အီရန်နိုင်ငံ
-
ရန်သူ ၏ မကောင်းမှုတိုင်းကို အင်အားနဲ့ တုံ့ပြန်မယ်လို့ ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က ပြောကြား
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က ရန်သူ၏ လှုပ်ရှားမှုတိုင်း ကို အနီးကပ် စောင့်ကြည့် နေပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရန်လိုမှုတွေကို အင်အားနှင့် တုံ့ပြန်သွား မယ်လို့ ပြောကြားခဲ့ပါတယ်။
-
အီရန်တွင် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်အား နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ပြင်းပြင်း ထန်ထန် ငြင်းဆို
အီရန်နိုင်ငံရှိ မြို့အသီးသီးတွင် ကောင်းကင်ယံ၌ အဖြူရောင်မျဉ်းကြောင်းများ ပေါ်လာပြီးနောက် ဒုံးကျည် စမ်းသပ်မှုများ ကောလာဟလများ ပျံ့နှံ့သွားခဲ့သော်လည်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ယင်းဖြစ်ရပ်ကို ငြင်းဆို ခဲ့ပါတယ်။
-
လူနေမှုပုံစံ၊ ရှီအဟ်များ၏ အခြေအနေကို နားလည်ခြင်း နှင့် ဘာသာပြန်ဆိုခြင်းဆိုင်ရာ မဂျ်မအ် သုတေသန လုပ်ငန်း ၏ ရလဒ် ၅၀ ကို ပြသခြင်း (၁) ။ ။ Photos
အဗ်နာ ။ ။ လူနေမှုပုံစံ၊ ရှီအဟ်များ၏ အခြေအနေကို နားလည်ခြင်း နှင့် ဘာသာပြန်ဆိုခြင်းဆိုင်ရာ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) သုတေသနလုပ်ငန်း ၏ ရလဒ် ၅၀ ကို ပြသခြင်း ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ ၂၀၂၅ ခုနှစ် တွင် ကွမ်းမြို့ရှိ မဂျ်မအ် ၏ ခန်းမ တွင် ပြုလုပ်ခဲ့ပါတယ်။ သုတေသနလုပ်ငန်း ၏ ရလဒ် ၅၀ မှာ ဘာသာစကား ပေါင်း ၈ ခု နှင့် ဖြစ်ပြီး ဤနယ်ပယ်ရှိ ထိပ်တန်း သုတေသီများကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။
-
အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ အပေါ် အစ္စရေး မှ အလွန်တရာ စိုးရိမ် ကြောက်ရွံ့
သတင်းထူး - IRAN Uurdu သတင်းစာမျက်နှာ ၏ အစီရင်ခံစာအရ အီရန် နှင့် အစ္စရေး ၁၂ ရက်ကြာစစ်ပွဲမတိုင်မီက အစ္စရေးထောက်လှမ်းရေးတပ်ဖွဲ့များသည် အီရန် သည် နျူကလီးယားလက်နက်အမျိုးအစားအသစ်တစ်ခုကို တီထွင်နေကြောင်း စိုးရိမ်ဖွယ်ရာလက္ခဏာများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ၎င်းမှာ ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံမှ မတီထွင်ရသေးသော သန့်စင်သော ပေါင်းစပ်မှုအပေါ် အခြေခံသည့် စတုတ္ထမျိုးဆက် နျူ ကလီးယားဗုံး ဖြစ်ကြောင်း သိရပါတယ်။
-
မီဒီယာ နှင့် အတွေးအခေါ်တပ်ဦး သည် ယနေ့ခေတ်၏ အကြီးမားဆုံးတိုက်ပွဲဖြစ် ကြောင်း အာယာသွလ္လာဟ် ဆယက်ဒ် စအီဒီ မိန့်ကြား
ကွမ်းမြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ က လက်ရှိ ခေတ်တွင် ရန်သူကို တိုက်ခိုက်ရာတွင် အရေးကြီးဆုံးတပ်ဦးသည် မီဒီယာနှင့် ဉာဏ်ရည်ဉာဏ်သွေးစစ်ပွဲဖြစ်ပြီး စိတ်နှင့်နှလုံးသားများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဤနယ်ပယ်တွင် တိတ်ဆိတ်စွာကြည့်ရှုနေရန် ခွင့်မပြုကြောင်းမိန့်ကြားခဲ့ပါတယ်။
-
အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုအသစ်များ၊ သင်္ဘော ၂၉ စင်း ပါဝင်
အမေရိကန်ဘဏ္ဍာရေးဌာနသည် အီရန်အပေါ် ပိတ်ဆို့မှုများ၏ အတိုင်းအတာကို တိုးချဲ့ခဲ့ပြီး ရေနံထွက်ကုန်များ တင်ဆောင်လာသော သင်္ဘော ၂၉ စင်းအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ပါတယ်။
-
အီရန် တွင် မော့ဆက် သူလျှို အား ကွပ်မျက်
သိပ္ပံဆိုင်ရာလှုပ်ရှားမှုများဟုဆိုကာ နိုင်ငံ၏ အရေးကြီး သောစစ်ရေးစင်တာများကို သူလျှိုလုပ်ခဲ့သော ဇီယွန်ဝါဒီထောက်လှမ်းရေးဌာနမှ အေးဂျင့် တစ်ဦးဖြစ် သူ အကီးလ် ကေရှာဝရ်ဇ် ကို ယနေ့နံနက်တွင် ကြိုးပေး ကွပ်မျက် ခဲ့ကြောင်း သိရပါတယ်။
-
ကွမ်းမြို့တော် ရှိ မတ်စ်ဂျစ်ဒ် အအ်ဇန်းမ် တွင် ဟဇရသ် အာယာသွလ္လာဟ် ဂိုလ်ဗိုင်းဂါနီ (ရ.ဟ) အတွက် နှစ်ပတ်လည် မဂျ်လစ် ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဂျ် ဆယက်ဒ် မိုဟမ္မဒ် ရေဇာ မူစဝီ ဂိုလ်ဗိုင်းဂါနီ (ရ.ဟ) အလ္လာဟ့် အမိန့်ခံယူသည့် ၃၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် မဂျ်လစ် တစ်ခု အား အီရန်နိုင်ငံ ၏ သာသနာ့ ရွှေမြို့တော် ကွမ်း ရှိ ဟဇရသ် ဖွာတွေမဟ် မအ်စူမအ် (စ.အ) ၏ရောင်ဇာတော် ပရဝဏ် အတွင်း ရှိ မတ်စ်ဂျစ်ဒ် အအ်ဇန်းမ် တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ အင်္ဂါနေ့ ၂၀၂၅ ခုနှစ် တွင် ပြုလုပ်ခဲ့ပါတယ်။ အိုလမာ ၊ သာသနာ့ကျောင်းသားများ နှင့် အလွှာအစုံမှ မိုအ်မင်များ တက်ရောက်နေရာယူခဲ့ကြပါတယ်။
-
အီရန် ရေတပ် သည် နိုင်ငံတော် ကာကွယ်ရေး ၏ အဓိကအချက်ဖြစ်
အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံတပ်မတော် ၏ မဟာဗျူဟာရေတပ်၏ ဒုတိယနိုင်ငံရေးအရာရှိ ဗိုလ်မှူး ကြီး ရေဇာ မဲဟ်မွတ်ဒ် ပူးရ် က ခုခံကာကွယ်ရေးတပ်ဦးကို ထောက်ပံ့ခြင်းနှင့် ဇီယွန်ဝါဒီအစိုးရနှင့် အနောက် နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် ရေတပ်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြား ခဲ့ပါတယ်။
-
မော်စကိုမြို့ရှိအီရန်သံရုံး၏ အိမ်ရာအစုအဝေးအား ရှဟီးဒ်အမီးရ်အဗ်ဒွလ္လာဟ်ဟီရန်း(န)အစွဲပြု၍ အမည်ပေး ခြင်းနှင့် ဖွင့်လှစ်ပေးခြင်း အခမ်းအနား ကျင်းပ။ ။ video
အဗ်နာ ။ ။ မော်စကိုမြို့ရှိ အီရန်သံရုံး ၏ အိမ်ရာအစုအဝေး အား ရှဟီးဒ် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး (ဟောင်း) ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) အစွဲပြု၍ အမည်ပေးခြင်း နှင့် အောက်မေ့ဖွယ်သင်္ကေတ ဖွင့်လှစ်ပေးခြင်း အခမ်းအနား ကို အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ ဖွင့်လှစ် ကျင်းပပေးခဲ့ပါတယ်။
-
အီရန်သည် NPT အရ မိမိ ၏တရားဝင်နျူကလီးယားအခွင့် အရေးများကို စွန့်လွှတ်မည်မဟုတ် ကြောင်း အီရန် နိုင်ငံ ခြားရေးဝန်ကြီး ပြောကြား
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အီရန် သည် နျူကလီးယားမပြန့်ပွားရေးစာချုပ် (NPT) အရ မိမိ ၏တရားဝင်အခွင့်အရေးများကို ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောင်ဟာခွာန်များ ကစီဒဟ်ခွာန်များ သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောင်ဟာခွာန်များ ကစီဒဟ်ခွာန်များ သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တီဟီရန် မြို့ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ်ဘာရာ တွင် သခင်မကြီး ဇဲဟ်ရာ (စ.အ) မွေးနေ့ ရက်မြတ် အထိမ်းအမှတ် အဖြစ် တွေ့ဆုံခဲ့ကြပါတယ်။
-
သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ၏ ရောင်ဇာတော် တွင် ရောင်ဇာတော် ၏ ဝန်ထမ်းသူ များ မှ ခွသ်ဗဟ်ခွာနီ ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ၏ ရောင်ဇာတော် တွင် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ(စ.အ) မွေးနေ့ ရက်မြတ်မင်္ဂလာ အထိမ်းအမှတ် နှင့် အမျိုးသမီးနေ့ အဖြစ် ရောင်ဇာတော် ၏ ဝန်ထမ်းသူ များ မှ ခွသ်ဗဟ် ခွာနီ ပြုလုပ်ခဲ့ကြပါတယ်။
-
အီရန်နည်းပြ ဖွာတွေမဟ် ရှရီးဖ် အား ပါကစ္စတန်အမျိုးသမီး ဖူဆယ်အသင်း ၏ အဓိကနည်းပြအဖြစ် ခန့်အပ်
ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ် (PFF) မှ ကြေညာချက်တစ်စောင်တွင် အီရန်နည်းပြ ဖွာတွေမဟ် ရှရီးဖ် အား ပါကစ္စတန်အမျိုးသမီးဖူဆယ်အသင်း၏ အဓိကနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဖွာတွေမဟ် ရှရီးဖ် နိုဂါဘီသည် အမျိုးသမီးဖူဆယ်တွင် နိုင်ငံတကာအတွေ့အကြုံများစွာရှိသူဖြစ်ပါတယ်။
-
အီရန်နိုင်ငံ ဟာမီဒန်ပြည်နယ်ရှိ တာရစ်ဒါရက် ကုန်းမြင့်ဒေသတွင် နှင်းများကျ ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ဟာမီဒန်ပြည်နယ်တွင် အေးသောရာသီဥတု၊ နှင်းကျခြင်းနှင့် ဆောင်းဦးရာသီမိုးရွာသွန်းမှုတို့ကြောင့် ဟာမီဒန်ပြည်နယ်ရှိ တာရစ်ဒါရက် ကုန်းမြင့်ဒေသသည် အဖြူ ရောင်နှင်းများ ဖြင့် ဖုံးလွှမ်းသွားပြီး ဖြစ်ပါတယ်။ Photos Credit - Tasnim
-
ရှားဟ်ကြေရာဂ် (အ.စ) ရောင်ဇာတော် မြတ်တွင် ဘီဘီဖွာတွေမဟ် (စ.အ) သခင်မကြီး မွေးနေ့အခမ်းအနားအား အမျိုးသမီးများ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အီရန် နိုင်ငံ ရှီးရာဇ် မြို့ ရှိ အဲဟ်မဒ် ဘင်န် မးစာ ရှားဟ်ကြေရာဂ် (အ.စ) ရောင်ဇာတော် မြတ်တွင် ဘီဘီဖွာတွေမဟ် (စ.အ) သခင်မကြီး မွေးနေ့အခမ်းအနား ကို အမျိုးသမီးများ ကျင်းပနေသည့် ပုံရိပ်များ ဖြစ် ပါတယ်။
-
အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် တွင် အမျိုးသမီးနေ့ ၏ ကြည်နူးဖွယ် မြင်ကွင်းများ ။ ။ video
အဗ်နာ ။ ။ အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် တွင် ရောင်ဇာတော်၏ ဝန်ထမ်းများ မှ သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ အထိမ်းအမှတ် အဖြစ် ဇေယာရသ် လာပြုသူအမျိုးသားများ အား မိမိတို့၏ ဇနီးသည်များအား အမျိုးသမီးနေ့ လက်ဆောင် အဖြစ် နှင်းဆီ ပန်း များ ပေးခိုင်းနေသည့် ကြည်နူးဖွယ် မြင်ကွင်းများ ဖြစ်ပါတယ်။ အီရန် နိုင်ငံတွင် သခင်မကြီးမွေးနေ့အား အမေနေ့ နှင့် အမျိုးသမီးနေ့ အဖြစ် ကျင်းပပြီး သားသမီးများက အမေများကို၊ ယောက်ကျားများက မိမိတို့၏ ဇနီးများကို လက်ဆောင်များ ပေးကြကြောင်း တင်ပြ အပ်ပါတယ်။ video Credit - Irannews Ur
-
အီရန် သည် စ၍ စစ်တိုက်မည် မဟုတ်မိမိကို တိုက်လာလျင်လည်း အပြည့်အဝ တုံ့ပြန်မည် / နုဇရ်နေအ်မသ်သီ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ မြေပြင်တပ်ဖွဲ့များ (ကြည်းတပ် )၏ ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး နုဇရ်နေအ်မသ်သီ က အီရန်သည် မည်သည့်နိုင်ငံကိုမျှ စစ်စတိုက်မည် မဟုတ် ကြောင်းနှင့် မိမိတို့ ၏ ကာကွယ် ရေးမူဝါဒသည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးမူများအပေါ် အခြေခံထားကြောင်း ပြောကြားခဲ့ပါတယ်။
-
သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ၏ ရောင်ဇာတော် တွင် တက္ကသိုလ် ကျောင်းသားစုံ တွဲ ၇၃၀ ၏ စုပေါင်း မင်္ဂလာ ပွဲကျင်းပ ။ ။ Photos
အဗ်နာ ။ ။ သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ၏ ရောင်ဇာတော် တွင် ဒီဇင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ တွင် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ(စ.အ) မွေးနေ့ရက်မြတ်မင်္ဂလာ အထိမ်းအမှတ် အဖြစ် ကွမ်းပြည်နယ်ရှိ တက္ကသိုလ်အားလုံးမှ ကျောင်းသားစုံတွဲ ပေါင်း ၇၃၀ မင်္ဂလာ ပွဲကို ကျင်းပခဲ့ပါတယ်။
-
အီရန် လုံခြုံရေးတပ်ဖွဲ့ ဝင်လေးဦးသည် ဗုဒ္ဓဟူးနေ့ တွင် စစ်စတန် နှင့် ဗလူချီစတန်တို့ တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုအတွင်း ရှဟီးဒ် ဖြစ်
အီရန်နိုင်ငံ စစ်စတန် နှင့် ဗလူချီစတန်တို့ ပြည်နယ် ရှိ လာဒေသတွင် အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားပြီးနောက် IRGC (ခ) အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် ၏ မြေပြင်တပ်ဖွဲ့များ ၏ ကွတ်ဒ်စ် ဌာနချုပ်သည် တိုက်ခိုက်မှု၏ အာဇာနည်များ၏ အမည်များကို ထုတ်ပြန်ခဲ့ပါတယ်။ အာဏာပိုင်များသည် ဖြစ်ရပ်၏ ကျူးလွန်သူများကို ဖမ်းဆီး ရန်နှင့် ဒေသတွင်း လုံခြုံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် အလေး ပေးပြောကြား ခဲ့ပါတယ်။
-
မင်နီဆိုတာ တက္ကသိုလ်ပါမောက္ခတစ်ဦး၏ အီရန်အပေါ် အမေရိကန်၏ "မိုက်မဲသောဗျူဟာ" အကြောင်း အဗ်နာ နှင့် အင်တာဗျူး
မင်နီဆိုတာတက္ကသိုလ်ပါမောက္ခတစ်ဦး၏ အီရန်အပေါ် အမေရိကန်၏ "မိုက်မဲသောဗျူဟာ" အကြောင်း အဗ်နာ သတင်းဌာန နှင့် အင်တာဗျူးတွင် အစိုးရကိုဖြုတ်ချရန် မူဝါဒပြောင်းလဲခြင်းနှင့်ပတ်သက်သည့် ဘာရက်ခ်၏ ပြောဆို ချက် သည် လိမ်ညာမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန်၏ စစ်ရေးစွမ်းရည်များသည် ယခုအခါ ၁၂ ရက်ကြာစစ်ပွဲအတွင်းကထက် များစွာ ပိုမို အား ကောင်း လာကြောင်း ... လဲရီစီဂျွန်စန် ပြောကြား
အဗ်နာ သတင်း ဌာန နှင့် အင်တာဗျူးတွင် CIA ခွဲခြမ်းစိတ်ဖြာသူဟောင်း လဲရီစီဂျွန်စန် (Larry C. Johnson ) က အီရန်အပေါ် နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုမူဝါဒများ မအောင်မြင်ခြင်း နှင့် ပတ်သက်၍ အမေရိကန် အရာရှိများ ၏ မကြာ သေးမီက ဝန်ခံချက်ကို ပြောကြားခဲ့ပြီး ဤပြောင်းလဲမှုများသည် အမှန်တကယ်တွင် အပေါ်ယံ သာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
-
သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ(စ.အ) မွေးနေ့ရက်မြတ်မင်္ဂလာ အကြိုညတွင် ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် အား ပန်းစည်းများ၊ပန်းများ နှင့် အလှဆင် ။ ။ Photo
အဗ်နာ ။ ။ သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ(စ.အ) မွေးနေ့ရက်မြတ်မင်္ဂလာ အကြိုညတွင် ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် အား ပန်းစည်းများ၊ပန်းများ နှင့် အလှဆင် ထားသည့် ပုံရိပ်များ ဖြစ်ပါတယ်။
-
အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒိုလ်ကရီးမ် ဟာအေရီ (ရ.ဟ) ၏ စံပြုစရာ လုပ်ရပ်တစ်ခု
ဟောင်ဇေအေလ်မီယေကွမ်း ကို တည်ထောင်ခဲ့သူ ဟဇရသ် အာယာသွလ္လာဟ် ရှိက်ခ် အဗ်ဒိုလ်ကရီးမ် ဟာအေရီ (ရ.ဟ) ၏ စံပြုစရာ လုပ်ရပ်တစ်ခုကို စံပြု လိုက်နာ နိုင်ရန် တင်ပြလိုက်ပါတယ်။
-
အီရန် နှင့် အရှေ့အာရှအကြား ဘာသာစကား၊ ဘာသာရေး နှင့် ယဉ်ကျေးမှုဆက်ဆံရေးဆိုင်ရာ နိုင်ငံ တကာ ညီလာခံ ။ ။ Photos
အဗ်နာ ။ ။ အီရန်နှင့် အရှေ့အာရှအကြား ဘာသာစကား၊ ဘာသာရေး နှင့် ယဉ်ကျေးမှုဆက်ဆံရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို ဒီဇင်ဘာလ ၇ ရက်နေ့ ၂၀၂၅ ခုနှစ် တနင်္ဂနွေနေ့ တွင် ကျင်းပခဲ့ပြီး ညီလာခံ မှတ်တမ်း စာအုပ်ကို ဖွင့်လှစ်ခြင်း အခမ်းအနားကို ကွမ်းမြို့ ရှိ ဘာသာစကား၊ စာပေနှင့် ဒဿနိကဗေဒဆိုင်ရာ အဆင့်မြင့် ပညာရေး တက္ကသိုလ် တွင် ကျင်းပခဲ့ပါတယ်။ ပြီးနောက် အကောင်းဆုံးလက်ရာများ၏ စာရေးဆရာများကို လည်း ဆုများ ချီးမြှင့်ခဲ့ကြပါတယ်။
-
အီရန်၊ ဆော်ဒီအာရေဗျ ၊ တရုတ်တို့သည် ကြီးမားသော အပြန်အလှန်အခွင့်အလမ်းများ ကို အသုံးချရန် ကတိပြု
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများက သုံးနိုင်ငံ သည် ပူးတွဲသုံးနိုင်ငံကော်မတီ၏ မူဘောင်အတွင်း မိမိ တို့၏စွမ်းရည်နှင့် စွမ်းရည်အားလုံးဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ကို ကြေညာခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
-
အီရန်၏ ဒုံးကျည်စွမ်းအားသည် ရန်သူကို တိုက်ခိုက်ရာတွင် ဦးဆောင်မှု ပေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ရှေကရ်ဂျီ ပြောကြား
လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးတန်းပြောရေးဆိုခွင့်ရှိသူက ၁၂ ရက်ကြာ စစ်ပွဲကို ရည်ညွှန်း၍ မိမိ နိုင်ငံ၏ ဒုံးကျည်၊ ဒရုန်းနှင့် ကာကွယ်ရေးစွမ်းအားသည် ရန်သူကို တိုက်ခိုက်ရာတွင် ဦးဆောင်မှု ပေးခဲ့ပြီး အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် ဤအင်အားကို အားကောင်းစေရန် လမ်းကြောင်းကို ချက်ချင်း အရှိန်မြှင့်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် ကြိုးပမ်းမှုတိုင်းသည် လက်ခံနိုင်စရာမရှိကြောင်း အကြီးတန်း ရုရှား အထက်လွှတ်တော်အမတ်များ ပြောကြား
ရုရှားအထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ကွန်စတန်တိန်ကစာချေဖ် နှင့် နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ ဂရီ ဂေါ့ရီ ကရာစင်န် တို့က အနောက်နိုင်ငံများ၊ အထူးသဖြင့် ဥရောပ Troika မှ အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည် ချမှတ်ရန် ကြိုးပမ်းမှုတိုင်းသည် အချည်းနှီးဖြစ်ပြီး တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ကွမ်းမြို့ရှိ ၄၈ ကြိမ်မြောက် နိုင်ငံတော်အဆင့် နှင့်အပြည်ပြည်ဆိုင်ရာအဆင့် ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ ။ ။ Photos
အဗ်နာ ။ ။ ကျမ်းတော်မြတ်ကုရ်အာန် ၊ နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း နှင့် ဆဟီးဖဟ် စဂျာဒီယဟ်ဆိုင်ရာ ၄၈ ကြိမ် မြောက် နိုင်ငံတော်အဆင့် နှင့် အပြည်ပြည်ဆိုင်ရာအဆင့် ပြိုင်ပွဲ ကို ဂျာမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာ လေမီယဟ် ၏ ကျောင်းသား၊ကျောင်းသူများ အကြား ကွမ်းမြို့တော် ရှိ အေမာဇ် ဇါဒဟ် ဆယက်ဒ် အလီ (အ.စ) ၏ ဂူဗိမာန် တွင် ကျင်းပ ခဲ့ပါတယ်။
-
နိုင်ငံတော် ၏ အခွင့်အရေးများ နှင့် တရားဝင်လွတ်လပ်ခွင့်များဆိုင်ရာ နိုင်ငံတကာညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဉာဏပညာစနစ် တွင် နိုင်ငံတော်၏ အခွင့်အရေးများနှင့် တရားဝင်လွတ်လပ်ခွင့်များဆိုင်ရာ နိုင်ငံတကာ ညီလာခံကို ယနေ့နံနက် ဗုဒ္ဓဟူးနေ့ (၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၃ ရက်) တွင် အီရန်အသံလွှင့်ဌာန၏ နိုင်ငံတကာညီလာခံစင်တာ၌ အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ ရှေ့မှောက်တွင် ကျင်းပ ခဲ့ပါတယ်။