၂၇ ဇွန် ၂၀၂၆ - ၂၀:၀၉
ရှဟီးဒ်ရဲဟ်ဗရ်အင်န်ကေလာဗ်အစ္စလာမ်မီ၏ရှဟာဒသ်ကို ကျွန်ုပ်တို့မမေ့သလိုမည်သည့်အခါမျှလည်းခွင့်လွှတ်မည်မဟုတ်ကြောင်းဆယက်ဒ် အဘာစ် အီရတ်က်ကျီပြောကြား‌

အီရန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက « အေမာမ်ဟိုစိုင်းန် (အ.စ.) ၏ ကြီးမြတ်သော စွန့်လွှတ်အနစ်နာခံမှုကို အစဉ်အမြဲ အမှတ်ရနေကြသကဲ့သို့ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ရှဟီးဒ်ဖြစ်မှုကိုလည်း မည်သည့်အခါမျှ မမေ့သလို ရဲဟ်ဗရ်ကို ရှဟီးဒ်လုပ်ခဲ့သူများကိုလည်း ခွင့်လွှတ်မည်လည်း မဟုတ်ပါ » ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က မိမိ ၏ သတင်းစကားတစ်ရပ်တွင် “အေမာမ် ဟိုစိုင်းန် (အ.စ.) ကို ရှီအဟ်မွတ်စလင်များက ရှဟီးဒ်များ၏ခေါင်းဆောင် ဟု ခေါ်ဆိုကြသည်မှာ ကရ်ဗလာ ကွင်းပြင်တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ လမ်းစဉ်အတွက် မိမိ၏ ပိုင်ဆိုင်မှု အရာအားလုံးကို စွန့်လွှတ်အနစ်နာခံခဲ့သောကြောင့် ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။

ထို့အပြင်  အစ္စလာမ်တော်လှန်ရေး၏ ရှဟီးဒ်များ၏ ခေါင်းဆောင် ဟု ၎င်းက ရည်ညွှန်းထားသော ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ရှဟီးဒ်ဖြစ်မှု ကိုလည်း ကျွန်ုပ်တို့ မည်သည့်အခါမျှ မေ့မည်မဟုတ်သလို ရဲဟ်ဗရ်ကို ရှဟီးဒ်လုပ်ခဲ့သူများကိုလည်း ခွင့်လွှတ် မည်လည်း မဟုတ်ပါ ဟု ဆက်လက် ပြောကြားခဲ့ပါတယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က « ဤစွန့်လွှတ်အနစ်နာခံမှုသည် အီရန်ပြည်သူများ၏ စုပေါင်းမှတ်ဉာဏ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတမ်း တည်ရှိနေမည်ဖြစ်ပြီး မည်သည့်အခါမျှ မေ့ပျောက်သွားမည် မဟုတ်ပါ  » ဟု လည်း အလေးအနက် ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha