အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အထက်ပါမေးခွန်းကို ရှီအဟ်အာလင်မ် H.I ဆယက်ဒ် ရှဲဟ်ဗါဇ် အစ္စဖဟာနီက ၎င်း၏ YouTube Live Debate အစီအစဉ်တွင် မုဖ်သီ အဗ်ဒုလ်ဘာကီး အခွန်ဇါဒဟ်အား မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။
မုဖ်သီဆပ်က အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။
ဟဇရသ် အုမရ် (ရ.သွေ) ၏ ရှဟာဒသ်နှင့် ပတ်သက်၍ ပြောရလျှင်၊ မုဟရမ်လတွင် ရှဟာဒသ် ဖြစ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်ပါ။ ယင်းအချက်မှာ ထင်ရှားပါသည်။ သို့သော် ဒဖ်န် (သင်္ဂြိုဟ်) ခဲ့သောရက်သည် မုဟရမ်လ ၁ ရက်နေ့ ဖြစ်သည်ဟု ဆိုနိုင်ပါတယ်။
စွန်နီ သမိုင်းပညာရှင်များ၏ အဆိုအရ ဤကိစ္စနှင့် ပတ်သက်၍ ကျော်ကြားသော အမြင် ၅ မျိုးခန့် ရှိပါတယ်။
ပထမအမြင်အရ ဟဇရသ် အုမရ် (ရ.သွေ) သည် ဇူလ်ဟစ်ဂျ်ဂျဟ်လ ၂၇ ရက်နေ့တွင် ဝဖါသ် ဖြစ်ခဲ့ပါတယ်။ ၂၆ ရက်နေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၂၇ ရက်နေ့တွင် ဝဖါသ် ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယအမြင်အရ ဒဏ်ရာရရှိပြီးနောက် ၁ရက်အကြာတွင် နောက် ၃ ရက်အကြာတွင် ရှဟာဒသ် ရရှိခဲ့သည်ဟု ဆိုထားပါတယ်။
ထို့အပြင် ရှီအဟ်များက စွန်နီများသည် မုဟရမ်လ ၁ ရက်နေ့ကို ဟဇရသ် အုမရ် (ရ.သွေ) ၏ ရှဟာဒသ်နေ့အဖြစ် သတ်မှတ်ပြောဆိုခြင်းမှာ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ကို လျော့နည်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယူဆကြပါတယ်။
သို့သော် စွန်နီအမြင်အရ ထိုသို့မဟုတ်ဘဲ ဝမ်းနည်းကြေကွဲမှုမှာ နှစ်ဆတောင် ဖြစ်သွားသည်ဟု ယူဆကြပါတယ်။ အကြောင်းမှာ တမန်တော်မြတ် (ဆွ) ၏ ယောက်ကထီးတော် ဟဇရသ် အုမရ် (ရ.သွေ) ၏ ရှဟာဒသ်နှင့် တမန်တော် မြတ်မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ်တို့ကို အမှတ် ရစေသော ကြောင့် ဖြစ်သည်ဟု ဆိုကြပါတယ်။
နိဂုံးချုပ်အားဖြင့် ကျွန်ုပ်၏ သုတေသနပြုချက်အရ ဟဇရသ် အုမရ် (ရ.သွေ) သည် မုဟရမ်လ ၁ ရက်နေ့တွင် ရှဟာဒသ် ဖြစ်ခဲ့သည်ဟု ဆိုရန် မမှန်ကန်ပါ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment