ဖော်ပြောဆိုချက်များ
အီရန်၏ အာဏာအဆင့်မြင့် ဘာသာရေးခေါင်းဆောင် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီနှင့် ပတ်သက်၍ ပြည်ပမီဒီယာအချို့တွင် ထွက်ပေါ်နေသော ခန့်မှန်းချက်များနှင့် သံသယများကို အီရန်ဘက်က ပယ်ချလျက်ရှိပါတယ်။ အချို့သော ဝေဖန်ချက်များသည် နိုင်ငံရေးဖိအားပေးမှု၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး၊ ခေါင်းဆောင်၏ လုံခြုံရေးအခြေအနေကြောင့် လူမြင်ကွင်းမှ ခဏတာဝေးကွာနေခြင်းသာ ဖြစ်ကြောင်း အီရန်ဘက်မှ ဆိုထားပါတယ်။
-
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီကြေညာချက်
« မွတ်စလင်တို့၏ ကြီးမြတ်သော ခေါင်းဆောင်ကြီး၏ ရှဟာဒသ် သည် အီရန်ပြည်သူများနှင့် အစ္စလာမ်အွန်မသ် ၏ နိုးကြားထမြောက်မှု (ဗေအ်စသ်သေအွန်မသ်) ၏ အစဖြစ်ခဲ့ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးသည့် လူသန်း ပေါင်းများစွာ၏ သမိုင်းဝင် နှုတ်ဆက်ပို့ဆောင်မှုသည် အွန်မသ် ၏ အင်အားနှင့် အာဏာရှင် နိုင်ငံများကို ဆန့်ကျင် တိုက်ပွဲ ဝင်ရန် သန္နိဋ္ဌာန်ကို ဖော်ပြနေပါတယ်။ »
-
အမျိုးသားအိမ်ရာစီမံကိန်းမှ နေအိမ် ၁၈၈,၀၀၀ ခန့်ကို မိသားစုများထံ လွှဲပြောင်းပေးအပ်
အမျိုးသားအိမ်ရာစီမံကိန်းစတင်အကောင်အထည်ဖော်ခဲ့ချိန်မှစ၍ Bank Maskan (အိမ်ရာဘဏ်) သည် ဆောက်လုပ် ရေး လုပ်ငန်းရှင်များအား တိုမန် ၁၅၃ ထောင်ဘီလျံကျော် ချေးငွေထုတ်ပေးခဲ့ပြီး အိမ်ရာယူနစ် ၁၈၈,၀၀၀ ခန့်ကို မိသားစုများထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
-
သန့်ရှင်းမြင့်မြတ်သော တော်လှန်ရေးခေါင်းဆောင်ကြီး အာဇာနည် ၏ ရုပ်ကလာပ်တော်အား မရှ်ဟဒ်မြို့တွင် ဈာပနပို့ဆောင်ခြင်း (၂) ။ ။ Photos
အဗ်နာ ။ ။ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ တော်လှန်ရေးကို ထောက်ခံသော ပြည်သူ သန်းပေါင်းများ စွာတို့ ၏ ကြီးမားခမ်းနားပြီး စိတ်အားထက်သန်စွာ ပါဝင်မှုဖြင့် အာဇာနည် တော်လှန်ရေးခေါင်းဆောင်ကြီး နှင့် ၎င်း၏ မိသားစုဝင်များ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော် ဈာပနအခမ်းအနားကို မြင့်မြတ်သော မရှ်ဟဒ်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
-
မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ က အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနအခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ပြည်သူများ နှင့် တာဝန်ထမ်းဆောင်သူများအား ဂုဏ်ပြုချီးကျူး
မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ (မဂျ်လစ်စေခိုဘ်ရ်ဂန်နေရဲဟ်ဗရီ) က အာဇာနည် တော်လှန်ရေး ခေါင်းဆောင်ကြီး ၏ သမိုင်းဝင် ဈာပနအခမ်းအနားတွင် ပြည်သူများ၏ အင်တိုက်အားတိုက် ပါဝင်တက်ရောက်မှု သည် အမျိုးသားစည်းလုံးညီညွတ်ရေး၊ ဝေလာယသ် အပေါ် သစ္စာစောင့်သိမှုနှင့် ခိုင်မာစွာ ရပ်တည်မည့် သန္နိဋ္ဌာန် တို့ကို ကမ္ဘာသို့ ထင်ရှားစွာ ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
မြို့တော် မရှ်ဟဒ်တွင် အာဇာနည်ခေါင်းဆောင်အတွက် " ရှာမေ ဂရီးဘာန် " ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ မိမိတို့၏ စိတ်ဆန္ဒအလျောက် စည်းလုံးညီညွတ်စွာဖြင့် ယခင်က မရှိဖူးသည့် ထူးခြားသော အစီအစဉ်တစ်ရပ်အဖြစ်၊ အာရှူရာ၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသည့် အနေဖြင့် တော်လှန်ရေး၏ အာဇာနည်ခေါင်းဆောင်အား ဝမ်းနည်းအောက်မေ့ကြသော ပြည်သူများနှင့် အဇာဒါရီပြုလုပ်သူများသည် အေမာမ် ရေဇာ (အ.စ) ၏ သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော် ပတ်ဝန်းကျင်တွင် စုဝေးကာ ထို မိုဂျာဟစ်ဒ် အေမာမ်ကြီး (ရ.ဟ) အတွက် " ရှာမေ ဂရီးဘာန် "အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
-
အစ္စလာမ်မစ် တော်လှန်ရေး၏ အာဇာနည်ခေါင်းဆောင်ကြီးအား ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို ဟဇရသ် မအ်စူမဟ်(စ.အ) ၏ ရွှေရောင်ဗိမာန်တော်၌ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ လက်ရှိ အစ္စလာမ်မစ် တော်လှန်ရေး၏ အမြင့်မြတ်ဆုံး ခေါင်းဆောင်ကြီး နှင့် အစ္စလာမ်အွန်မသ် ၏ အာဇာနည်ခေါင်းဆောင် ကြီး အား ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို လက်ရှိ အမြင့်မြတ်ဆုံး ခေါင်းဆောင်ကြီး၏ စီစဉ်မှုဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက် (သောကြာနေ့) ညပိုင်းတွင် ဟဇရသ် မအ်စူမဟ်(စ.အ)၏ ရွှေရောင်ဗိမာန်တော်ရှိ အေမာမ် ခိုမေနီ ဝတ်ပြု ဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ မရ်ဂျအ်ကြီးများ၊ အစ္စလာမ်ပညာရှင်ကြီး များ၊ ဟောင်ဇေအေလ်မီယေ နယ်ပယ်မှ ထင်ရှားသော ပုဂ္ဂိုလ်များ၊ တာဝန်ရှိအရာရှိများနှင့် ပြည်သူလူထု အလွှာအသီးသီးမှ လူအများအပြား တက်ရောက်ခဲ့ ကြပါတယ်။ အေမာမ်ခိုမေနီ ၏ မြေးငယ် H.I ဆယက်ဒ် အလီ ခိုမေနီ မှ တရား ဟောကြား ခဲ့ပါတယ်။
-
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီးတို့ မတ်စ်ကတ်တွင် တွေ့ဆုံဆွေးနွေး
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီချီ သည် ယနေ့ (စနေနေ့) နံနက်ပိုင်းတွင် ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သော ကိစ္စရပ်များကို အိုမန် အာဏာပိုင်များ နှင့် ဆွေးနွေးရန် အိုမန်နိုင်ငံ၏ မြို့တော် မတ်စ်ကတ်သို့ ရောက်ရှိခဲ့ပြီး၊ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
-
နှလုံးသားရှိသူတိုင်းကို ရင်ကွဲစေသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ စျာပနအခမ်းအနားမှ မြင်ကွင်း ။ ။ Photos
အဗ်နာ ။ ။ နှလုံးသားရှိသူတိုင်းကို ဝမ်းနည်းကြေကွဲစေသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ စျာပနအခမ်းအနားမှ မှတ်တမ်းတင်ထားသော မြင်ကွင်းတစ်ခုဖြစ်သည်။ အဆိုပါဓာတ်ပုံတွင် အာဇာနည်ခေါင်းဆောင်ကြီး၏ မြေးမလေးအား လသားအရွယ် ကလေးငယ်လေးက နောက်ဆုံးအကြိမ် နှုတ်ဆက်နေသည့် ကြည်နူးဝမ်းနည်းဖွယ် မြင်ကွင်းကို တွေ့မြင်ရတာဖြစ်ပါတယ်။
-
အေမာမ် ရှဟီးဒ်၏ ဈာပနအခမ်းအနားတွင် ဟောင်ဇေအေလ်မီယေ ဌာနများ၏ ဝန်ဆောင်ပေးမှု ။ ။ video
အဗ်နာ ။ ။ အာယာသွလ္လာဟ် စအာဒသ် ပရ်ဝရ် ၏ အကျင့်စာရိတ္တနှင့် နာမ်ပိုင်း ရေးရာ အထူးပြုဗဟိုဌာနသည် အေမာမ် ရှဟီးဒ်၏ ဈာပနအခမ်းအနားကျင်းပသည့်နေ့တွင် အီရန်နိုင်ငံ၏ ကြီးမြတ်သောပြည်သူလူထုနှင့်အတူ ပါဝင်ကာ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) အား ဂုဏ်ပြုကျေးဇူးဆပ်ခဲ့ကြပါတယ်။ အဆိုပါဗဟိုဌာနသည် ဈာပန လှည့်လည်ပို့ ဆောင် သည့် လမ်းကြောင်းတစ်လျှောက်တွင် ယာယီတဲ တစ်ခု ဖွင့်လှစ်၍ တက်ရောက်လာသော စျာပန လိုက်ပို့ သူ ဧည့်သည်များနှင့် ပြည်သူများအား အမျိုးမျိုးသော ဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြပါတယ်။
-
ရှဟီးဒ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ရုပ်ကလာပ်တော်ကို အေမာမ် ရေဇာ(အ.စ.) ဂူဗိမာန်အနီး ရဝါ့ခ် ဒါရိုဇ်ဇိက်ရ်တွင် ဒဖ်နာ
အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ (ရ.ဟ) ၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော်ကို စျာပန အခမ်းအနားနှင့် ဂျနာဇဟ်နမာဇ် ဝတ်ပြုမှုများ အပြီးတွင် အေမာမ် ရေဇာ(အ.စ.) ၏ သန့်ရှင်းသော ဂူဗိမာန်တော်အနီးရှိ ရဝါ့ခ် ဒါရိုဇ်ဇိက်ရ်၌ ဒဖ်နာခဲ့ကြောင်း သိရပါတယ်။
-
နေတိုး (NATO) သည် ဒေသလုံခြုံရေးအတွက် လမ်းညွှန်ဆုံးဖြတ်ပေးရန် အရည်အချင်းမရှိဟု တူရကီ နိုင်ငံဆိုင်ရာ အီရန်သံရုံး ပြောကြား
တူရကီနိုင်ငံဆိုင်ရာ အီရန်သံရုံးက အန်ကာရာတွင် ကျင်းပခဲ့သည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေး၏ ကြေညာချက်ကို တုံ့ပြန်ရာတွင် အဆိုပါ မဟာမိတ်အဖွဲ့သည် ဒေသလုံခြုံရေးအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန် အရည်အချင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
-
အမေရိကန်၏ ထုတ်ပြန်ချက်များ သဘောတူညီချက်ချိုးဖောက်မှု၏ သက်သေဟု အီရတ်က်ကျီ ပြောကြား
အီရန်နိုင်ငံခြားရေးဝန်ကြီး က ပါကစ္စတန်တပ်မတော်အကြီးအကဲနှင့် စကားပြောဆိုမှုတွင် အမေရိကန်၏ တိုက်ခိုက်မှုများ ကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စလာမာဘတ် နားလည်မှုစာချွန်လွှာကို ချိုးဖောက်ကြောင်း အမေရိကန် က ဝန်ခံခြင်း နှင့် ယင်းအပေါ် လျစ်လျူရှုခြင်းသည် ဝါရှင်တန်၏ ကတိကဝတ်ချိုးဖောက်မှုနှင့် ရန်လိုသော မူဝါဒများကို ရှင်းရှင်းလင်းလင်း ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။
-
အစ္စရေး Channel 14 မှ ကွတ်ဒ်စ် တပ်ဖွဲ့က "ယဂန်မုခ်သာ" အမည်ဖြင့် ယူနစ်သစ် ဖွဲ့စည်းထားသည်ဟုဆို
အစ္စရေး Channel 14 သတင်းဌာနက အီရန် ကွတ်ဒ်စ် တပ်ဖွဲ့ သည် "ယဂန်မုခ်သာ" အမည်ဖြင့် အထူး ယူနစ်အသစ် တစ်ခုကို ဖွဲ့စည်းထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အမေရိကန် စစ်ဘက် ခေါင်းဆောင် အချို့ ကို ပစ်မှတ်ထားရန် ဆောင်ရွက်နေသည်ဟု ဖော်ပြခဲ့ထားပါတယ်။ သို့သော် ယင်းအဆိုကို လွတ်လပ်သော သတင်းရင်းမြစ်များ သို့မဟုတ် အီရန်အာဏာပိုင်များက အတည်ပြုထားခြင်း မရှိသေးပါ။
-
အာဇာနည်ခေါင်းဆောင်ကြီး၏ မရှ်ဟဒ်မြို့ စျာပနအခမ်းအနားသို့ တက်ရောက်ရန် ရှိတ်ခ် အီဗရာဟီးမ် ဇက်ဇာကီ ရောက်ရှိ ။ ။ Photos
အဗ်နာ။ အာဇာနည်ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ.) ၏ မရှ်ဟဒ်မြို့တွင် ကျင်းပမည့် စျာပနအခမ်းအနားသို့ တက်ရောက်နိုင်ရန် နိုင်ဂျီးရီးယား ရှီအဟ်ခေါင်းဆောင် ရှိတ်ခ် အီဗရာဟီးမ် ဇက်ဇာကီ နှင့် ဇနီးဖြစ်သူတို့သည် ယနေ့ ဇူလိုင်လ (၉) ရက်နေ့တွင် မရှ်ဟဒ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ရှိတ်ခ် ဇက်ဇာကီနှင့် ဇနီးဖြစ်သူသည် အာဇာနည်ခေါင်းဆောင်ကြီးအား နောက်ဆုံးဂါရဝပြုရန်နှင့် စျာပနအခမ်းအနားတွင် ပါဝင်တက်ရောက်ရန် အီရန်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီး ၏ ရုပ်ကလာပ်တော်အား ၎င်း၏ သားအကြီးမှ ဂျနာဇဟ်နမာဇ် ဦးဆောင် ဝတ်ပြု ပေး
အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်ကြီး အာဇာနည်၏ သားအကြီးဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် မွတ်စ်သဖွာ ခါမေနာအီ မှ မိမိ ဖခင် ၏ ဂျနာဇဟ်နမာဇ်ကို ဦးဆောင်ဝတ်ပြုပေးခဲ့ပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီး နှင့် မိသားစုဝင်များ ၏ ရုပ်ကလာပ်တော်များ မရှ်ဟဒ် မြို့ သို့ရောက်ရှိ ။ ။ video
အဗ်နာ ။ ။ အီရန်ရုပ်မြင်သံကြားဌာန (IRIB )၏အစီရင်ခံစာအရအာဇာနည် ခေါင်းဆောင်ကြီး ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ နှင့် ၎င်း၏ မိသားစုဝင်များ၏ ရုပ်ကလာပ် တော်များ သည် ဇူလိုင်လ ၉ ရက်နေ့ ၂၀၂၆ ခုနှစ် ဒေသစံတော်ချိန် ၁၁ နာရီကျော်ကျော် တွင် မရှ်ဟဒ်မြို့ရှိ ရှဟီးဒ် ဟာရှေမီ နေဂျာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာပြီး ဖြစ်ပါတယ်။
-
မရှ်ဟဒ်မြို့သို့ မရောက်မီ အာဇာနည်ခေါင်းဆောင်ကြီး၏ ရုပ်ကလာပ်တော် တင် လေယာဉ်ကို အီရန် တပ်မတော် တိုက်လေယာဉ်များဂုဏ်ပြုလိုက်ပါပို့ဆောင် ။ ။ video
အဗ်နာ ။ ။ အစ္စလာမ်မစ်တော်လှန်ရေး၏ခေါင်းဆောင်ကြီး အာဇာနည် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ နှင့် ၎င်း၏ မိသားစုဝင်များအား ရုပ်အလောင်းများကို သယ်ဆောင်လာသည့် လေယာဉ်သည် မရှ်ဟဒ်မြို့ရှိ ရှဟီးဒ် ဟာရှေမီ နေဂျာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မရောက်မီ မိနစ်အနည်းငယ်အလိုတွင် အီရန်တပ်မတော်၏ တိုက်လေယာဉ်များက ဂုဏ်ပြုအကာအကွယ်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ပြီး အဆိုပါမြင်ကွင်းသည် အာဇာနည်များအပေါ် လေးစားဂုဏ်ပြုမှုကို ထင်ဟပ်စေခဲ့ပါတယ်။
-
ဂျန်မ်ကရာန် သန့်ရှင်းမြတ်သော ဗလီဝတ်ကျောင်းတော် တွင် အာဇာနည်ခေါင်းဆောင်ကြီး အတွက် နမာဇ်ဇေ ဂျနာဇဟ် ဝတ်ပြု ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အာဇာနည်ခေါင်းဆောင်ကြီး ၏ ရုပ်ကလာပ်တော် အတွက် နမာဇ်ဇေ ဂျနာဇဟ် ဝတ်ပြု အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် လူထုအလွှာအသီးသီးမှ ပြည်သူများ တက်ရောက်ပါဝင်မှုဖြင့် ဂျန်မ်ကရာန် သန့်ရှင်းမြတ်သော ဗလီဝတ်ကျောင်းတော် တွင် ကျင်းပခဲ့ပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီး ၏ စျာပန အခမ်းအနား (၃) / ကွမ်း ။ ။ Photos
အဗ်နာ ။ ။ အာဇာနည် ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ နှင့် ၎င်း၏ မိသားစုဝင်များအား စျာပန အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ ၂၀၂၆ ခုနှစ် တွင်ကွမ်းမြို့ တွင် ကျင်းပခဲ့ပါတယ်။ လူသန်းပေါင်းများစွာ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီး ၏ စျာပန အခမ်းအနား (၂) / ကွမ်း ။ ။ Photos
အဗ်နာ ။ ။ အာဇာနည် ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ နှင့် ၎င်း၏ မိသားစုဝင်များအား စျာပန အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ ၂၀၂၆ ခုနှစ် တွင်ကွမ်းမြို့ တွင် ကျင်းပခဲ့ပါတယ်။ လူသန်းပေါင်းများစွာ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီးကို အီရန်ပြည်သူများ မည်မျှ ချစ်ခင်ကြောင်း ပြသသည့် သက်သေ ။ ။ video
အဗ်နာ။ ။ အာဇာနည်ခေါင်းဆောင်ကြီးကို အီရန်ပြည်သူများ မည်မျှ ချစ်ခင်လေးစားကြောင်း ပြသသည့် သက်သေအဖြစ် ဤဗီဒီယိုကို ကြည့်နိုင်ပါသည်။ အသက်အရွယ် မည်မျှကြီးစွာနေပါစေ၊ လမ်းလျှောက်ရန် မည်မျှ ခက်ခဲနေပါစေ၊ မိမိ၏ ခေါင်းဆောင်၏ နောက်ဆုံး စျာပနအခမ်းအနားကို တက်ရောက်ရန် အလေးအနက်ထား လာရောက်ခဲ့ပါတယ်။