၈ ဖေဖော်ဝါရီ ၂၀၂၆ - ၂၂:၁၁
အီရန်စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဆော်ဒီအာရေဗျသို့ သွားရောက်

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးသည် ဒုတိယအကြိမ်မြောက် ထွန်းသစ်စ ဈေးကွက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် နှစ်နိုင်ငံအစည်းအဝေးများကျင်းပရန် ဆော်ဒီ အာရေဗျနိုင်ငံ၏ မြို့တော် ရီယာ့ဒ်သို့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရောက်ရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ ဒုတိယအကြိမ်မြောက် ထွန်းသစ်စ ဈေးကွက် ထိပ်သီး အစည်း အဝေး တွင် ပါဝင်ခြင်းနှင့် အခြားပါဝင်သည့်နိုင်ငံများမှ မိမိ နှင့် ရာထူးတူ ဝန်ကြီးများ နှင့် နှစ်နိုင်ငံတွေ့ဆုံမှုများကို အီရန် စီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီး ဆယက်ဒ်အလီ မဒနီဇါဒေဟ် ၏ ဆော်ဒီအာရေဗျခရီးစဉ်၏အရေးကြီးဆုံး အစီအစဉ်များ အဖြစ် ကြေညာခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် ထွန်းသစ်စဈေးကွက်ထိပ်သီးအစည်းအဝေးကို အယ်လ်အူလာမြို့တွင် ကျင်းပနေပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဆော်ဒီအာရေဗျအစိုးရတို့ ပူးတွဲလက်ခံကျင်းပကာ နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရှိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha