-
စစ်ပွဲ ကို မီးထိုးလှုံ့ဆော်နေသော အုပ်ချုပ်သူများကို မိမိတို့၏ ဆန္ဒပြမှုများအား လမ်းကြောင်းလွှဲခွင့် မပြုကြပါနှင့် / ကာလီဗါဖ်
အီရန်ပါလီမန်ဥက္ကဋ္ဌက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများနှင့် ယင်းဆန္ဒပြမှုများ၏ ဦးတည်ချက်၊ ရည်မှန်းချက်တို့ကို ပြောင်းလဲရန် အာဏာပိုင်များက ကြိုးပမ်းနေခြင်းနှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ပါတယ်။
-
ဆောင်းရာသီရောက်ရှိလာသည်နှင့်အမျှ ဥရောပတွင် ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာနိုင်ခြေရှိ
အမေရိကန်သတင်းဝက်ဘ်ဆိုက် ပိုလီတီကို (Politico) က လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အိမ်ရာအကျပ်အတည်းနှင့် လူငယ်များအကြား မကျေနပ်မှုများ တိုးပွားလာခြင်းတို့ကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ဆောင်းဦးရာသီနှင့် ဆောင်းရာသီအတွင်း ဆန္ဒပြပွဲများ ပိုမိုများပြားလာနိုင်ကြောင်း သတိပေးထားပါတယ်။
-
၂၀၂၆ ခုနှစ် အယန်းမေ ဖွာတွေမီယဟ် (စ.အ) အတွက် အေမာမ် အလီ (အ.စ) ရောင်ဇာတော်တွင် အလံများ နှင့် ဆိုင်းဘုတ်များ ချိတ်ဆွဲ ။ ။ Photos
အဗ်နာ ။ ။ ၂၀၂၆ ခုနှစ် အယန်းမေ ဖွာတွေမီယဟ် (စ.အ) အတွက် အေမာမ် အလီ (အ.စ) ရောင်ဇာတော်တွင် အလံများ နှင့် ဆိုင်းဘုတ်များ ချိတ်ဆွဲနေပါတယ်။
-
အသိပညာထက် သက္က်ဝါး ကို ဦးစားပေးပါ / အာယာသွလ္လာဟ် ရှိက်ခ် ဘာကဲရ် အီရ်ဝါနီ
အာယာသွလ္လာဟ် ရှိက်ခ် ဘာကဲရ် အီရ်ဝါနီ က သက္က်ဝါး မရှိဘဲ အသိပညာကို ဆည်းပူးခြင်းသည် မိမိကိုယ်တိုင်သာမက အခြားသူများကိုပါ ပျက်စီးစေနိုင်ကြောင်း သတိပေးမိန့်ကြားခဲ့ပြီး၊ ကုရ်အာန်ကျမ်းတော်မြတ်၏ လမ်းညွှန်ချက်ကို အခြေခံကာ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေခြင်း၊ မိမိ၏ လုပ်ရပ်များကို ပြန်လည်ဆင်ခြင်ခြင်းနှင့် သက္က်ဝါး ရှိသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းတို့၏ အရေးပါမှုကို အလေးအနက် တိုက်တွန်းထားပါတယ်။
-
ဟော်မုဇ်ရေလက်ကြားကို ကျူးကျော်ဝင်ရောက်သည့် ကုန်တင်သင်္ဘောတစ်စင်းကို အီရန် က ပစ်မှတ်ထား တိုက်ခိုက် ။ ။ video
အဗ်နာ ။ ။ ဟော်မုဇ်ရေလက်ကြားကို ကျူးကျော်ဝင်ရောက်သည့် ကုန်တင်သင်္ဘောတစ်စင်းကို အီရန် က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
-
ရှိက်ခ်ဗဟာအီ (ရ.ဟ)သင်ကြားပေးထားသည့် နမာဇ်ဇေ ဟာဂျသ်
ရှိက်ခ်ဗဟာအီ (ရ.ဟ)သင်ကြားပေးထားသည့် နမာဇ်ဇေ ဟာဂျသ် ( ဆုတောင်းပြည့်ဝ နမာဇ် ) အားတင်ပြလိုက်ပါတယ်။
-
ရီယာ့ဒ်မြို့တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ကြားရ
ဆော်ဒီမီဒီယာများ၏ ဖော်ပြချက်အရ ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် ရီယာ့ဒ်တွင် လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခုကိုလည်း ကြားခဲ့ရကြောင်း သိရပါတယ်။
-
အပေါ့အလေးသွား ချိန် မကရူးဟ် ဖြစ်စေသည့် အရာအချို့
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ဖသ်ဝါ (ဓမ္မသတ်ဆုံးဖြတ်ချက်) အရ အပေါ့အလေးသွား ချိန် (အိမ်သာတက်ချိန်) မကရူးဟ် ဖြစ်စေသည့် အရာအချို့ ကို တင်ပြလိုက်ပါတယ်။
-
အီရန်ပါလီမန် ဥက္ကဋ္ဌနှင့် အမြင့်ဆုံးခေါင်းဆောင် တွေ့ဆုံဆွေးနွေး
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ နှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ပါတယ်။
-
တီဟီရန်မြို့ တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သံတိုင်နောက်ကွယ်၌ ပုံဖော်ပြသ ။ ။ Photos
အဗ်နာ ။ ။ အီရန်အနုပညာရှင်တစ်ဦးသည် တီဟီရန်မြို့တော် ရှိ လူစည်ကားသော တဂျ်ရစ်ရှ်ရင်ပြင်တွင် အနုပညာတပ်ဆင်ပြသမှုတစ်ခုမှတစ်ဆင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သံတိုင်နောက်ကွယ်၌ ရှိနေသည့်ပုံစံဖြင့် ပုံဖော်ပြသခဲ့ပါတယ်။ အဆိုပါအနုပညာလက်ရာတွင် “ဤမြင်ကွင်းကို မကြည့်ခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်သည်” ဟူသော ဆောင်ပုဒ်ကို ရေးသားထားပါတယ်။
-
တူရန် ဒေသတွင် အာရှကျားသစ် «တယ်လ်ခါဘ်» ၏ စတုတ္ထအကြိမ်မြောက် အောင်မြင်စွာ မျိုးပွား ။ ။ video
အဗ်နာ ။ ။ အီရန် နိုင်ငံ ဆင်မ်နန် ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး ယူစွဖ်ပူးရ်က ရှာဟ်ရူးဒ်မြို့ရှိ တူရန်အမျိုးသားဥယျာဉ်အတွင်း ကင်မရာထောင်ချောက်များမှ တစ်ဆင့် သားပေါက်များနှင့်အတူရှိနေသည့် «တယ်လ်ခါဘ်» (ခေါ်) «ခူရ်ရှီးဒ်» အမည်ရှိ အာရှကျားသစ်မ၏ ပုံရိပ်များကို မှတ်တမ်းတင်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန်ကြည်းတပ်၏ အာရက်ရှ်ဒရုန်း အဆင့်မြှင့်တင်မှု / ထိပ်ဖူးဗုံးအလေးချိန် ၁၀၀ ကီလိုဂရမ်အထိ တိုးမြှင့် ။ ။ video
အဗ်နာ ။ ။ အီရန်ကြည်းတပ်သည် အာရက်ရှ် (Arash) တိုက်ခိုက်ရေးဒရုန်းကို အဆင့်မြှင့်တင်ထုတ်လုပ်လျက်ရှိပြီး နောက်ဆုံးမော်ဒယ်တွင် ထိပ်ဖူးဗုံးအလေးချိန်ကို ၅၀ ကီလိုဂရမ်မှ ၁၀၀ ကီလိုဂရမ်အထိ တိုးမြှင့်ထားသည့်အပြင် ဉာဏ်ရည်တုနည်းပညာဖြင့် ပစ်မှတ်တိကျမှုကို မြှင့်တင်ကာ ဂျက်အင်ဂျင်သုံး မော်ဒယ်သစ်ကိုလည်း ထုတ်လုပ်ထားပါတယ်။
-
အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နိုင်ငံတကာညီလာခံ၏ ကြိုတင်ဆွေးနွေးပွဲ ။ ။ Photos
အဗ်နာ ။ ။ အလာမဟ် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နိုင်ငံတကာညီလာခံ၏ ပညာရပ်ဆိုင်ရာ ကြိုတင်ဆွေးနွေးပွဲကို အစ္စလာမ်ဘာသာဝင်များ၏ ကမ္ဘာ နှင့် နိုင်ငံတကာနယ်ပယ်တွင် ဂုဏ်သိက္ခာမြင့်မားသော အာဇာနည်ပုဂ္ဂိုလ်ကြီး ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ အခန်းကဏ္ဍနှင့် ဂုဏ်ဒြပ်တို့ကို ပြန်လည်သုံးသပ်လေ့လာခြင်းဟူသော ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့ အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆ ခုနှစ် တွင် အီရန်နိုင်ငံ၊ ကွမ်းမြို့ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
-
အီရန်နိုင်ငံ အာဒ်ဘီလ်ဒေသမှ သုတေသီ ၁၄ ဦး ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်များစာရင်းတွင် ပါဝင်လာ
အီရန်နိုင်ငံ အာဒ်ဘီလ်တက္ကသိုလ်၏ နည်းပညာနှင့် သုတေသနဌာန တာဝန်ခံ ရှာမင် ဂိုလီဇာဒေဟ် က ကမ္ဘာ့အသိအမှတ်ပြု သိပ္ပံပညာရှင်များစာရင်းတွင် အာဒ်ဘီလ်ဒေသမှ သုတေသီ ၁၄ ဦး၏ အမည်များ ပါဝင်လာကြောင်း ပြောကြားခဲ့ပါတယ်။
-
ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟောင်း ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ကို စော်ကားသူ အား ဟစ်ဇ်ဘိုလာ ထောက်ခံသူများ က ပညာပေး ။ ။ video
အဗ်နာ ။ ။ လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာအဖွဲ့ကို ထောက်ခံသူများသည် ဆီးရီးယားနိုင်ငံသားတစ်ဦးကို အပေါ် အဝတ်အစားများ ချွတ်ပစ်ခဲ့၍ ဆုံးမ ခဲ့ကြောငူကြောင်း သိရပါတယ်။ အဆိုပါအမျိုးသားသည် အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ) ကို ထောက်ခံသူတစ်ဦးဟု ဆိုကြပြီး၊ ဟစ်ဇ်ဘိုလာအဖွဲ့၏ ယခင်ခေါင်းဆောင် ဟောင်း ဟာဆန် နာဆရယ်လာ၏ ဓာတ်ပုံပေါ် ခြေထောက်တင်နင်းနေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီးနောက် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
-
ဆီရစ်ခ်ဒေသ ကို တိုက်ခိုက် ခဲ့ သည့် အမေရိကန် MQ-9 ဒရုန်းကို အီရန်က ပစ်ချ
အီရန်နိုင်ငံ ဆီရစ်ခ်ဒေသတွင် အီရန်စံတော်ချိန် ညသန်းခေါင် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု၌ ပါဝင်ခဲ့သည်ဟု ဖော်ပြထားသော အမေရိကန် MQ-9 အမျိုးအစား မောင်းသူမဲ့လေယာဉ်ကို အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်မှတ်ထားတိုက်ခိုက်ကာ ပစ်ချဖျက်ဆီးခဲ့ပါတယ်။
-
ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများ ။ ။ Photos
အဗ်နာ ။ ။ လောင်စာဆီဈေးနှုန်းများ နှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းကို ကန့်ကွက်ဆန္ဒပြရန် ပြင်သစ်နိုင်ငံရှိ မြို့အသီးသီးတွင် လူသောင်းပေါင်းများစွာ လမ်းပေါ်သို့ ထွက်လာခဲ့ကြပါတယ်။ အဆိုပါဆန္ဒပြပွဲများအတွင်း လူရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ပါရီမြို့တွင် မော်တော်ယာဉ်များကို မီးရှို့ခဲ့ကြပြီး ဆိုင်များကိုလည်း လုယက်ဖျက်ဆီးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်ဆန္ဒပြသူများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများနှင့် ရေဖိအားပြင်းသည့် ရေဖြန်းယာဉ်များကို အသုံးပြုခဲ့ပါတယ်။
-
အီရန်နိုင်ငံ ဆီရစ်ဒေသတွင် ပေါက်ကွဲမှုဖြစ်ပွား/ အမေရိကန်နှင့် အစ္စရေးတို့၏ လှုပ်ရှားမှုများကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာနိုင်
အီရန်နိုင်ငံတောင်ပိုင်း ဆီရစ် ဒေသတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီး၊ အဆိုပါဖြစ်စဉ်သည် အီရန်က ဖြန့်ကြက်ချထားသည့် သင်္ဘောဖျက်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေပါတယ်။
-
အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုကျူးကျော်မှုကို တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချ
တရုတ်နိုင်ငံသည် အီရန် နိုင်ငံ အပေါ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးကျော်မှုဟု သတ်မှတ်ကာ ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။
-
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက ဆော်ဒီအာရေဗျရှိ အဓိကပစ်မှတ် ၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာ
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က စစ်ဆင်ရေးအများအပြား ပြုလုပ်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံရှိ အာရမ်ကို ကုမ္ပဏီ၊ ရေနံမြေ၊ နိုင်ငံတကာလေဆိပ်များ၊ လေတပ်စခန်းနှင့် ရေဒါစခန်းများအပါအဝင် အဓိကပစ်မှတ် ၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန်အပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက စစ်ပွဲအတွင်း ဝင်ရောက်ပါဝင်မည်ဟု အီရတ်လက်နက်ကိုင်အဖွဲ့ ကြေညာ
အီရတ်နိုင်ငံအခြေစိုက် “ ကတာအစ်ဘ် ဆယက်ဒ် ဒိုရှ်ရှိုဟဒါ ” လက်နက်ကိုင်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဘူ အာလာ အယ်လ်ဝလာအီက အီရန်နိုင်ငံအပေါ် “အမှန်တကယ် ပြင်းထန်သော ခြိမ်းခြောက်မှု” တစ်ရပ် ပေါ်ပေါက်လာပါက ၎င်းတို့အဖွဲ့သည် သက်ဆိုင်ရာ ပဋိပက္ခအတွင်း ဝင်ရောက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဆော်ဒီအာရေဗျ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး ခေါင်းဖြတ်ကွပ်မျက်ခံရမှုအပေါ် ဆန္ဒပြ ။ ။ video
အဗ်နာ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ဆော်ဒီအာရေဗျနိုင်ငံတွင် ခေါင်းဖြတ်ကွပ်မျက်ခံရမှုအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆာဗာမြို့နယ်၊ အာရှူလီဒေသရှိ အမျိုးသားအာဇာနည်ဗိမာန်ရှေ့တွင် အလုပ်သမားများက နေ့လယ်ပိုင်း၌ လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ကွပ်မျက်ခံရသည့် ရွှေ့ပြောင်းအလုပ်သမားနှစ်ဦး၏ အမှုတွင် တရားစီရင်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိ၊ မရှိ စိစစ်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက ဝင်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
-
အီရတ် ရှိ စွန်နီနိုင်ငံရေးအင်အားစုများအကြား အီရန်အပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေ
အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများအပေါ် အီရတ်နိုင်ငံရှိ စွန်နီနိုင်ငံရေးအင်အားစုများ၏ သဘောထားများမှာ တစ်သဘောတည်းမဟုတ်ဘဲ အမျိုးသားအကျိုးစီးပွား၊ အီရန်၏ သြဇာလွှမ်းမိုးမှုနှင့် ခုခံတော်လှန်ရေး၏ တရားဝင်မှုတို့အပေါ် မူတည်၍ ကွဲပြားလျက်ရှိပါတယ်။
-
တူရကီနိုင်ငံမှ ပြည်သူ့ စက်ဘီးစီးအဖွဲ့ «ဒီယာဘက်ကီရ်» မှ «မီးနာဗ် » သို့ ခရီးစဉ်အတွင်း ကွမ်းမြို့သို့ ရောက်ရှိ ။ ။ Photos
အဗ်နာ ။ ။ အီရန် နှင့် တူရကီပြည်သူများအကြား ငြိမ်းချမ်းရေး၊ ချစ်ကြည်ရင်းနှီးရေး နှင့် စည်းလုံးညီညွတ်ရေး သတင်းစကားကို ပေးပို့ရန် ရည်ရွယ်၍ ဒီယာဘက်ကီရ်မြို့မှ မီးနာဗ် မြို့အထိ ခရီးနှင်နေသော တူရကီနိုင်ငံသား စက်ဘီးစီးပြည်သူ့အဖွဲ့သည် ဗုဒ္ဓဟူးနေ့၊ ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလ ၁၄ ရက်ေန့ မွန်းတည့်အချိန်တွင် ကွမ်းမြို့ သို့ ရောက်ရှိခဲ့ပါတယ်။ ၂၄ ရက်ကြာ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်သန်းခဲ့ပြီးနောက် အဖွဲ့ဝင်များသည် ကွမ်းမြို့သို့ ရောက်ရှိလာကာ ဇေယာရသ် ဝတ်ပြုခြင်းနှင့် မြို့ခံပြည်သူများနှင့် တွေ့ဆုံခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
-
အာရှမသန်စွမ်းအားကစားပြိုင်ပွဲ ၂၀၂၆ / အီရန်က ရွှေ ၃ ခု၊ ငွေ ၃ ခုနှင့် ကြေး ၂ ခု ဆွတ်ခူး
အီရန်မသန်စွမ်းအားကစားအဖွဲ့သည် ပဉ္စမအကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ ၏ ပထမနေ့တွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၆ အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပါတယ်။
-
ဂျမာအသ်ဖြင့် ဝတ်ပြုဆုတောင်းရာတွင် မအ်မူးမ် (နောက်လိုက်ဝတ်ပြုသူ) ၏ တာဝန်
အာယာသွလ္လာဟ် ရှဟီးဒ် ဆယက်ဒ် အလီ ခါမေနေအီ (အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် သက်ရောက်ပါစေ) သည် ဂျမာအသ်ဖြင့် ဝတ်ပြုချိန်တွင် မအ်မူးမ် (နောက်လိုက်ဝတ်ပြုသူ) ၏ တာဝန်နှင့်ပတ်သက်သော ဘာသာရေးဆိုင်ရာ မေးခွန်းတစ်ခုကို ဖြေကြားထားပါသည်။ စိတ်ဝင်စားသူများအတွက် အဆိုပါ မေးခွန်းနှင့် အဖြေကို အောက်တွင် ဖော်ပြအပ်ပါတယ်။
-
အီရန် နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး
အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ် အစ်ရှက် ဒါးရ် နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ပါတယ်။
-
ဘာလ်တစ္စတန်ဒေသတွင် ပထမဆုံးနဲဟ်ဂျုလ်ဗလာဂဟ် ညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၊ ဘာလ်တစ္စတန်ဒေသ၊ စကာဒူးမြို့၌ ကွယ်လွန်သူ အလာမဟ် ရှိက်ခ် မိုဟ်စင် အလီ နဂျဖီ (ရ.ဟ) အား ဂုဏ်ပြုအောက်မေ့သည့်အနေဖြင့် ဘာလ်တစ္စတန်ဒေသ၏ ပထမဆုံး နဲဟ်ဂျုလ်ဗလာဂဟ် ညီလာခံကို ကျင်းပခဲ့ပါတယ်။ ညီလာခံသို့ ဘာသာရေးပညာရှင်များ၊ သုတေသီများနှင့် စာပေပညာရှင်များ တက်ရောက်ခဲ့ကြပြီး နဲဟ်ဂျုလ်ဗလာဂဟ် ၏ ပညာရေး၊ ကိုယ်ကျင့်တရားနှင့် လူမှုရေးဆိုင်ရာ အရေးပါမှုများကို ဆွေးနွေးခဲ့ကြပါတယ်။ ဟောပြောသူများက တရားမျှတမှု၊ လူသားတန်းတူညီမျှရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားရေးတို့ကို အလေးပေးပြောကြားခဲ့ကြပြီး ယင်းကျမ်းပါ ပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သင်ကြားချက်များကို ဘာသာဂိုဏ်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်ကာ လူသားအားလုံးထံ ဖြန့်ဝေပြီး လက်တွေ့ဘဝတွင် ကျင့်သုံးရန် တိုက်တွန်းခဲ့ကြပါတယ်။
-
ဆော်ဒီအာရေဗျတွင် ကာတီဖ်ဒေသခံ ရှီအဟ် မွတ်စလင်မ် ငါးဦးကို အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် သေဒဏ်စီရင်
ဆော်ဒီအာရေဗျနိုင်ငံသည် ကာတီဖ်ဒေသမှ ရှီအဟ် မွတ်စလင်မ် ငါးဦးကို အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် စွဲချက်များဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါစွဲချက်များသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုထားပြီး လူ့အခွင့်အရေး၊ တရားမျှတသော တရားစီရင်မှုနှင့် ရှီအဟ် လူမှုအသိုင်းအဝိုင်းများအပေါ် ဆက်ဆံပုံတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာကြောင်း သိရပါတယ်။
-
ဆီးရီးယားနိုင်ငံရှိ ကင်ဆာလူနာများ ကုသစရိတ်ထက် သေဆုံးခြင်းက ပိုသက်သာနေသည့် အခြေအနေ
ဆီးရီးယားနိုင်ငံရှိ ကင်ဆာလူနာများသည် ရောဂါဝေဒနာ နှင့် ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကိုသာ ခံစားနေရခြင်းမဟုတ်ဘဲ ဆေးဝါး၊ ဆေးစစ်ဆေးမှု၊ သွားလာရေးနှင့် နေထိုင်ရေးစရိတ်များကိုပါ ရင်ဆိုင်နေရပါတယ်။ အဆိုပါကုန်ကျစရိတ်များသည် မိသားစုတစ်စု၏ လစဉ်ဝင်ငွေထက်ပင် ပိုမိုများပြားနိုင်ပြီး လူနာများကို ကုသမှုရပ်ဆိုင်းခြင်း သို့မဟုတ် နောက်ကျမှ ကုသခြင်းများ ဖြစ်စေပါတယ်။