ပါကစ္စတန်
-
ယီမင်တိုက်ပွဲများအတွင်း ပါကစ္စတန်စစ်သားများ သေဆုံး၊ ဒဏ်ရာရနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ
ယီမင်နိုင်ငံအတွင်း ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့နှင့် အန်ဆွာရိုလ္လာဟ် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လာချိန်တွင် ပါကစ္စတန်စစ်သား ၁၁ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရရှိပြီး ၄၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။
-
အမေရိကန် ယာယီတာဝန်ခံ၏ စကာဒူခရီးစဉ်အပေါ် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ
အမေရိကန် ယာယီတာဝန်ခံသည် ယမန်နေ့က ပါကစ္စတန်နိုင်ငံ၊ ဘာလ်တစ္စတန်ဒေသရှိ စကာဒူမြို့သို့ သွားရောက်ခဲ့ပါတယ်။ ယင်းခရီးစဉ်အကြောင်း ပြည်သူများ သိရှိသွားသောအခါ မြို့အနှံ့အပြားတွင် အကြီးအကျယ် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။
-
ပါကစ္စတန် နဲ့ တူရကီ စိတ်ဓာတ် အစစ်အမှန် ပြ ဒစ်ဂျစ်တယ် ပန်းချီ ။ ။ cartoon
အဗ်နာ ။ ။ ပါကစ္စတန် နဲ့ တူရကီ စိတ်ဓာတ် အစစ်အမှန် ကို ကာတွန်း ဆရာမှ ဒီဂျီဒယ် ပန်းချီ ဖြင့် ရေးဆွဲ ရှင်းပြထားပါတယ်။
-
ပါကစ္စတန်၏ အာဖဂန်နစ္စတန်အပေါ် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ
ပါကစ္စတန်တိုက်လေယာဉ်များက ကန်ဒါဟာ၊ ပက်တီယာ နှင့် ခို့စ် ပြည်နယ် ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
-
အီရန်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆက်သွယ်ဆွေးနွေး၊ ဒေသတွင်းအခြေအနေများကို အမြင်ချင်းဖလှယ်
အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအခြေအနေများအကြောင်း ဆွေးနွေးခဲ့ပါတယ်။
-
ပါကစ္စတန်နိုင်ငံ ကိုဟတ်တွင် သေဆုံးသူများပြားသော ပေါက်ကွဲမှုဖြစ်ပွား / ၁၆ ဦးသေဆုံး ၊ ၅၀ ကျော်ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခတွန်ခွာပြည်နယ်၊ ကိုဟတ်ခရိုင်ရှိ ဗလီတစ်ခု နှင့် ရဲဌာနချုပ်အနီးတွင် သောကြာ နမာဇ် ဝတ်ပြုနေစဉ် ဗုံးတပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီး ပြင်းထန်စွာ ပေါက်ကွဲခဲ့ရာ အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအနက် ၅ ဦးမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး ဒဏ်ရာရသူအချို့၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရပါတယ်။
-
ပါကစ္စတန်ရှိ ရှီအဟ် ဘာသာဝင်များ၏ အေမာမ်ဘာရာ ဖောက်ခွဲတိုက်ခိုက်မှု၏ အဓိကတရားခံ သေဆုံး
ပါကစ္စတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက ပက်ရှာဝါမြို့ အပြင်ဘက်ဒေသတစ်ခုတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း ISIS-K (ISIL-K / အိုင်အိုက်စ် ခိုရာဆန်)အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူများအနက်တစ်ဦးမှာ အစ္စလာမ်မာဘတ်မြို့ရှိ “ခဒီဂျသိုလ်ကူဘရာ” အေမာမ် ဘာရာ တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲတိုက်ခိုက်မှု၏ အဓိကတရားခံဖြစ်ကြောင်း ဖော်ပြထားပါတယ်။
-
ပါကစ္စတန် မုဖ်သီ နှင့် အာယာတိုလာ ဘရှီးရ် နဂျဖီတို့ တွေ့ဆုံရာတွင် အစ္စလာမ့်အွမ္မဟ် စည်းလုံး ညီညွတ် ရေးကို အလေးပေး
ပါကစ္စတန် အစ္စလာမ်မစ် အယူဝါဒရေးရာကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ မုဖ်သီ ရာဂစ်ဗ် ဟိုစိုင်းန် နအီမီ သည် နဂျဖ်မြို့၌ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်းန်နဂျဖီး နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ထိုတွေ့ဆုံမှုတွင် အစ္စလာမ့်အွန်မ္မဟ်၏ စည်းလုံးညီညွတ်မှုနှင့် သွေးစည်းခိုင်မာမှု၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်မြတ်နိုးမှု၊ ဘာသာရေး နှင့် အစ္စလာမ့်တန်ဖိုးများကို မြှင့်တင်ရေး၊ မွတ်စလင်များအကြား ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် နည်းလမ်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
-
ဂျာမေအသိုလ်ကောက်စဲရ် ဗလီတွင် ကုရ်အာန် နှင့် ဟဒီးစ်ပြိုင်ပွဲများမှ ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်
ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ရှိ ဂျာမေအသိုလ်ကောက်စဲရ် ၏ ဗလီဝတ်ကျောင်းတော် တွင် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးစ်ဆိုင်ရာ ၁၈ ကြိမ်မြောက် ပြိုင်ပွဲများ၏ ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
-
“မွတ်စလင်မ်အွန်မ္မဟ်အတွက် ရင်ဆိုင်နေရသောအခက်အခဲများကိုစည်းလုံးညီညွတ်မှုနှင့် အမြော်အမြင်ရှိမှုဖြင့်ရင်ဆိုင်နိုင်သည်” / H.I ရာဂျာ နာဆေရ် အဘာစ် ဂျအ်ဖရီ
အပြည်ပြည်ဆိုင်ရာ အလ်ဘာကိရ်အဖွဲ့၏ တရားဟောပြောရေးဌာနနှင့် ပါကစ္စတန် အီမာမီယာ အူလမာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် တမန်တော်မြတ် မိုဟမ္မဒ်မွတ်စ်သဖာ (ဆွ) နှင့် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) တို့၏ မင်္ဂလာမွေးနေ့ရက်မြတ် အထိမ်းအမှတ် “အွန်မ္မဟ် စည်းလုံးညီညွတ်ရေးနှင့် ဆွာဒစ်က် ၏ သွန်သင်ချက်များ” ခေါင်းစဉ်ဖြင့် ကြီးကျယ်ခမ်းနားသော ဆွေးနွေးပွဲကို အစ္စလာမ်မာဘတ်မြို့ရှိ အလ်ဘာကိရ်စင်တာ၌ ကျင်းပခဲ့ပါတယ်။
-
လာဟိုးရှိ ဂျာမီယာ အွမ်မုလ်ကိတဗ် ၏ ကြီးမှူးမှုဖြင့် အမျိုးသမီးများအတွက် “အွန်မ်မတ်စည်းလုံးညီညွတ်ရေး” ညီလာခံ ကျင်းပ (၁) ။ ။ Photos
အဗ်နာ ။ ။ ဂျာမီယာ အွမ်မုလ်ကိတဗ် လာဟိုး နှင့် တဟ်ရိခ် ဘိဒါရီ အွန်မ်မတ်သ်သေမွတ်စ်သဖာ (အမျိုးသမီးများ) တို့၏ ကြီးမှူးမှုဖြင့် “အာဇာနည်အွန်မ်မသ်၏ အမြင်တွင် အွန်မ်မတ်စည်းလုံးညီညွတ်ရေး” ဟူသော ခေါင်းစဉ်ဖြင့် အမျိုးသမီးများအတွက် အွန်မ်မသ် စည်းလုံးညီညွတ်ရေး ညီလာခံကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်၊ ဟီဂျရီ ၁၄၄၈ ခုနှစ် ရဗီအုလ်အော်ဝလ် ၁၇ ရက်၊ တနင်္လာနေ့တွင် ကျင်းပခဲ့ပါတယ်။ ညီလာခံတွင် မွတ်စလင်မ် အွန်မ်မသ်တစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးနှင့် အချင်းချင်းညီညွတ်မှု၏ အရေးပါမှုကို အလေးထား ဖော်ပြခဲ့ပါတယ်။ Photos Credit - Islamimarkaz Current Affairs
-
ပါကစ္စတန်နိုင်ငံ ဂူဂျ်ရန်ဝါလာမြို့တွင် တမန်တော်မြတ် မုဟမ္မဒ် (ဆွ) မွေးနေ့အထိမ်းအမှတ် အခမ်းအနား။ ။ Photos
အဗ်နာ ။ ။ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) ၏ မင်္ဂလာရှိသော မွေးနေ့ကာလနှင့် တစ်ချိန်တည်းတွင် ပါကစ္စတန်နိုင်ငံ ဂူဂျ်ရန်ဝါလာမြို့ရှိ ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သည် တမန်တော်မြတ် (ဆွ) မွေးနေ့ အထိမ်းအမှတ် ခမ်းနားထည်ဝါသော လမ်းလျှောက် ချီတက်ပွဲ တစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။ ထိုသို့ ကျင်းပခြင်းအားဖြင့် တမန်တော်မြတ် မုဟမ္မဒ် (ဆွ) အပေါ် ၎င်းတို့၏ နက်ရှိုင်း သော ကြည်ညိုလေးစားမှုနှင့် ချစ်ခင်မြတ်နိုးမှုကို ဖော်ပြခဲ့ကြပါတယ်။
-
အီရန်နှင့် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးများကို ပါကစ္စတန်အစိုးရက ကြိုဆိုလက်ခံခဲ့သည့် မြင်ကွင်း ၂ ခု
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာဆာဒ် ဟာဆန် အယ်လ်ရှိုင်ဘာနီတို့ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိလာစဉ် ပါကစ္စတန်ဘက်က အစိုးရအဆင့်ဖြင့် ကြိုဆိုလက်ခံခဲ့သည့် ပုံရိပ် နှစ်ခု ဖြစ်ပါတယ်။ အီရန်နိုင်ငံခြား ရေးဝန်ကြီးသည် ဧပြီ ၂၀၂၆ တွင် အစ္စလာမ်မာဘတ်သို့ ရောက်ရှိခဲ့ပြီး၊ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း ဩဂုတ် ၂၀၊ ၂၀၂၆ တွင် တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။တစ်နည်း အားဖြင့် စကားပြောနေသည့် မြင်ကွင်း နှစ်ခု ဖြစ်ပါတယ်။
-
ဆီးရီးယား၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထောက်ခံကြောင်း ပါကစ္စတန်ပြော
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် ဆီးရီးယား၏ ကြားဖြတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် အရှေ့ အလယ် ပိုင်းဒေသ၊ အစ္စရေးက သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသနှင့် ပါလက်စတိုင်း၏ လက်ရှိ အခြေ အနေ တို့ကို ဆွေးနွေးခဲ့ကြပါတယ်။
-
ကရာချိမြို့အဖွဲ့၏ “ ဟိုစိုင်းန် နီမဟောလ်” လှုပ်ရှားမှုအဖြစ် သွေးလှူဒါန်းပွဲကျင်းပ၊ သွေး ၉၂ ပုလင်း စုဆောင်းရရှိ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အဖွဲ့က ပြုလုပ်သည့် “ ဟိုစိုင်းန် နီမဟောလ်” လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မေတ္တာ၊ ကရုဏာနှင့် လူသားချင်းစာနာမှုစိတ်ဓာတ်ဖြင့် သွေးလှူဒါန်းပွဲတစ်ရပ်ကို ကျင်းပခဲ့ ပါတယ်။ စေတနာရှင်များ၏ ရက်ရောစွာ ပါဝင်လှူဒါန်းမှုကြောင့် သွေး ၉၂ ပုလင်း စုဆောင်းရရှိခဲ့ပြီး အသက်ကယ်တင်နိုင်သည့် လူမှုဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရပါ တယ်။
-
မက္ကဟ် သဘောတူညီချက်သည် အီရန် နှင့် တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်လာ နိုင်သည် / အစ္စရေးမီဒီယာ
အစ္စရေးသတင်းစာ Haaretz ၏ ဖော်ပြချက်အရ ဆော်ဒီအာရေဗျ၊ တူရကီနှင့် ပါကစ္စတန်တို့အကြား မက္ကဟ် သဘောတူညီချက်အရ ဖွဲ့စည်းလာမည့် မဟာမိတ်အဖွဲ့သည် ရိုးရာစစ်ရေးမျက်နှာစာတစ်ခု ဖြစ်လာမည့်အစား အီရန်နှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်နှင့် ဒေသတွင်းအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နိုင်ငံရေးနှင့် သံတမန်ရေးရာ ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲလာနိုင်ကြောင်း ဖြစ်ပါတယ်။
-
အမေရိကန်၏ ထုတ်ပြန်ချက်များ သဘောတူညီချက်ချိုးဖောက်မှု၏ သက်သေဟု အီရတ်က်ကျီ ပြောကြား
အီရန်နိုင်ငံခြားရေးဝန်ကြီး က ပါကစ္စတန်တပ်မတော်အကြီးအကဲနှင့် စကားပြောဆိုမှုတွင် အမေရိကန်၏ တိုက်ခိုက်မှုများ ကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စလာမာဘတ် နားလည်မှုစာချွန်လွှာကို ချိုးဖောက်ကြောင်း အမေရိကန် က ဝန်ခံခြင်း နှင့် ယင်းအပေါ် လျစ်လျူရှုခြင်းသည် ဝါရှင်တန်၏ ကတိကဝတ်ချိုးဖောက်မှုနှင့် ရန်လိုသော မူဝါဒများကို ရှင်းရှင်းလင်းလင်း ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။
-
ဒိုဟာတွင် ကြားဝင်ညှိနှိုင်းသူများနှင့် အီရန်နှင့် အမေရိကန်တို့အကြား ညှိနှိုင်းမှုများ အပြီးသတ်၊ ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်ရန် သဘောတူညီ
ကာတာပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီရန်နှင့် အမေရိကန်မှ ကိုယ်စားလှယ်အဖွဲ့များနှင့် ကာတာနှင့် ပါကစ္စတန် ကြားဝင်ညှိနှိုင်းသူများအကြား သီးခြားတွေ့ဆုံမှုများတွင် နားလည်မှုစာချွန်လွှာနှင့် ပတ်သက်သည့် ကိစ္စရပ်များ တွင် အပြုသဘောဆောင်သော တိုးတက်မှုရရှိခဲ့ပြီး မကြာမီ နောက်ထပ်အစည်းအဝေးကို ခေါ်ယူရန် သဘော တူညီ ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ကျူရှင်စင်တာ အဆောက်အအုံ၏ အမိုးပြိုကျမှုကြောင့် ကလေး ၁၄ ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ကာဟ်နာ (Kahna) ဒေသရှိ ကျူရှင်စင်တာတစ်ခု၏ အမိုးပြိုကျခဲ့ရာ အပျက်အစီး များအောက်တွင် ပိတ်မိသဖြင့် ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။
-
ပါကစ္စတန် နိုင်ငံ လိုဝါဒီး ဒေသတွင် CTD ၏ စစ်ဆင်ရေးကြောင့် အကြမ်းဖက်သမား ၆ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံ ၊ ခိုင်ဘာပက်တွန်ခွာပြည်နယ်ရှိ လိုဝါဒီး ဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန (CTD) က စစ်ဆင် ရေးတစ်ခု လုပ်ဆောင်ခဲ့ရာ အလိုရှိနေသည့် အကြမ်းဖက်သမား ၆ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါ တယ်။
-
ဘာသာရေးယုံကြည်မှုကို ခုတုံးလုပ်၍ လူသိများစေရန် ကြိုးပမ်းမှုအပေါ် ရှီအဟ် ဘာသာဝင်များ ပြင်းထန်စွာ ကန့်ကွက်
လတ်တလော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေပန်းစားနေသည့် ပေါ့တ်ကာစ် (Podcast) တင်ဆက်သူ ရေဟန်သွာရစ် ပါကစ္စတန် ၏ အစီအစဉ်များသည် ရှီအဟ်အစ္စလာမ် ဘာသာဝင် များ၏ ယုံကြည်ချက် နှင့် အစဉ်အလာကို လွဲမှားစွာ ပုံဖော်နေသည်ဟုဆိုကာ ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
-
မြို့တော် အစ္စလာမာဘတ် အပါအဝင် မြို့အများအပြားတွင် ငလျင်လှုပ်ခတ်မှုများ ခံစားခဲ့ရ
ငလျင်သည် ပြင်းအား ၅.၄ ရှိပြီး အနက် ၂၁၅ ကီလိုမီတာ ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ ဟိန္ဒူကုရှ်ဒေသ၏ ဗဟိုချက်ဖြစ်ကြောင်း သိရပါတယ်။
-
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၇ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာ ပက်ခ်တွန်ခွာပြည်နယ်၊ ဘန်နူးမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုတွင် ဆက်တိုက် ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
-
ဟဇရသ် အုမရ် (ရ.သွေ) သည် မုဟရမ်လ ပထမရက်တွင် ဝဖါသ် (သို့မဟုတ်) ရှဟီးဒ် ဖြစ်ခဲ့ပါသလား?
ဟဇရသ် အုမရ် (ရ.သွေ) သည် မုဟရမ်လ ပထမရက်တွင် ဝဖါသ် (သို့မဟုတ်) ရှဟီးဒ် ဖြစ်ခဲ့ပါသလား? ဟူသော မေးခွန်းကို ပါကစ္စတန်နိုင်ငံမှ နာမည်ကျော် စွန်နီအာလင်မ် မုဖ်သီ အဗ်ဒုလ်ဘာကီး အခွန်ဇါဒဟ်က ဖြေကြားပေး ထားပါတယ်။
-
ဘလူချီစတန် တွင် အလာမာ မိုဟမ္မဒ် ဂျိုမ်အအ်အစဒ်ဒီ ၏ တရားဟောခြင်းများသည် မမေ့နိုင်စရာပင် / ရှီအဟ် ကျောင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ
ပါကစ္စတန်ရှိ ရှီအဟ် ကျောင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ အာယာသွလ္လာဟ် ဟာဖစ်ဇ် ဆယက်ဒ် ရေယာဇ် ဟိုစိုင်းန် နဂျဖီ နှင့် အထွေထွေအတွင်းရေးမှူး မောင်လာနာ ဆယက်ဒ် ဇီယာအူလ်ဟဆန် နဂျဖီတို့သည် ကျော်ကြားသော ဘာသာရေးပညာရှင်၊ ဂျာမေအဟ် အေမာမ် ဆွာဒစ်(အ.စ) ကွေတာ ၏ ၏ ကျောင်းအုပ်ဆရာ အလာမာ မိုဟမ္မဒ် ဂျိုမ်အအ်အစဒ်ဒီ ၏ ကွယ်လွန်ခြင်း အပေါ် အလွန်ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ပြီး မရ်ဟွန်မ် ၏ မိသားစု၊ ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များအား ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
-
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် « ရှာဟီးဒ်ဒေအွန်မသ် ညီလာခံ » ၏ ကြီးမားသော စုဝေးမှု၏ ဝေဟင်မှတ်တမ်း ။ ။ video
အဗ်နာ ။ ။ အာဇာနည်ခေါင်းဆောင်ကြီး ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား အောက်မေ့ဖွယ် ကြီးကျယ်ခမ်းနားသော အခမ်းအနားတစ်ခုဖြစ်သည့် « ရှာဟီးဒ်ဒေအွန်မသ် ညီလာခံ » ကို လာဟိုးမြို့တွင်ကျင်းပခဲ့ပြီး ပါကစ္စတန် ပြည်သူများ စွာ မှ တက်ရောက်ခဲ့ကြပါတယ်။
-
အာဖဂန်နစ္စတန် အပေါ် ပါကစ္စတန်၏ သွေးထွက်သံယိုတိုက်ခိုက်မှုတွင် အရပ်သား ၁၃ ဦး သေဆုံး
အာဖဂန်နစ္စတန်အရှေ့ပိုင်းပြည်နယ်များတွင် ပါကစ္စတန်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၁ ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပါတယ်။
-
ပါကစ္စတန်ဗုံးခွဲမှုကြောင့် သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်လာပြီး ၉၀ ဦး ဒဏ်ရာရရှိ
ပါကစ္စတန်နိုင်ငံ ကွေတာ မြို့တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူဦးရေသည် ၃၄ ဦးအထိ မြင့်တက်လာပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
-
လာဟိုးသည် « ရှဟီးဒ် အွန်မ်မသ် » အမည်ဖြင့် အကြီးစားစုဝေးပွဲကို မျှော်လင့်စောင့်မျှော်နေ
ပါကစ္စတန်ရှိ « အွန်မသ်သေ မွတ်စ်သဖွာ နိုးကြားရေး လှုပ်ရှား မှု အဖွဲ့ » ၏ ဥက္ကဋ္ဌ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဂျဝါဒ် နကဝီ သည် ပါကစ္စတန် « မွတ်စလင်မ်များ စည်းလုံးရေး ကောင်စီ » အဖွဲ့၏ ဥက္ကဋ္ဌ နှင့် အထက်လွတ်တော် အမတ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရာဂျာ နာဆေရ် အဘာစ် ဂျအ်ဖရီ နှင့် အစ္စလာမာဘတ်ရှိ « ဂျာမေအသိုလ်ဝေလာယဟ် » တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
-
ပါကစ္စတန်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာ
ပါကစ္စတန်အစိုးရသည် ရေနံထွက်ကုန်များ၏ ဈေးနှုန်းများကို ထပ်မံ၍ သိသိသာသာ မြှင့်တင်လိုက်ပြန်ပါပြီ။