အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာအရ ကာဇက်စတန်နိုင်ငံ၊ အာစတာနာမြို့တွင် ကျင်းပလျက်ရှိသော ကမ္ဘာ့ဂရိကိုရိုမန် နပန်းချန်ပီယံရှစ်ပြိုင်ပွဲ၏ ဒုတိယနေ့တွင် ၆၃ ကီလိုဂရမ်၊ ၆၇ ကီလိုဂရမ်နှင့် ၈၇ ကီလိုဂရမ်တန်းတို့၏ ဗိုလ်လုပွဲများနှင့် ကြေးတံဆိပ်လုပွဲများကို ကျင်းပခဲ့ပါတယ်။
ဗိုလ်လုပွဲတွင် အီရန်နပန်းသမား ဆအီးဒ် အစ္စမာအီလီသည် ဥဇဘက်ကစ္စတန်နိုင်ငံမှ အိုက်ဂျန် ခူလ်မူခါနော့ဗ်ကို ပက်လက်လှန်အနိုင်ယူသည့် နည်းလမ်းဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ပါတယ်။
စအီးဒ် အစ္စမာအီလီ၏ ပြိုင်ပွဲပြီးဆုံးသွားခြင်းနှင့်အတူ အီရန်နပန်းသမားများ၏ ယှဉ်ပြိုင်မှုလည်း အဆုံးသတ်ခဲ့ပါတယ်။
ကမ္ဘာ့ဂရိကိုရိုမန် နပန်းချန်ပီယံရှစ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အီရန်အသင်းသည် စုစုပေါင်း ဝိတ်တန်း ၁၀ တန်း၌ ဆုတံဆိပ် ၉ ခု ရရှိခဲ့ပါတယ်။ ယင်းဆုတံဆိပ်များတွင် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂ ခု ပါဝင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment