ပါကစ္စတန်
-
H.I ဆယက်ဒ် ဂျဝါဒ် နကဝီ သည် COMSATS တက္ကသိုလ် တွင် ကျင်းပသော စီရသ်သွန်နဘီ (ဆွ) ညီလာခံသို့ တက်ရောက် ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံ ၏ မြို့တော် အစ္စလာမ်မာဘတ် ရှိ COMSATS တက္ကသိုလ် တွင် ကျင်းပသော စီရသ်သွန်နဘီ (ဆွ) ညီလာခံသို့ H.I ဆယက်ဒ် ဂျဝါဒ် နကဝီ တက်ရောက်ခဲ့ပါတယ်။
-
ပါကစ္စတန် မွတ်စလင်မ် ညီညွတ်ရေးကောင်စီ ၏ ဒုတိယဥက္ကဋ္ဌသည် အဗ်နာ နိုင်ငံတကာသတင်းဌာန သို့လာ ရောက် ကြည့်ရှု ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန်မွတ်စလင်ညီညွတ်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ H.I ဆယက်ဒ် အဲဟ်မဒ် အစ်က်ဗါလ် ရဇဝီ သည် နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အဗ်နာ နိုင်ငံတကာ သတင်းဌာနသို့ လာရောက် ကြည့်ရှု ခဲ့ပြီး အဗ်နာသတင်း ထောက်များနှင့် အင်တာဗျူးတစ်ခုတွင် ပါကစ္စတန်ရှိ ရှီအဟ် များ၏ အခြေအနေနှင့် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် မှုများအကြောင်း မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။
-
ကရာချီတွင် ရှီအဟ်များကို ပစ်မှတ်ထားသတ်ဖြတ်မှုများ ပြုလုပ်နေသည့် အကြမ်းဖက် သမားလေးဦးကို ဖမ်းဆီး
ပါကစ္စတန်၏ အကြမ်းဖက်မှုတန်ပြန်ရေးဌာနက လျှို့ဝှက်သတင်းအချက်အလက်များအပေါ် အခြေခံ၍ ကရာချီ တွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး တားမြစ်ထားသော အကြမ်းဖက်အဖွဲ့ လက်ရှ်ကရ် ဂျန်ဟ်ဂဝီ နှင့် ဆက်စပ် နေသော သံသယရှိသူလေးဦးကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ အနက် ပစ်မှတ်ထား သတ်ဖြတ်မှု ကျူးလွန် သူတစ်ဦး လည်း ပါဝင်ကြောင်း ကြေညာခဲ့ပါတယ်။
-
ဆင်းဒ် ကျောင်းသားကောင်စီ ၏ ကိုယ်စားလှယ်အဖွဲ့ သည် H.I ဆယက်ဒ် ရှဟဲန်ရှားဟ် ဟိုစိုင်းန် နကဝီ နှင့် နဂျဖ် မြို့ တွင် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံ ဆင်းဒ်ကျောင်းသားကောင်စီ၏ ဥက္ကဋ္ဌ H.I အေရ်ရှာဒ် အလီ နဂျဖီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် H.I ဆယက်ဒ် ရှဟဲန်ရှားဟ် ဟိုစိုင်းန် နကဝီ နှင့် နဂျဖ် မြို့ တွင် တွေ့ဆုံခဲ့ပြီး အရေးကြီး စကားများ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။
-
ပါကစ္စတန် အထက်လွှတ်တော်က ၂၇ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို အတည်ပြု
၂၇ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ပါကစ္စတန်အထက်လွှတ်တော်တွင် အတည်ပြုပြီး ဖြစ်ပါတယ်။ အဆိုပါပုဒ်မများကို အစဉ်လိုက်အတည်ပြုခဲ့ပါတယ်။
-
ပါကစ္စတန်နိုင်ငံ ဗလူချီစတန် ပြည်နယ်တွင် အကြမ်းဖက်သမားလေးဦး သေဆုံး
ပါကစ္စတန် နိုင်ငံ ဗလူချီစတန် ပြည်နယ်တွင် လုံခြုံရေးစစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမားလေးဦး သေဆုံး ခဲ့ကြောင်းသိရပါတယ်။
-
ပေရှာဝရ် တွင် အိုင်အက်စ် အိုင်အက်စ် ခိုရာစာန် ၏ အကြီးတန်း အဖွဲ့ဝင်တစ်ဦး အသတ်ခံရ
အတည်ပြုထားသော သတင်းများအရ နိုဆရသ် အမည်ရှိ အိုင်အက်စ် အိုင်အက်စ် ခိုရာစာန် အကြမ်းဖက်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးသည် မနေ့က ပါကစ္စတန်နိုင်ငံ ပေရှာဝရ် မြို့တွင် အမည်မသိ သေနတ်သမားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။
-
H.I ဆယက်ဒ် ရှဟဲန်ရှားဟ် ဟိုစိုင်းန် နကဝီ သည် ခိုင်းရ်ပူးရ် မီရေစ် ရှိ မဒဲရ်စဟ် ဂျာမေအဟ် စာနီယေ ဇဲဟ်ရာ (စ.အ) မှ ကျောင်းသူများ ကို ဆုံးမသြဝါဒ ပေး ။ ။
အဗ်နာ ။ ။ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ရှဟဲန်ရှားဟ် ဟိုစိုင်းန် နကဝီ သည် ပါကစ္စန် နိုင်ငံ ခိုင်းရ်ပူးရ် မီရေစ် ရှိ မဒဲရ်စဟ် ဂျာမေအဟ် စာနီယေ ဇဲဟ်ရာ (စ.အ) မှ ကျောင်းသူများ ကို ဆုံးမသြဝါဒ ပေး နေသည့် ပုံရိပ်များ ဖြစ်ပါတယ်။
-
ကရာချီမြို့ ၏ အိုရန်ဂီတောင်း မန်ဆောနာဂါအရပ် တွင် ရှီအဟ်လူငယ် တစ်ဦး သေနတ်နှင့် ပစ်သတ်ခံရ၍ ရှဟီးဒ် ဖြစ်
shia news alerts ၏ အစီရင်ခံစာ အရ ပါကစ္စတန် နိုင်ငံ ကရာချီမြို့ ၏ အိုရန်ဂီတောင်း မန်ဆောနာဂါအရပ် တွင် အာဒဒလ် ဟိုစိုင်းန် အမည် ရှိ ရှီအဟ်လူငယ် တစ်ဦးသည် သေနတ်နှင့် ပစ်သတ်ခံရ၍ ရှဟီးဒ် ဖြစ် ခဲ့ကြောင်း သိရှိရပါတယ်။ အထက်တရားရုံးရှေ့နေ ရရှစ်ဒ် ရဇဝီ ၏ အဆိုအရ သေနတ်နဲ့ပစ်သူ လူသတ်သမား မှာ တရားမဝင် အဖွဲ့ စေပါဟ်ဟေဆွဟာဗဟ် ၏ အဖွဲ့ဝင် ဖြစ်ကြောင်း သိရပါတယ်။ တရားမဝင် အဖွဲ့ စေပါဟ်ဟေဆွဟာဗဟ် ဆိုသည်မှာ ဆွဟာဗဟ်များ ကိုအကြောင်းပြ၍ ရှီအဟ် မုန်းတီးရေး ၊သတ်ဖြတ်ရေး လုပ်နေသည့် နာစေဘီ အကြမ်းဖက် အဖွဲ့ ဖြစ်ပါတယ်။
-
ပါကစ္စတန်နိုင်ငံ ၏ မြို့တော် မှာ အင်တာနက် ဖြတ်တောက်
ပါကစ္စတန်မြို့တော်ရှိ မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှုများကို သောကြာနေ့နံနက်တွင် ကြိုတင်သတိမပေးဘဲ ဖြတ်တောက်ခဲ့ ကြောင်း မြို့တော် အစ္စလာမ်မာဘတ်တွင် ဆန္ဒပြပွဲများကျင်းပရန် ဘာသာရေးအုပ်စုက ခြိမ်းခြောက်မှုကြောင့် ဤကဲ့သို့ ပြုလုပ်ခဲ့သည် ဖြစ်ကြောင်း သိရပါတယ်။
-
အီရန် နှင့် ပါကစ္စတန်ကြား ကုန်သွယ်ရေး ဖလှယ်မှု ယန္တရား ပြုပြင်ပြောင်းလဲရေး အတည်ပြု
သတင်းထူး - IRAN Uurdu သတင်းဌာန ၏ အစီရင်ခံစာအရ ပါကစ္စတန် ဝန်ကြီးဌာန က တင်သွင်း သည့် အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ တို့ ၏ အပြန်အလှန် ကုန်သွယ်မှု ဖလှယ်ရေး သဘောတူညီချက် ပြန်လည်ပြင်ဆင်သည့် ကူးသန်း ရောင်းဝယ်ရေး မူကြမ်းကို ပါကစ္စတန် ဘဏ္ဍာ ရေးဝန်ကြီး ဌာန က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
-
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီမှ ပါကစ္စတန် ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာ များ ပေးအပ် လှူဒါန်း
သတင်းထူး - ဆယက်ဒ် ကာစင်မ် အလီ နကဝီ ၏ အစီရင်ခံစာအရ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ညွှန်ကြားချက်အရ H.I ရှိက်ခ် အနဝရ်အလီ နဂျဖီ ၏ ဦးဆောင် ကြီးကြပ်မှု ဖြင့် ပါကစ္စတန် ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာ များ ပေးအပ် လှူဒါန်း ခဲ့ပါတယ်။
-
ဆွာဒစ်က်ကီးန်မွေးနေ့ကိုဂုဏ်ပြုသည်အနေနှင့် ပါကစ္စတန်၏ ရှီအဟ်ခေါင်းဆောင်ဟောင်းများကို ဂုဏ်ပြု သည် အနေဖြင့် အခမ်းအနား ပြုလုပ် ၊ ကွမ်း ။ ။ Photos
အဗ်နာ ။ ။ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ ရှိ မဒရ်စဟ် အေလ်မီယေဟ် ဖိုင်ဇီယဟ် တွင် ဆွာဒစ်က်ကီးန် (မဟာတမန်တော်မြတ် (ဆွ) နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မွေးနေ့ ရက်မြတ် မင်္ဂလာ ) မွေးနေ့ ကို ဂုဏ်ပြုသည် အနေ နှင့် ပါကစ္စတန် ၏ ရှီအဟ် ခေါင်းဆောင် ဟောင်းများ ( ရှဟီးဒ် H.I အာရေဖ် ဟိုစိုင်းန်နီ နှင့် မုဖ်သီ ဂျအ်ဖရ် ဟိုစိုင်းန် ) တို့ ကို ဂုဏ်ပြု သည် အနေဖြင့် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဤအခမ်းအနား တွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှ တရားရေအေး တိုက်ကျွေးခဲ့ပါတယ်။
-
ပါကစ္စတန် အွန်မသ်တစ်ရပ်တည်း ပါတီ ဥက္ကဋ္ဌ အဗ်နာ သတင်းဌာန သို့ လာရောက် ကြည့်ရှု ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် အွန်မသ်တစ်ရပ်တည်း ပါတီ ဥက္ကဋ္ဌ နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် H.I မိုဟမ္မဒ် မီးန် ရှဟီးဒ်ဒီ သည် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ အယ်ဒီတာ့အာဘော်ရုံးခန်းသို့ လာရောက်လည်ပတ်ပြီး သတင်းဌာန၏ လုပ်ဆောင်ချက် များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ပြီးနောက် အဗ်နာ သတင်းအေဂျင်စီ ၏ မန်နေဂျင်းဒါရိုက်တာ ဟစန် ဆဒရာယီ အာရေဖ် နှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်ပယ်အသီးသီးတွင် အပြန်အလှန်စွမ်း ဆောင်နိုင်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု၏ အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြပါတယ်။
-
တစ်နိုင်ငံအား တိုက်ခိုက်မှုကို နောက်တစ်နိုင်ငံအပေါ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်မည် ဟု ပါကစ္စတန်၊ ဆော်ဒီ အာရေဗျ ကာကွယ်ရေး သဘောတူညီချက် ရေးထိုး
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် တို့သည် ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗီးယားတို့ကြား မဟာဗျူဟာမြောက် အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက် (SMDA) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
-
ပါကစ္စတန် ၏ အကြီးဆုံး နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် အကျော်အမော် အီရန် ကာရီ နှင့် ဒိုင်လူကြီး အား ဖိတ်ကြား
အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်" ၏ ဒိုင်လူကြီးများအား ပါကစ္စတန်၏ အကြီးဆုံး နှစ်ပတ်လည် အခမ်း အနားသို့ ကြွရောက် ကြရန် ဖိတ်ကြား ထားပါတယ်။
-
မဟာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ မွေးနေ့အခါသမယတွင် ပါကစ္စတန် နိုင်ငံ ဂျာမေအသိုလ်ကောင်စဲရ် ဘက်မှ ရေဘေးသင့် သူများကို ဝန်ဆောင်မှုပေးဆောင်
ပါကစ္စတန် အိုလမာ ၏ ကြိုးပမ်းအားထုတ်မှုမှာ ပြည်သူလူထု အား အစ္စလာမ် ဘာသာသည် အေဗါဒသ် များနှင့် ဓလေ့ ထုံ တမ်းများကို လုပ်ရန် အတွက် သာမဟုတ်ဘဲ အခက်အခဲကျရောက်ချိန် တွင် ညီအစ်ကို ပီသမှု ၊ စတေးမှု ၊ ကိုယ်ချင်းစာနှုတို့လည်းပါဝင်ကြောင်း ဤသည် အမှန်တကယ် အစ္စလာမ်၏ ဝိညာဥ် ပုံဖော်နေခြင်း ဖြစ်ကြောင်း သိစေရန် ဖြစ်ပါတယ်။
-
ပါကစ္စတန် ၏ စားနပ်ရိက္ခာဖူလုံရေး နှင့် အမျိုးသားသုတေသနဝန်ကြီး သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) သို့ လာရောက် ဇေယာရသ် ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် ၏ စားနပ်ရိက္ခာဖူလုံရေး နှင့် အမျိုးသားသုတေသနဝန်ကြီး ရာနာ သနဝီးရ် ဟိုစိုင်းန် သည် အီရန်နိုင်ငံ ကွမ်း မြို့တော် ရှိ သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် ကွမ်း (စ.အ) သို့ လာရောက် ဇေယာရသ် ပြု လုပ် ခဲ့သည် ပုံများ ဖြစ်ပါတယ်။
-
ပါကစ္စတန်ရှိ သက္က်ဖီးရီ အဖွဲ့ စေပါဟ်ဟေဆွဟာဗဟ် မှ ဂဒီးရ် သင်္ကေတကို ဖျက်ဆီး + ဗီဒီယို
ပါကစ္စတန် နိုင်ငံ ၏ မြို့ တစ်မြို့ မြို့တွင် ဂဒီးရ် သင်္ကေတကို သက္က်ဖီးရီ အဖွဲ့ စေပါဟ်ဟေဆွဟာဗဟ် မှ တိုက်ခိုက် ဖျက်ဆီး ခဲ့ပါတယ်။
-
အီရန် နှင့် ပါကစ္စတန်တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးခဲ့
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် ပါကစ္စတန် အကြီးတန်း အရာရှိများထံတွင် နှစ်နိုင်ငံအကြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးခဲ့ ပါတယ်။
-
အီရန်သမ္မတ သည် အစ္စလာမဘတ် မြို့သို့ နှစ်ရက်ကြာ အလည်အပတ်ရောက်ရှိ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ပါကစ္စတန် သို့ နှစ်ရက်ကြာ အလည်အပတ်ခရီးဖြင့် မြို့တော် အစ္စလာမာဘတ်မြို့သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
-
အီရန် သမ္မတ သည် သြဂုတ် ၃ ရက် တနင်္ဂနွေနေ့ တွင် ပါကစ္စတန်သို့ သွားရောက်မည်
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် တနင်္ဂနွေနေ့ တွင် နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိနေပြီဟု ပါကစ္စတန်မီဒီယာ ရင်းမြစ် များ က ဖော်ပြပါတယ်။
-
ပါရာဂျနာရ် မြို့ တွင် ရှာမ်းမေဂရီဘာန် နမာဇ် ဇေ မဂ်ရိဗ် အပြီး အာယာသွလ္လာဟ် ခါမေနာအီ အား ထောက်ခံ ကြောင်း ဓာတ်ပုံများ ကိုင်ဆောင်၍ ပြသ ။ ။ Photos
အဗ်နာ ။ ။ပါကစ္စတန် နိုင်ငံ ပါရာဂျနာရ် မြို့ ရှိ ရှီအဟ် မွတ်စလင်မ်များ မှ မဇ်လူးမ် ပါလက်စတိုင်း ဘက်မှ ရပ်တည်ပေးနေသည့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား ထောက်ခံ ကြောင်း ဓာတ်ပုံများ ကိုင်ဆောင်၍ ပြသ ခဲ့ကြပါတယ်။
-
အေမာမ်ဘာရာ ဒရ်ဗါရ်ရေဟိုစိုင်းန်နီ မလိရ် တွင် ပြုလုပ် သည့် ၂၀၂၅ မုဟရမ် ၏ ပထမမြောက် မဂျ်လစ် ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံ ကရာချိ မြို့ ရှိ အေမာမ်ဘာရာ ဒရ်ဗါရ်ရေဟိုစိုင်းန်နီ မလိရ် တွင် ပြုလုပ် သည့် ၂၀၂၅ မုဟရမ် ၏ ပထမမြောက် မဂျ်လစ် ဖြစ်ပါတယ်။ ဤမဂျ်လစ် အား အဟောနှင့်အလုပ်ညီသည့် H.I ဆယက်ဒ် အလီရေဇာ ရဇဝီ မှ တရားရေအေးတိုက်ကျွေးခဲ့ပါတယ်။ မိုးတွင်းကာလ ဖြစ်လျင် မိုအ်မေနီ ၊မိုအ်မေနသ် လူပင်လယ်ပမာ တက်ရောက်ခဲ့ကြပါတယ်။
-
စွန္နီအာလင်မ် မုဖ်သီ ဆိုဟိုင်းလ်အမ်ဂျဒီ နှင့် ရှီအဟ် အာလင်မ် H.I ဒေါက်တာ ဒါဝူဒ်ဒါနီ တို့၏ စံပြုဖွယ် မြင်ကွင်း နှင့် စကားဝိုင်း
စွန္နီအာလင်မ် မုဖ်သီ ဆိုဟိုင်းလ်အမ်ဂျဒီသည် ရှီအဟ် အာလင်မ် H.I ဒေါက်တာ ဒါဝူဒ်ဒါနီ ၏မိခင် အလ္လာဟ် အမိန့်ခံသွားသည့် အတွက် ဝမ်းနည်းကြောင်း စကားပြောကြားရန် သွားရောက် တွေ့ဆုံခဲ့ပါတယ်။
-
ဆော်ဒီအာရေဗျတွင် ဖမ်းဆီး ခံခဲ့ရသည့် ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ သတင်း ယနေ့အထိဘာမှ မရှိ
ဆော်ဒီအာရေဗျနိုင်ငံတွင် ဆော်ဒီအာရေဗျနိုင်ငံ အိုမရဟ် ခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ သွာအေဖ် လေဆိပ်မှာ ပါကစ္စတန် ရှီအဟ် အာလင်မ် တစ်ပါး ဖြစ်သည့် ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ H.I ဂိုလာန်မ် ဟစနိုင်း ဝစ်ဂျ်သာနီ ကို ဖမ်းဆီးပြီး ၂၈ ရက်ကြာ ကြာနေပြီး ဖြစ်သော်လည်း ၎င်း၏ အခြေအနေနှင့် တည်နေရာနှင့် ပတ်သက်၍ မည်သည့် သတင်းမရရှိသေးကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။
-
ပါကစ္စတန်မြို့တော် မှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲများပြုလုပ် ။ ။ video
အဗ်နာ ။ ။ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်မှာ ပါလက်စတိုင်း ထောက်ခံသူ အများအပြားက "Free Gaza" ဆိုသည့် ညာသံ ကို ကြွေးကြော်ခဲ့ကြပါတယ်။
-
ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ အား ဆော်ဒီအာရေဗျတွင် ဖမ်းဆီး
ဆော်ဒီအာရေဗျနိုင်ငံ အိုမရဟ် ခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ သွာအေဖ် လေဆိပ်မှာ ပါကစ္စတန် ရှီအဟ် အာလင်မ် တစ်ပါး ဖြစ်သည့် ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ H.I ဂိုလာန် ဟစနိုင်း ဝစ်ဂျ်သာနီ အား ဖမ်းဆီးလိုက်ကြောင်း သိရှိရပါတယ်။