၁၅ ဇူလိုင် ၂၀၂၅ - ၂၃:၅၉
စားနပ်ရိက္ခာ တိုးပွားပြီး အသက်ရှည်စေမည့် နည်းလမ်း

အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် စားနပ်ရိက္ခာ တိုးပွားပြီး အသက်ရှည် စေမည့် နည်းလမ်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسین علیه السلام :

مَنْ سَرَّهُ أَنْ يُنْسَأَ فِى أَجَلِهِ وَ يُزادَ فى رِزْقِهِ فَلْيَصِلْ رَحِمَهُ.

အေမာမ် ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အကြင်မည်သူမဆို သည် မိမိသေခြင်းကို မေ့လျော့ခြင်း (နှောင့်နှေးခြင်း) နှင့် မိမိစားနပ်ရိက္ခာ ကို တိုးပွား စေလိုလျင် ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊သားသမီး၊ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) ပြုရ မည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၁ ၊ စာမျက်နှာ ၉၁

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊သားသမီး၊ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) ၏ အရေးကြီးမှုကို သုံးသပ် နိုင်မည် ဖြစ်ပါတယ်။ ဝမ်းနည်း စွာ ဖြင့် ယနေ့ အများစုသည် ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊ သားသမီး၊ ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) မလုပ်ကြသူများ ၊ မေ့နေကြသူများ ဖြစ်ပါတယ်။ ဆေလဟ် ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊သားသမီး၊ဆွေမျိုးသားချင်း များကိုကြည့်ခြင်း၊ကူညီခြင်း) ပြုလုပ်ချိန်  မှာ အနည်း စလာမ် ပေး ခြင်း ၊ ကျန်းမာရေး မေးခြင်း စသည်တို့ကိုလည်း ပြုသင့်ပါတယ်။ ၎င်းတို့ကို ငွေကြေး ထောက်ပံ့ခြင်း ၎င်းတို့ ၏ အိမ်များ နှင့်ပတ်သက်ပြီး အဝင်အတွက် ပြုပေးခြင်းများသည်လည်း ဆေလဟ် ရဟ်မ် ဖြစ်ပါတယ်။ ယနေ့ အချို့ သည် သွေးမတော် သားမစပ် သည့် ငွေကြေး ဒုက္ခ ‌ရောက်နေသူများ ကို ကူညီကြပြီး မိမိ မိဘ၊ ညီအစ်ကိုမောင်နှမ ၊ ဦးလေးအ‌‌ဒေါ် စသည်ဖြင့် ဆွေမျိုးသားချင်းများ ငွေကြေး  ဒုက္ခ ရောက် နေ သည်ကို လျစ်လျူရှုထားကြသည်ကို အလွန် ဝမ်းနည်း ဖွယ်တွေ့နေရပါတယ်။ ကျနော်တို့အားလုံး ဆေလဟ် ရဟ်မ် အမြဲ ပြုနိုင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha