၁၅ ဇွန် ၂၀၂၆ - ၂၃:၅၃
ဘလူချီစတန် တွင် အလာမာ မိုဟမ္မဒ် ဂျိုမ်အအ်အစဒ်ဒီ ၏ တရားဟောခြင်းများသည် မမေ့နိုင်စရာပင် / ရှီအဟ် ကျောင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ

ပါကစ္စတန်ရှိ ရှီအဟ် ကျောင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ အာယာသွလ္လာဟ် ဟာဖစ်ဇ် ဆယက်ဒ် ရေယာဇ် ဟိုစိုင်းန် နဂျဖီ နှင့် အထွေထွေအတွင်းရေးမှူး မောင်လာနာ ဆယက်ဒ် ဇီယာအူလ်ဟဆန် နဂျဖီတို့သည် ကျော်ကြားသော ဘာသာရေးပညာရှင်၊ ဂျာမေအဟ် အေမာမ် ဆွာဒစ်(အ.စ) ကွေတာ ၏ ၏ ကျောင်းအုပ်ဆရာ အလာမာ မိုဟမ္မဒ် ဂျိုမ်အအ်အစဒ်ဒီ ၏ ကွယ်လွန်ခြင်း အပေါ် အလွန်ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ပြီး မရ်ဟွန်မ် ၏ မိသားစု၊ ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များအား ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews၏အစီရင်ခံစာ အရပါကစ္စတန်ရှိ ရှီအဟ် ကျောင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ  အာယာသွလ္လာဟ် ဟာဖေဇ် ဆယက်ဒ် ရေယာဇ် ဟိုစိုင်းန် နဂျဖီ နှင့် အထွေထွေအတွင်းရေးမှူး မောင်လာနာ ဆယက်ဒ် ဇီယာအူလ်ဟဆန် နဂျဖီတို့သည် ကျော်ကြားသော ဘာသာရေးပညာရှင်၊ ဂျာမေအဟ် အေမာမ် ဆွာဒစ်(အ.စ) ကွေတာ ၏  ကျောင်းအုပ်ဆရာ အလာမာ မိုဟမ္မဒ် ဂျိုမ်အအ်အစဒ်ဒီ ၏ ကွယ်လွန်ခြင်း အပေါ် အလွန်ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ပြီး မရ်ဟွန်မ် ၏ မိသားစု၊ ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များအား ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

မရ်ဟွန်မ် အလာမာ မိုဟမ္မဒ် ဂျိုမ်အအ်အစဒ်ဒီ သည် ရှီအဟ် ကျောင်းများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌနှင့် အမြင့်ဆုံး ကောင်စီဝင်လည်းဖြစ်ပါတယ်။

သူသည် ဘလူချီစတန်တွင် အစ္စလာမ်ဘာသာပြန့်ပွားရေးတွင် ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် ဟာဇာရာအသိုင်းအဝိုင်းအတွက် သူ၏ဝန်ဆောင်မှုများသည် မမေ့နိုင်စရာဖြစ်သည်။

မရ်ဟွန်မ်သည် ပညာရေးအဖွဲ့အစည်းများအပြင် အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက် ကျောင်းသား ထောင်ပေါင်း များ စွာကို မွေးထုတ် ပေးခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မရ်ဟွန်မ် သည် အမျိုးသားအဖွဲ့အစည်းများတွင် အပြည့်အဝနှင့် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

လူငယ်ကျောင်းသားများအား ကိုယ်ကျင့်တရားဆိုင်ရာ လေ့ကျင့်မှုပေးခဲ့ပြီး ဘာသာရေးသဟဇာတဖြစ်မှုကို ယုံကြည်လာစေသည့် ပါကစ္စတန် ရှီအဟ်များ ခေါင်းဆောင်  အလာမာ ဆယက်ဒ် စာဂျစ်ဒ် အလီ နကဝီ ၏ ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်များထဲမှ တစ်ဦးဖြစ်ပါတယ်။

ပါကစ္စတန်ရှိ ရှီအဟ် ကျောင်းများအဖွဲ့ချုပ် ၏ ခေါင်းဆောင်များသည် မရ်ဟွန်မ် ၏ရာထူးအဆင့်အတန်း မြှင့်တင်ရေး အတွက် ဆုတောင်းခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်သည် မိုဟမ္မဒ် (ဆွ) နှင့် အာလေ့ မိုဟမ္မဒ် (အ.စ) နှင့်အတူ နေရာတစ်ခုပေးသနားတော်မူပါစေဟု ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ဟာဖစ်ဇ် ဆယက်ဒ် ရေယာဇ် ဟိုစိုင်းန် နဂျဖီ က ပါကစ္စတန်တစ်နိုင်ငံလုံးသာမက အစ္စလာမ် ကမ္ဘာကပါ ကျော်ကြားသော ဘာသာရေးပညာရှင်၏ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲနေကြကြောင်း၊ ၎င်း ၏ ကွယ်လွန်မှုကြောင့် ဖြစ်ပေါ်လာသော ကွက်လပ်ကို ကြာမြင့်စွာ ဖြည့်ဆည်းနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလာမာ မိုဟမ္မဒ် ဂျိုမ်အအ်အစဒ်ဒီ သည် နှလုံးရပ်ခြင်းကြောင့် ဇွန်လ ၁၂ ရက်နေ့ ၂၀၂၆ ခုနှစ် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့် ခံယူ ခံခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha