၂၈ အောက်တိုဘာ ၂၀၂၆ - ၂၀:၂၁
အီရန် ၏ မျက်စိ ကုသရေးဆိုင်ရာ အောင်မြင်မှု ၊ မျက်စိပင်မဆဲလ် အစားထိုးကုသမှု အောင်မြင်နှုန်း ၈၅ ရာခိုင်နှုန်းကျော်ရှိ

အီရန်နိုင်ငံသည် မျက်စိပင်မဆဲလ် အစားထိုးကုသမှုနည်းပညာတွင် ကမ္ဘာ့ထိပ်တန်း ၅ နိုင်ငံအတွင်း ပါဝင်နေပြီး ကုသမှုအောင်မြင်နှုန်းမှာ ၈၅ ရာခိုင်နှုန်းကျော်ရှိကြောင်း အီရန်မျက်စိအထူးကုဆရာဝန်များအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ အီရန်နိုင်ငံ၏ မျက်စိအထူးကုဆရာဝန်များအသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ အီရန်နိုင်ငံသည် မျက်စိပင်မဆဲလ် အစားထိုးကုသမှုနည်းပညာတွင် ကမ္ဘာ့ထိပ်တန်း ၅ နိုင်ငံအတွင်း ပါဝင်လျက်ရှိကြောင်း သိရပါတယ်။ 

အဆိုပါကုသမှုနည်းလမ်းသည် ဓာတုပစ္စည်းများကြောင့် မျက်စိလောင်ကျွမ်းခြင်းနှင့် အပူဒဏ်ကြောင့် မျက်စိပြင်းထန်စွာ ထိခိုက်ပျက်စီးခြင်းတို့အပါအဝင် အချို့သော ပြင်းထန်သည့် မျက်စိဒဏ်ရာများကို ကုသရာတွင် အသုံးပြုနိုင်ကြောင်း သိရပါတယ်။

ထို့ပြင် အဆိုပါကုသမှုအတွက် ကုန်ကျစရိတ်ကို အစိုးရဘက်မှ ကျခံပေးလျက်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

တစ်ဖက်တွင် အီရန်မျက်စိအထူးကုဆေးပညာညီလာခံ၏ သိပ္ပံဆိုင်ရာအတွင်းရေးမှူးက ဆီးချိုရောဂါနှင့် ယင်းရောဂါကြောင့် မျက်စိမြင်လွှာတွင် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများသည် အမြင်အာရုံကို ခြိမ်းခြောက်နေသည့် အဓိကအန္တရာယ်များဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

ထို့အပြင် ကွန်ပျူတာကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းနှင့် မျက်စိခြောက်သွေ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုလည်း သတိပေးပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha