-
ဆူပူသောင်းကြမ်းသူများ၊ အဖျက်သမားများလက်ချက် ကြောင့် နစ်နာ ဖျက်စီးသွားရသည့် တီဟီရန် ဘတ်စ်ကား များ ။ ။ video
အဗ်နာ ။ ။ အမေရိကန် ၊အစ္စရေးတို့၏ ကြေးစား ဆူပူသောင်းကြမ်းသူများ၊ အဖျက်သမားများ လက်ချက် ကြောင့် တီဟီရန် မြို့ ရှိ ဘတ်စ်ကား ၂၂ စီး မှာ အပြည့်အဝ မီးလောင်ကျွမ်းခဲ့ပြီး ၅၇ စီးတွင် အလွန်အမင်း ဖျက်စီးခဲ့ရ ပါတယ်။
-
အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် တွင် ပြုလုပ်ခဲ့သည့် အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ စျာပနာ ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ ဇန်နဝါရီလ ၂၀ ရက်နေ့ အီရတ်နိုင်ငံ နဂျာဖ်မြို့ ရှိ အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် တွင် ပြုလုပ်ခဲ့သည့် စျာပန ပုံရိပ်များဖြစ်ပါတယ်။
-
အီရန်သည် ဒေသတွင်းတွင်အမေရိကန်၏ မတည်မြဲရေးမူဝါဒကို အခိုင်အမာ တားဆီးနိုင်သည့် တံတိုင်း ဖြစ်
အာရပ်ရေးရာ သုံးသပ်သူ ရဗစ် ဂဆွန် (Rabee Ghosn) သည် အီရန်နိုင်ငံကို ဒေသတွင်းရှိ အမေရိကန်မူ ဝါဒများ အပေါ်၌ အခိုင်အမာ တားဆီးနိုင်သည့် တံတိုင်း ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဂျမ်အီယသ်သေအစ္စလာမ်မီ အဲဟ်လေ့ဘိုက်(သ) (အ.စ) မော်စကို / ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီသည် ကြံ့ကြံ့ခံခုခံမှု ၏ မျှောင်လင့်ချက် မီးတိုင် ဖြစ်ပါတယ်
မော်စကိုမြို့တော်ရှိ ဂျမ်အီယသ်သေအစ္စလာမ်မီ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် အီရန်ပြည်သူများကို ရေးသားထားသော ကြေညာချက်တွင် အီရန် ပြည်သူများကို မိမိ တို့၏ နာမ်ပိုင်းဆိုင်ရာ နှင့် နိုင်ငံရေး ဆိုင်ရာ ခေါင်းဆောင်များ အနီးတွင် ဝိုင်းရန် ပေးရန် နှင့် အီရန်ပြည်သူများ စည်းလုံးညီညွတ်ကြမှုကို ကမ္ဘာသိအောင် ပြသပေးဖို့ တိုက်တွန်းရေးသားထားပါတယ်။
-
အမေရိကန်တွင် ဆန္ဒပြမှုများ ကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ နှင့် စစ်တပ်ကို ပြင်ဆင်ရန် အမိန့်၊ ဆန္ဒပြသူများကို ခြိမ်းခြောက်
အမေရိကန်၏ ထရမ့် အစိုးရမှ စစ်တပ်နှင့် ဖက်ဒရယ် ရဲတပ်ဖွဲ့ကို ပြင်ဆင်ထားရန် အမိန့်ထုတ်ပြန်ကာ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို နှိမ်နင်းရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
-
ကာကွယ်ရေးဝန်ကြီးဟောင်း၏ ပြောကြားချက်အရ နေတန်ယာဟု ကိုယ်တိုင် အီရန်၏ တိုက်ခိုက်မှုကို ပြန်လည် ခုခံရန် ပြင်ဆင်မှုမရှိသေးကြောင်း ဝန်ခံ
တပ်မတော် ဝန်ကြီးဟောင်း အေဗစ်ဂ်ဒေါ် လီဘာမန်း က ဇန်နဝါရီလ ၁၉ ရက်နေ့ ၊ တနင်္လာနေ့ ၌ အစ္စရေးပါလီမန် အစည်းအဝေးတွင် အီရန်၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြင်ဆင်မှုမရှိသေးကြောင်း သတိပေးပြောကြားခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု လည်း မကြာသေးမီက ယင်းအချက်ကို ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့ ပါ တယ်။
-
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပြည်သူ့လွှတ်တော် အထွေထွေ အစည်းအဝေး ။ ။ Photos
အဗ်နာ ။ ။ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း ပြည်သူ့လွှတ်တော် အထွေထွေ အစည်းအဝေးကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် ဦးဆောင်၍ လွှတ်တော် အမတ် ၂၅၅ ဦးမှ တက်ရောက်ခဲ့ပါတယ်။
-
လက်ဘနွန်တောင်ပိုင်း တွင် အစ္စရေးတို့ ၏ တိုက်ခိုက်မှု
လက်ဘနွန် သတင်းရင်းမြစ်များ အရ လက်ဘနွန် တောင်ပိုင်း ဒေသများတွင် အစ္စရေးတိုက်လေယာဉ်များ၏ တိုက် ခိုက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
-
အစ္စလာမ်မီ မဟုတ်သည့် ပတ်ဝန်းကျင်တွင် ဟေဂျာဗ် ကို စွဲမြဲစွာ ဝတ်ခြင်း
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ အစ္စလာမ်မီ မဟုတ်သည့် ပတ်ဝန်းကျင်တွင် ဟေဂျာဗ် ကို စွဲမြဲစွာ ဝတ်ခြင်း ကိစ္စ နှင့်ပတ်သက် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
-
ပါကစ္စတန် မှ တက္ကသိုလ် ကျောင်းသားများသည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် ကတိသစ္စာ ပြန်လည် ပြုလုပ် ။ ။ video
အဗ်နာ ။ ။ ပါကစ္စတန်တစ်ဝှမ်း တွင် အီရန်ပြည်သူများကို ထောက်ခံကြောင်းနှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် ကတိသစ္စာ ပြန်လည်ပြု လုပ်ရန်အတွက် ပြုလုပ်သော အွန်လိုင်းလှုပ်ရှားမှု သည် ယခုရက်ပိုင်းအတွင်း လူမျိုးစုံမှ လက်ခံမှုများစွာ ရရှိနေပါတယ်။
-
အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ စျာပနာ ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ ၏ ဇန်နဝါရီလ ၁၈ ရက်နေ့ ကွမ်းမြို့ တွင် ပြုလုပ်ခဲ့သည့် စျာပန ပုံရိပ်များဖြစ်ပါတယ်။
-
အမေရိကန်၏ အကြမ်းဖက်အဖွဲ့များ စာရင်းတွင် မွတ်စလင်ညီနောင်များအဖွဲ့ (အစ်ခ်ဝါနိုလ်မွတ်စ်လေမီးန်) ကို ထည့်သွင်းခြင်းကို အီဂျစ် နှင့် ယူအေအီ တို့က ကြိုဆို
ကိုင်ရိုနှင့် အဘူဒါဘီအစိုးရများ သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မွတ်စလင်ညီနောင်များအဖွဲ့ (အစ်ခ်ဝါ နိုလ်မွတ်စ်လေမီးန်) ၏ လက်ခွဲများကို အကြမ်းဖက်အဖွဲ့များ စာရင်းတွင် ထည့်သွင်းရန် ချမှတ်ခဲ့သော အဆုံး အဖြတ်ကို ကြိုဆိုခဲ့ကြပါတယ်။
-
အာယာသွလ္လာဟ်နူးရ်ရီဟမ်ဒါန်နီ
တစ်သားတည်းရှိခြင်းနှင့်စည်းလုံးညီညွတ်ခြင်းထက်ပိုမိုကောင်းမွန်သောလက်နက်မရှိကြောင်းဆူပူသောင်း ကြမ်းသူများသည်ရန်သူ၏အေးဂျင့်များဖြစ်ကြကြောင်း
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါန်နီ မှ တစ်သားတည်းရှိခြင်းနှင့် စည်းလုံးညီညွတ်ခြင်းထက် ပိုမိုကောင်းမွန်သော လက်နက်မရှိကြောင်း ဆူပူ သောင်းကြမ်း သူများသည် ရန်သူ၏ အေးဂျင့်များ ဖြစ်ကြ ကြောင်း မိန့်ကြားခဲ့ပါတယ်။
-
တီဟီရန်မြို့ရှိ မတ်စ်ဂျစ်ဒ် အဘူဇရ် တွင် « အမ်မါရ် ပြည်သူ့ရုပ်ရှင်ပွဲတော် » ၏ ၁၆ ကြိမ်မြောက် ပြိုင်ပွဲ၏ သတင်းစာရှင်းလင်းပွဲကို ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ အီရန် နိုင်ငံ ၏ မြို့တော် တီဟီရန်မြို့ရှိ မတ်စ်ဂျစ်ဒ် ဒေ ဂျာမေအ် အဘူဇရ် သည် ပြီးခဲ့သည့် တစ်ပတ် က ကြေးစား လက်နက်ကိုင် အကြမ်းဖက်သမားများ ၏ မီးရှို့စော်ကားခြင်းကိုခ့ခဲ့ရပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ က ဤ မတ်စ်ဂျစ်ဒ် တွင် « အမ်မါရ် ပြည်သူ့ရုပ်ရှင်ပွဲတော် » ၏ ၁၆ ကြိမ်မြောက် ပြိုင်ပွဲ၏ သတင်း စာရှင်း လင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။
-
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ အီးဒ်ဒေ မဗ်အက်စ် အချိန်အခါတွင် အီရန် နိုင်ငံသား အလွှာ အစုံ နှင့် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အီးဒ်ဒေ မဗ်အက်စ် ရစူလ်လွလ္လာဟ် (ဆွ) အချိန်အခါတွင် အီရန် နိုင်ငံသား အလွှာ အစုံ နှင့် တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ် ဘာရာ တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။
-
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူ ၈၀၀ ကို သေဒဏ်ချမှတ်မည်ဆိုသော သတင်းမှာ အခြေ အမြစ် မရှိ ကြောင်း ၊ တီဟီရန်ရှိ သံရုံးများ မပိတ်သိမ်းကြောင်းပြောကြား
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က လူ ၈၀၀ ကို သေဒဏ်ပေးမည်ဆိုသော သတင်းကို အခြေအမြစ်မရှိကြောင်း ငြင်းဆိုပြီး အမေရိကန်နိုင်ငံသည် အီရန် ပြည်သူများ အပေါ် ပြုလုပ်ခဲ့သော ရာဇ၀တ်မှုများအတွက် တရားစွဲဆို အရေးယူမည်ဟု ပြောကြားခဲ့ပါတယ်။
-
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ညီတော် အလ္လာဟ့် အမိန့်ခံယူ
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ညီ ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ဟာဒီ စစ်သာနီ သည် အလ္လာဟ့် အမိန့်ခံယူ သွားကြောင်း သိရှိပါတယ်။
-
လုံခြုံရေးတပ်သား ရှဟီးဒ် ၇ ဦး ၏ စျာပန အခမ်းအနား ၊ အစ္စဖဟန် ။ ။ Photos
အဗ်နာ ။ ။ အီရန် နိုင်ငံ အစ္စဖဟန် မြို့ တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ ၌ လုံခြုံရေးတပ်သား ရှဟီးဒ် ၇ ဦး ၏ စျာပန အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။ လုံခြုံရေးတပ်သား ရှဟီးဒ် ၇ ဦး မှာ အမေရိကန် ၊ အစ္စရေး တို့၏ ကူညီပေးမှု ဖြင့် ပြုလုပ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုတွင် အကြမ်းဖက်သမားများ မှ သတ်ဖြတ်ခြင်း ခံခဲ့ရ သူများ ဖြစ်ပါတယ်။ အီရန် နိုင်ငံ တွင် ရိုးရိုး ဆန္ဒပြနေသည် အခြေအနေ ကို အခွင့်ကောင်း ယူပြီး အမေရိကန် ၊ အစ္စရေး တို့၏ လူများမှ ဆူပူ အကြမ်းဖက် မှုများ ဖြစ်အောင် ပြုလုပ်ခဲ့ကြပါတယ်။ ဤအတွက်ကြောင့် အီရန် လုံခြုံရေးတပ်သားများ အနေဖြင့် သာမန် ပြည်သူများ နှင့် အကြမ်းဖက်သမားများ ရောထွေးသွား သည့်အခါ အပြစ်မဲ့ ပြည်သူ များ မသေရအောင် ထိန်းထိန်းသိမ်းသိမ်း အကြမ်းမဖက် သည့် နိုင်နင်းမှုကိုပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အကြမ်း ဖက်သမား များ မှ ဤအချိန်ကို အသုံးချပြီး လုံခြုံရေးတပ်သားများနှင့် သာမန်ပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်မှု များ ပြုခဲ့ကြပါတယ်။ ၎င်းတို့၏ သခင် အမေရိကန် ၊ အစ္စရေး တို့၏ လော်ဘီ မီဒီယာ များ ကတော့ သေဆုံးသွား သူများ ကို ဆန္ဒပြသူများ ဟု မဟုတ်မမှန်သတင်းများ ထုတ်ခဲ့ကြပါတယ်။
-
ရေဇာဗဲဟ်ဗူဒီ - မီလီယံ နှစ်ဆယ် ဒေါ်လာ ရေဇာ ပဲဟ်လဝီ အတွက် သုံးခဲ့ပါတယ် ... ။ ။ video
အဗ်နာ ။ ။ မိုဟမ္မဒ်ရေဇာ ရှား ပတ်ပတ်လည်မှာ အလုပ်ဖြစ်သည့်သူများ ရှိခဲ့ပေမဲ့ သူ့သား ပတ်ပတ် လည်မှာ အလုပ်ဖြစ် မည့် သူတွေမရှိပါဘူး။ ရေဇာဗဲဟ်ဗူဒီ နှင့် ၎င်း၏ ဖခင် ဟာ ပဟ်လဝီ နန်းတွင်း အိမ်ခြံမြေ မန်နေဂျာ ဖြစ်ခဲ့ကြပြီး ရေဇာ ရှား နဲ့ မိုဟမ္မဒ်ရေဇာ ပဲဟ်လဝီ တို့ကို ၅၀ နှစ်ကျော် နီးကပ်စွာ အလုပ် အကျွေး ပြုခဲ့သူဖြစ်ပါတယ်။
-
ဗြိတိန်ရှိ အီရန်သံရုံးအား တိုက်ခိုက်မှု အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ၏ ပြင်းထန်သော တုံ့ပြန်မှု
ဗြိတိန်ရှိ အီရန်သံရုံးအား တိုက်ခိုက်မှု အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ၏ ပြင်းထန်သော တုံ့ပြန်မှု
-
မည်သည့်ကျူးကျော်မှုမဆို ပြင်းထန်စွာ တုံ့ပြန်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရသူက ရန်သူဘက်မှ မည်သည့်ကျူးကျော်မှုမျိုးမဆို ပြင်းထန် စွာ တုံ့ပြန်မည်ဟု ပြောကြားခဲ့ပါတယ်။
-
အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့အား ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ
မင်နီဆိုးတား ပြည်နယ်ရှိ ပြည်သူများသည် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ၏ ပစ်ခတ်မှု နောက်ထပ်ဖြစ်ရပ်တစ်ခုကို ဆန့်ကျင်ရန် လမ်းမများပေါ်တွင် ဆန္ဒပြနေချိန်တွင် မင်နီယာပိုလစ်မြို့ခံ အကြီး အကဲများက ဗဟိုအစိုးရသည် အခြေခံအခွင့်အရေးများကို ချိုးဖောက်နေသည်ဟု တိုက်ရိုက် ပြောကြား လိုက် ပါတယ်။
-
အမေရိကန် သမ္မတ သည် တရားခံ ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် မှ မိန့်ကြား
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ယနေ့ အီးဒ်ဒေ မဗ်အက်စ် အချိန်အခါတွင် အီရန် နိုင်ငံသား အလွှာ အစုံ နှင့် တွေ့ဆုံ ချိန် အီရန် နိုင်ငံ တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက် ဆူပူသောင်းကြမ်းမှုများ ၊ရာဇဝတ်မှုများ ၏ တရားခံ မှ အမေရိကန် သမ္မတ ထရမ့် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
-
အီရတ် နိုင်ငံအနေဖြင့် မိမိ အိမ်နီးချင်းနိုင်ငံ များ ၏ မြေကို ကျူးကျော် တိုက်ခိုက်ဖို့ ခွင့်ပြုမည် မဟုတ် ကြောင်းပြောကြား
အီရတ် နိုင်ငံ တာဝန်ရှိသူများက မိမိတို့နိုင်ငံ၏ နယ်မြေကို အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ အလေးထား ပြောကြားခဲ့ပါတယ်။
-
အီးဒ်ဒေ မဗ်အက်စ် အချိန်အခါ တွင် အာယာသွလ္လာဟ် နှစ်ပါး မှ သာသနာ့ ကျောင်းသားများ အား တရားဝင် အမာမဟ် ပေါင်းပေး ။ ။ Photos
အဗ်နာ ။ ။ အီးဒ်ဒေ မဗ်အက်စ် အချိန်အခါ တွင် အာယာသွလ္လာဟ် နှစ်ပါး ဖြစ်ကြ သည့် အာယာသွ လ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး နှင့် အာယာသွလ္လာဟ် မိုဟမ္မဒ် ဂျဝါဒ် ဖွာဒွေလ် လန်ကရာနီ တို့ မှ သာသနာ့ ကျောင်းသားများ အား တရားဝင် အမာမဟ် ပေါင်းပေး ခဲ့ကြပါတယ်။
-
ဟိုရ်မိုဇ်ဂါန် ပြည်နယ်ရှိ အကြမ်းဖက်အဖွဲ့ (၁၀) ဦး ဖမ်းဆီး
ဟိုရ်မိုဇ်ဂါန် ပြည်နယ် ရဲတပ်ဖွဲ့မှ ဘန်ဒါအဘာစ် မြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက် လှုပ်ရှားမှု များအတွင်း ပါဝင်ပတ်သက်နေသည့် အကြမ်းဖက်အဖွဲ့ဝင် (၁၀) ဦးကို ဖော်ထုတ် ဖမ်းဆီး လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ပါကစ္စတန် ပြည်သူများ မှ အီရန် နိုင်ငံ နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အားထောက်ခံ သည့် ဆန္ဒပြပွဲ ။ ။ video
အဗ်နာ ။ ။ပါကစ္စတန် နိုင်ငံ မြောက်ပိုင်း ဘော်တီစတန် ပြည်နယ် စကာဒူမြို့ ရှိ ပြည်သူများ မှ အီရန် နိုင်ငံ နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အားထောက်ခံ သည့် ဆန္ဒပြပွဲ ကို ပြုလုပ်ခဲ့ကြပါတယ်။
-
အီးဒ်ဒေမဗ်အက်စ် အချိန်အခါတွင် သခင်မကြီးမအ်စူမဟ်ကွမ်း (စ.အ) ရောင်ဇာတော် ၏ ကြည်ညိုဖွယ် ပုံရိပ်များ ။ ။ Photos
အဗ်နာ ။ ။ အီရန်နိုင်ငံ သာသနာ့ရွှေမြို့တော် ကွမ်းမြို့ ရှိ သခင်မကြီးမအ်စူမဟ်ကွမ်း (စ.အ) ရောင်ဇာတော် ၏ အီးဒ်ဒေမဗ်အက်စ် အချိန်အခါတွင် ကြည်ညိုဖွယ် ပုံရိပ်များ ဖြစ်ပါတယ်။ ရဂျဗ်လမြတ်၂၇ ရက်နေ့သည် အီးဒ်ဒေမဗ်အက်စ်နေ့မြတ် ဖြစ်ပါတယ်။
-
အာရပ်နိုင်ငံများ အီရန်ပြည်တွင်းရေး ကိစ္စ ကို ဝင်ရောက် စွက်ဖက်ခြင်း မရှိသည့်အပေါ် အစ္စရေး ဒေါသဖြစ်
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ဤကဲ့သို့ ဖြစ်အောင် အဓိက လုပ်ဆောင်ခဲ့သူများမှာ အမေရိကန် သမ္မတ ၊ အစ္စရေး နှင့် အီရန် ပြည်ပြေး ဂျဝစ်ဒ်ရှားဟ်တို့ကြောင့် ဖြစ်ပါတယ်။ အာရပ်နိုင်ငံများ အနေဖြင့် ဤ ဆူပူအကြမ်းဖက်မှုများ တွင်ပါဝင် လှုပ်ရှားမှု မပြုခဲ့သည့် အပေါ် အစ္စရေး မှ ဒေါသထွက်ခဲ့ပါတယ်။
-
ဆူပူသောင်းကြမ်းသူများ၏ လက်ချက်ဖြင့် ရှဟီးဒ် ဖြစ်သွားသည့် လုံခြုံရေးတပ်သား များ ပြည်သူများ စုစုပေါင်း ရှဟီးဒ် ၁၀၀ ၏ စျာပန အခမ်းအနား / တီဟီရန် ။ ။ Phot
အဗ်နာ ။ ။ အီရန် နိုင်ငံ၏ မြို့တော် တီဟီရန် မြို့တွင် အမေရိကန် အစ္စရေး ကျွန်များ ၊ အီရန်သစ္စာဖောက်များ ဖြစ်ကြသည့် ဆူပူသောင်းကြမ်းသူများ၏ လက်ချက်ဖြင့် ရှဟီးဒ် ဖြစ်သွားသည့် လုံခြုံရေးတပ်သား များ ပြည်သူများ စုစုပေါင်း ရှဟီးဒ် ၁၀၀ ၏ စျာပန အခမ်းအနား၏ ပုံရိပ်များဖြစ်ပါတယ်။ ရှဟီးဒ် ဖြစ်သူ များ နောက်ထပ်ကျန်ရှိနေပါတယ်။ ဆူပူသောင်းကြမ်းသူများသည် အင်တာနက် ကို အသုံးပြု၍ သောင်းကြမ်းမှု၊များ ၊ သတ်ဖြတ်မှုများ၊ ဖျက်စီးမှုများကို အီရန်နိုင်ငံ မြို့ကြီးများတွင် ဇန်နဝါရီလ ၈ရက်နေ့ ညတွင် အကြီး အကျယ် ပြုလုပ် ခဲ့ကြပါတယ်။ ဗလီဝတ်ကျောင်းတော်များ၊ အေမာမ်ဘာရာများ၊ ဘဏ်များ ၊ဆေးရုံများ ကားများ စသည်တို့ကို မီးရှို့ဖျက်စီးခဲ့ကြပါတယ်။ လုံခြုံရေးတပ်သား များ ပြည်သူများ ကို သေနတ်နဲ့ပစ်၊ ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက် ၊မီးရှို့ စသည်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ဤအတွက်ကြောင့်ထိုညမှစ၍ ယနေ့ အထိ အီရန်အစိုးရ မှ အပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်သွယ်မှု များကို ဖြတ် တောက်ထား ပါတယ်။အီရန် ပြည်သူများကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့ က အကြီးအကျယ် သစ္စာဖောက် များ နှင့် ၎င်းတို့၏ သခင်များကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။