-
အမေရိကန် ရှီအဟ် မွတ်စလင်မ် ဖောင်ဒေးရှင်းက အာဖဂန်နစ္စတန်တွင် ဖမ်းဆီးခံထားရသော အာလင်မ် များ၏ အခြေအနေကို စောင့်ကြည့်ဆောင်ရွက်ပေးရန် ကုလသမဂ္ဂအား တောင်းဆို
အမေရိကန် ရှီအဟ် မွတ်စလင်မ် ဖောင်ဒေးရှင်း သည် အသေးစိတ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ ကဘူးလ်မြို့ရှိ ရှီအဟ်ဘာသာရေးအဖွဲ့အစည်းများအပေါ် ဖိနှိပ်မှုများ ပိုမိုပြင်းထန်လာခြင်း၊ “ခါသန်မိုလ်အန်ဗီယာ (ဆွ)” ဘာသာရေးပညာသင်ကျောင်းကို အတင်းအကျပ် ရွှေ့ပြောင်းစေခြင်းနှင့် ရှိတ် မိုဟမ္မဒ်ဟဆန် မိုဟ်ဆနီ အပါအဝင် ရှီအဟ် ဘာသာရေးပညာရှင်များနှင့် ထင်ရှားသူများကို ဖမ်းဆီးထားခြင်းတို့အပေါ် အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဝင်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါတယ်။
-
ဆနအာမြို့ တွင် ယီမင်ပြည်သူများက ဟူသီများကို ထောက်ခံ ။ ။ Photos
အဗ်နာ ။ ။ ယီမင်နိုင်ငံတွင် တင်းမာမှုများနှင့် ပဋိပက္ခများ မြင့်တက်လာနေချိန်နှင့် တစ်ပြိုင်နက် ဆနအာမြို့ ၌ ပြည်သူတစ်စုသည် ဟူသီများကို ထောက်ခံကြောင်း ဖော်ပြရန် စုဝေးခဲ့ကြပါတယ်။ ထို့အပြင် ဟူသီအဖွဲ့၏ တပ်ဖွဲ့ဝင်များသည် မြို့တော်၏ လမ်းများပေါ်တွင် အင်အားပြသသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်။
-
အီရန်သမ္မတက နယူးဒေလီမြို့တွင် အိန္ဒိယနိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသူများကို တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့ သောကြာနေ့ညနေ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် စီးပွားရေးတက်ကြွလှုပ်ရှားသူများအနက် အချို့နှင့် တွေ့ဆုံကာ ဆွေးနွေးပြောဆိုခဲ့ပါတယ်။
-
မီးနာဗ် ရှိ ရှဂျရေဟ်သွယေဗဟ် မူလတန်းကျောင်း / မပြီးဆုံးသေးသော အိပ်မက်များ၏ ဇာတ်လမ်း ။ ။ Photos
အဗ်နာ ။ ။ အမေရိကန်၊အစ္စရေး အစိုးရ၏ အီရန်နိုင်ငံအပေါ် စစ်ပွဲနှင့် ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ၏ ပထမဆုံးနာရီများအတွင်း မီ'နာဗ် မြို့နှင့် ဂျရေဟ်သွယေဗဟ် မူလတန်းကျောင်း တို့သည် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ကျောင်းသူကျောင်းသား ၁၆၈ ဦး အသက်ဆုံးရှုံးခဲ့ကြပါတယ်။ ယခုအခါ ကျောင်းသားကျောင်းသူများ၏ မိသားစုဝင်များသည် ထိုကျောင်း၏ အပျက်အစီးများအကြားတွင် စုဝေးကာ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူများကို အမှတ်တရ ဂုဏ်ပြုလျက်ရှိကြပါတယ်။
-
ဘာဗ်ဗိုလ်မန်ဒက်ဗ် ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟုဆို / ဆနအာ အပါအဝင် ယီမင်တစ်နိုင်ငံလုံးတွင် အောင်ပွဲခံ
ယီမင်နိုင်ငံ ၏ မြို့တော် ဆနအာ ၊ ဇမါ နှင့် ဆအ်ဒဟ် အပါအဝင် မြို့အသီးသီးတွင် ပြည်သူများက အင်အားအများအပြား ပါဝင်သည့် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ကာ မကြာသေးမီက ရရှိခဲ့သည့် အောင်မြင်မှုများကို အောင်ပွဲခံခဲ့ကြပါတယ်။
-
အမေရိကန်သည် အတင်းအကျပ်ဖိအားပေးမှု မအောင်မြင်သဖြင့် ပြည်သူ့စီးပွားရေးကို တိုက်ခိုက်လာသည်ဖြစ်ကြောင်းအီရန်သမ္မတပြောကြား
အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတက အီရန်ပြည်သူများသည် မည်သည့်အတင်းအကျပ် ဖိအားပေးမှုမျိုးကိုမျှ ခေါင်းငုံ့အညံ့ခံမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ရန်သူများသည် အီရန်ပြည်သူများကို ရင်ဆိုင်ရာတွင် မအောင်မြင်ပြီးနောက် စစ်သားများနှင့် စစ်တိုက်မည့်အစား ပြည်သူများ၏ စီးပွားရေးကို ပစ်မှတ်ထားတိုက်ခိုက်နေကြကြောင်း ပြောကြားခဲ့ပါတယ်။
-
အန်ဆွာရိုလ္လာဟ် က လွတ်မြောက်ထိန်းချုပ်နိုင်ခဲ့သော ကျွန်းအရေအတွက် ၄ ကျွန်းအထိ ရှိလာ
ယီမင်တပ်ဖွဲ့များသည် ယနေ့တွင် မယွန်း (Mayyun) ကျွန်းကို ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော အဖွဲ့များထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည့်အပြင် ဇုကာ (Zuqar) ကျွန်း နှင့် ဟာနစ်ရှ် အယ်လ်ကူဘရာ (Greater Hanish)၊ ဟာနစ်ရှ် အယ်လ်ဆုဂ်ရာ (Lesser Hanish) ကျွန်းများကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
-
ဘရစ်ခ်စ် (BRICS) တွင် အီရန် ၏ ပိတ်ဆို့အရေးယူမှုများကို အကျိုးမရှိစေရန် အစီအစဉ် / ဒေါ်လာအစား အမျိုးသားငွေကြေးများ အသုံးပြုမည်လား?
အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက အီရန်နိုင်ငံသည် အမျိုးသားငွေကြေးများ အသုံးပြုခြင်းနှင့်ပတ်သက်၍ အချိန်ကာလတစ်ခုကြာ လေ့လာသုံးသပ်နေပြီး ထိုအဆိုပြုချက်ကို BRICS နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်များထံသို့လည်း တင်ပြထားကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အင်အားကြီးပြီး သြဇာရှိသော နိုင်ငံများသည် ဒေါ်လာ၏ လွှမ်းမိုးမှုကို လျှော့ချနိုင်ရန် လွတ်လပ်သော ငွေကြေးစနစ်တစ်ရပ် ဖန်တီးရန် အလွန်စိတ်ဝင်စားကြကြောင်း ၎င်းက ဆိုပါတယ်။
-
အီရန်ပြည်သူတို့၏ သတင်းစကားမှာ အဆုံးတိုင်အောင် ကာကွယ်သွားမည်ဟူ၍ ဖြစ်သည် / ရေဇာ နဂျဖီ
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဆိုင်ရာ အီရန်ကိုယ်စားလှယ် ရေဇာ နဂျဖီက CGTN သတင်းကွန်ရက်သို့ သီးသန့်အင်တာဗျူးတစ်ရပ်တွင် ပြောကြားရာ၌ တိုက်ခိုက်မှုမဖြစ်ပွားမီက အီရန်ရှိ အဏုမြူဆိုင်ရာ စက်ရုံနှင့် အဆောက်အအုံများအားလုံးသို့ ဝင်ရောက်ခွင့် ရှိခဲ့ကြောင်း၊ သို့သော် အီရန်အပေါ် တိုက်ခိုက်မှုနှင့် ကျူးကျော်ရန်လိုမှုများကြောင့်သာ လက်ရှိအခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် ယင်းအခြေအနေအတွက် အီရန်ကို အပြစ်တင်မသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အိန္ဒိယဝန်ကြီးချုပ် က အီရန်သမ္မတ နှင့် တွေ့ဆုံမှု အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသော ချစ်ကြည်ရေးကို အလေးပေး
အိန္ဒိယဝန်ကြီးချုပ် နရင်ဒါ မိုဒီသည် ဒေလီမြို့၌ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် တွေ့ဆုံခဲ့ရသည့်အပေါ် ဝမ်းမြောက်ကြောင်း မိမိ ၏ Instagram ပို့စ်တွင် ဖော်ပြခဲ့ပြီး အိန္ဒိယနှင့် အီရန်အကြား နှစ်ဦးနှစ်ဖက် အကျိုးရှိသော (win-win) ချစ်ကြည်ရေးကို အလေးပေးပြောကြားခဲ့ပါတယ်။
-
ထရမ့်ဟာ အမေရိကန်ရဲ့ အကျင့်ပျက်ဆုံးသမ္မတဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ပြော
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ကွန်ဂရက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်မဲဆန္ဒရှင်တွေကို ထရမ့်က ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ကတိပြုထားခြင်းအပေါ် တုံ့ပြန်ရာမှာ ထရမ့်ဟာ အမေရိကန် အိမ်ဖြူတော်မှာ နေထိုင်ခဲ့ဖူးသူတွေထဲက အကျင့်ပျက်ခြစားမှု အများဆုံးသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
-
ယီမင်အတွက် အယ်လ်မိုခါကို ထိန်းချုပ်နိုင်ခြင်းက ဘာကြောင့် အရေးကြီးသလဲ?
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ မကြာသေးမီက စစ်ဆင်ရေးများ၏ အဓိကရည်ရွယ်ချက်မှာ ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော ကိုယ်တိုင်ဖွဲ့စည်းထားသည့် အစိုးရ၏ တပ်ဖွဲ့များထံမှ မဟာဗျူဟာအရ အရေးပါသည့် အယ်လ်မိုခါ (Al-Mokha) မြို့ကို ထိန်းချုပ်နိုင်ရန် ဖြစ်ပါတယ်။ အဆိုပါမြို့ကို ထိန်းချုပ်နိုင်ပါက အန်ဆွာရိုလ္လာဟ် ၏ တပ်ဖွဲ့များသည် ကမ္ဘာ့ရေကြောင်းသွားလာမှုနှင့် ကုန်သွယ်ရေးအတွက် အလွန်အရေးကြီးသည့် လမ်းကြောင်းဖြစ်သော ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားတစ်ဝိုက်တွင် မိမိတို့၏ သြဇာလွှမ်းမိုးမှုကို သိသိသာသာ တိုးမြှင့်နိုင်မည်ဖြစ်ပါတယ်။
-
အီရန်ကိစ္စကို လုံခြုံရေးကောင်စီသို့ လွှဲပြောင်းခြင်းသည် သံတမန်ရေးကျင့်ဝတ်ကို ကျော်လွန်နေသည်ဟု ရုရှားပြော
ရုရှားကိုယ်စားလှယ်က အီရန်၏ နျူကလီးယားစက်ရုံများအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အီရန်၏ နျူကလီးယားကိစ္စကို လုံခြုံရေးကောင်စီသို့ လွှဲပြောင်းရန် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
-
ယီမင်တပ်ဖွဲ့များ၏ တိုးတက်ချီတက်မှု ဆက်လက်ဖြစ်ပေါ် /ကျွန်းနှစ်ကျွန်း ထပ်မံသိမ်းပိုက်
ယီမင်တပ်ဖွဲ့များက ဟာနစ်ရှ် အယ်လ်ကူဘရာ (Hanish al-Kubra) နှင့် ဟာနစ်ရှ် အယ်လ်ဆွူဂ်ရာ (Hanish al-Sughra) ကျွန်းနှစ်ကျွန်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
-
ကမ္ဘာတစ်ဝန်း ရေနံရှားပါးမှု အန္တရာယ်ရှိအဆင့်သို့ ရောက်ရှိလာ /အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ သတိပေး
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က လာမည့်လအနည်းငယ်အတွင်း ရေနံစိမ်းရှားပါးမှု ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
-
ပါကစ္စတန်ရှိ ရှီအဟ် ဘာသာဝင်များ၏ အေမာမ်ဘာရာ ဖောက်ခွဲတိုက်ခိုက်မှု၏ အဓိကတရားခံ သေဆုံး
ပါကစ္စတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက ပက်ရှာဝါမြို့ အပြင်ဘက်ဒေသတစ်ခုတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း ISIS-K (ISIL-K / အိုင်အိုက်စ် ခိုရာဆန်)အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူများအနက်တစ်ဦးမှာ အစ္စလာမ်မာဘတ်မြို့ရှိ “ခဒီဂျသိုလ်ကူဘရာ” အေမာမ် ဘာရာ တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲတိုက်ခိုက်မှု၏ အဓိကတရားခံဖြစ်ကြောင်း ဖော်ပြထားပါတယ်။
-
ကာ့ဒ်နိုင်ငံရေးသမား / အာဘီလ်မှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာနေသည်ဆိုခြင်းမှာ လိမ်လည်သတင်းဖြစ်
လွတ်လပ်သော ကာ့ဒ်နိုင်ငံရေးသမားဒီယာ ဟာဖယ်လ်က ယနေ့ သောကြာနေ့တွင် အီရတ်နိုင်ငံ အာဘီလ်မြို့မှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာနေသည်ဆိုသည့် သတင်းများကို “မီဒီယာမှ ဖြန့်ဝေနေသော လိမ်လည်သတင်း” ဟု ခေါ်ဆိုခဲ့ပြီး၊ ထိုသို့သော ပြောဆိုမှုများကို ပြည်တွင်းနှင့် ပြည်ပတွင် ထင်ရှားသော ရည်ရွယ်ချက်များဖြင့် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
လူကြိုက်များမှု အထွတ်အထိပ် ရောက်တဲ့ ထရမ့် — အိမ်သာသန့်ရှင်းရေး ဘရပ်ရှ်အဖြစ်တောင် သရော်ခံရ ။ ။ video
အဗ်နာ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထူးခြားတဲ့ ဆံပင်ပုံစံကို အိမ်သာသန့်ရှင်းရေး ဘရပ်ရှ်အဖြစ် ပုံဖော်ထားတဲ့ ပစ္စည်းတစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။ လူကြိုက်များမှု အထွတ်အထိပ် ဆိုတဲ့ စကားလုံးနဲ့ အိမ်သာသန့်ရှင်းရေးပစ္စည်းကို တမင်တွဲဖက်ပုံဖော်ထားတာက ထရမ့်ရဲ့ နိုင်ငံရေးပုံရိပ်ကို ဟာသဆန်ဆန် ထင်ရှားစွာ သရော်ထားတာ ဖြစ်ပါတယ်။
-
အီရန် သမ္မတ၏ ပထမဒုတိယဥက္ကဋ္ဌ၏ ကွမ်း ခရီးစဉ် ဒုတိယနေ့ ။ ။ Photos
အဗ်နာ ။ ။အီရန်သမ္မတ၏ ပထမဒုတိယသမ္မတ ဒေါက်တာ မိုဟမ္မဒ် ရေဇာ အာရစ်ဖ် သည် တနင်္လာနေ့၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက် နေ့ တွင် ကွမ်မြို့သို့ သွားရောက်သည့် ခရီးစဉ်၏ ပထမနေ့ဖြစ်ပါတယ်။ မွန်းလွဲပိုင်းတွင် အလီ အစ်ဗ်နေ ဂျအ်ဖရ် အာဇာနည်များ သင်္ချိုင်း သို့ သွားရောက်ခဲ့ပါတယ်။ ထို့နောက် အီရန်၊ အီရတ်စစ်ပွဲ နှင့် ရမ်ဒွါန် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အာဇာနည်များ၏ သင်္ချိုင်းများကို သွားရောက်ဇေယာရသ် ပြုပြီးနောက် ကွမ်းမြို့ ဟောင်ဇာသိပ္ပံပညာရှင်များအသင်း (Society of Qom Seminary Teachers) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ ပါတယ်။
-
လားတာကီယာတွင် ဆီးရီးယားစစ်တပ်မှ လေယာဉ်မှူးဟောင်း ၉ ဦးကို စစ်ရာဇဝတ်မှုဖြင့် ဖမ်းဆီး
ဆီးရီးယားနိုင်ငံ အနောက်ပိုင်းရှိ လားတာကီယာပြည်နယ်တွင် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များက ယခင်လေယာဉ်မှူး ၉ ဦးကို ကြာသပတေးနေ့တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့အနက် ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ဘက်အရာရှိ ၃ ဦးလည်း ပါဝင်ပြီး၊ ဘရှာ အယ်လ်-အာဆတ် အစိုးရလက်ထက်က ဆီးရီးယားမြို့များနှင့် ကျေးရွာများကို သေဆုံးမှုများပြားစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရပါတယ်။
-
အီရန်၊ တရုတ်နှင့် ရုရှားတို့က IAEA ဘုတ်အဖွဲ့တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ပယ်ချ
အဆိုပါနိုင်ငံသုံးနိုင်ငံက အီရန်၏ နျူကလီးယားကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လွှဲပြောင်းရန်နှင့် အီရန်အပေါ် “Snapback Mechanism” ကို အသက်သွင်းရန် ကြိုးပမ်းမှုသည် အခြေအမြစ်မရှိသည့်အပြင် တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ယီမင်တွင် ဆော်ဒီတပ်မှူး၏ စစ်ရေးအရှက်ရဖွယ်ဖြစ်ရပ် ပေါ်ပေါက်လာ
ယီမင်စစ်ရေးကျွမ်းကျင်သူတစ်ဦးက ယီမင်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် ဆော်ဒီအာရေဗျနှင့် ဆက်နွယ်သည့် တပ်ဖွဲ့များ၏ ခေါင်းဆောင်တစ်ဦးသည် မိမိတို့၏ တပ်ဖွဲ့ဝင်များနှင့် ဒဏ်ရာရစစ်သား များကို စွန့်လွှတ်ထားခဲ့သည့် စစ်ရေးအရှက်ရဖွယ်ဖြစ်ရပ်ကို ဖော်ထုတ် ပြောကြား ခဲ့ပါတယ်။
-
ဂါဇာတွင် ရွှံ့အုတ်၊ သစ်သား နှင့် ပလတ်စတစ်များဖြင့် အိမ်များ ပြန်လည်တည်ဆောက်ခြင်း။ ။ Photos
အဗ်နာ ။ ။ ဂါဇာရှိ ပါလက်စတိုင်းပြည်သူများသည် ဆောက်လုပ်ရေးပစ္စည်းများ ရှားပါးနေသည့် အခြေအနေတွင် လက်ဖြင့်ပြုလုပ်ထားသော ရွှံ့အုတ်များကို ဖန်တီးအသုံးပြုကာ သစ်သား၊ အထည်နှင့် ပလတ်စတစ်များကိုပါ အသုံးပြု၍ စစ်ပွဲအတွင်း ပျက်စီးခဲ့သည့် အိမ်များနှင့် ဆိုင်ခန်းများကို အပျက်အစီးများကြားတွင် ပြန်လည်တည်ဆောက်နေကြပါတယ်။
-
မိုင်ယသ် ဂိုစ်လ် ပြုလုပ်ပေးသည့် အမျိုးသမီးအဖွဲ့ဝင်များအား ဟဒီယာလက်ဆောင်များဖြင့် ဂုဏ်ပြု ။ ။ Photos
အဗ်နာ ။ ။ မန္တလေးမြို့ရှိ MDY Shia Jarmay Masjid မှ မိုင်ယသ် ဂိုစ်လ် ပြုလုပ်ပေးသည့် အမျိုးသမီးအဖွဲ့ဝင်များ၏ ဝန်ဆောင်မှု နှင့် စေတနာ့ဝန်ထမ်းလုပ်ဆောင်မှုများကို အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် ဟဒီယာလက်ဆောင်များ ပေးအပ်ကာ ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။ Photos Credit - MDY shia Jarmay Masjid
-
အီရန်နိုင်ငံ ဒုတိယသမ္မတ၏ ကွမ်း မြို့ ခရီးစဉ် ပထမနေ့။ ။ Photos
အဗ်နာ ။ ။အီရန်သမ္မတ၏ ပထမဒုတိယသမ္မတ ဒေါက်တာ မိုဟမ္မဒ် ရေဇာ အာရစ်ဖ် သည် တနင်္လာနေ့၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက် နေ့ တွင် ကွမ်မြို့သို့ သွားရောက်သည့် ခရီးစဉ်၏ ပထမနေ့ဖြစ်ပါတယ်။မွန်းလွဲပိုင်းတွင် အလီ အစ်ဗ်နေ ဂျအ်ဖရ် အာဇာနည်များ သင်္ချိုင်း သို့ သွားရောက်ခဲ့ပါတယ်။ ထို့နောက် အီရန်၊ အီရတ်စစ်ပွဲ နှင့် ရမ်ဒွါန် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အာဇာနည်များ၏ သင်္ချိုင်းများကို သွားရောက်ဇေယာရသ် ပြုပြီးနောက် ကွမ်းမြို့ ဟောင်ဇာသိပ္ပံပညာရှင်များအသင်း (Society of Qom Seminary Teachers) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ ပါတယ်။
-
ကူနွတ်သ် နှင့် စဂျ်ဒဟ်များ တွင် ထည့်ထည့်ဖတ်ပေးရန် အာယာသွလ္လာဟ် ဖွာတွေမီနေယာ (ရ.ဟ) တိုက်တွန်းထားသည့် ဒိုအာတို
အာယာသွလ္လာဟ် ဖွာတွေမီနေယာ (ရ.ဟ) က မုအ်မင်များအနေဖြင့် ကူနွတ်သ် နှင့် စဂျ်ဒဟ်များ ပြုလုပ်ချိန်များတွင် မှတ်ရလွယ်ကူပြီး အဓိပ္ပါယ်ပြည့်ဝသည့် “اللهم عافنا واعف عنا” “ အလ္လာဟ်ဟွန်မာ အာဖေနာ ဝါအ်ဖိုအန်နာ ” ဒိုအာတိုကို ထည့် ဖတ်ကြားရန် တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။
-
ယီမင် အန်ဆွာရိုလ္လာဟ် ၏ ပြင်းထန်သော ထိုးစစ်များ၊ အယ်လ်မိုခါပြီးနောက် ဇူကာကျွန်းလည်း လွတ် မြောက်
ပြင်သစ်သတင်းအေဂျင်စီ၏ သတင်းအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့ ကြာသပတေး နေ့တွင် မဟာဗျူဟာအရ အရေးပါသည့် အယ်လ်မိုခါမြို့ကို သိမ်းပိုက်ပြီးနောက် ပင်လယ်နီ၏ တောင်ပိုင်း တွင် တည်ရှိသည့် မဟာဗျူဟာမြောက် ဇူကာကျွန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
-
ဂါဇာတွင် ပါလက်စတိုင်း အာဇာနည် ၁၀၀ ၏ ရုပ်အလောင်းများ သယ်ဆောင်မြှုပ်နှံခြင်း။ ။ Photos
အဗ်နာ ။ ။ ဂါဇာမြို့ရှိ ဇေတူန်ရပ်ကွက်တွင် အပျက်အစီးများအောက်မှ အချိန်အတန်ကြာပြီးနောက် ပြန်လည်တွေ့ရှိကာ ထုတ်ယူနိုင်ခဲ့သည့် ပါလက်စတိုင်း အာဇာနည် ၁၀၀ ၏ ရုပ်အလောင်းများကို သယ်ဆောင်ပို့ဆောင်သည့် အခမ်းအနားကို ၎င်းတို့၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျင်းပခဲ့ပါတယ်။
-
ယီမင်နိုင်ငံ၏ ဟူသီ သူရဲကောင်းများကို ဂုဏ်ယူ ပါတယ် ။ ။ video
အဗ်နာ ။ ။ အကြမ်းဖက်မှု မတရား မှုမှန်သမျှ ကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး တော်လှန် ကြတဲ့ ယီမင်နိုင်ငံ၏ ဟူသီ (ဟူစီ) သူရဲကောင်းများကို ဂုဏ်ယူပါတယ်။
-
အဗ်ဒိုစ်စလာမ် က ဆော်ဒီအာရေဗျ၏ ငြိမ်းချမ်းရေးဆန့်ကျင်သော သဘောထားကို ဝေဖန်
ဆာနာမြို့၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီ အကြီးအကဲမိုဟမ္မဒ် အဗ်ဒိုစ်စလာမ် က ဆော်ဒီအာရေဗျ၏ သဘောထားကို ဝေဖန်ပြောဆိုခဲ့ပြီး ရီယာ့ဒ်အနေဖြင့် တင်းမာမှုများ မြှင့်တင်ခြင်း နှင့် ပြစ်မှုများကျူးလွန်ခြင်းအစား ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုကို အပြုသဘောဖြင့် တုံ့ပြန်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။