အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် ပြောကြားခဲ့သည်များ ကို အချက်အလက်ဖြင့် အောက်ပါအတိုင်း တင်ပြ လိုက်ပါတယ်။
- ကြံ့ကြံ့ခံ ခုခံမှုကို ဆက်လက်လုပ်ဆောင်မည်။ အစ္စရေး၏ သိမ်းပိုက်မှုနှင့် တိုက်ခိုက်မှုများ ရှိနေသရွေ့ လက်နက်ဖြုတ်သိမ်းရေးကို လက်မခံနိုင်ကြောင်း ဖြစ်ပါတယ်။
- လက်ဘနွန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်ဖ်သဘောတူညီချက်တို့ကို သဘောတူညီချက်ကို ပယ်ချပါတယ်။ တရားဝင်မှုမရှိဟု သတ်မှတ်ပါတယ်။
- လက်ဘနွန် တွင် အစ္စရေး စစ်ဆက်မဆတိုက်ဖို့ အီရန်၊ အမေရိကန် သဘောတူညီမှုကို ထောက်ခံပါတယ်။ ယင်းကြောင့် လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ လျော့နည်းလာပါတယ်။
- အစ္စရေးဆုတ်ခွာရေးကို တောင်းဆိုပါတယ်။ ၂၀၂၄ နိုဝင်ဘာ ၂၇ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၁၇၀၁ အတိုင်း အစ္စရေးတပ်များ ဆုတ်ခွာပြီး လက်ဘနွန်စစ်တပ်ကို လီတာနီမြစ်တောင်ဘက်တွင် ဖြန့်ကြက်ရန် တောင်းဆိုပါတယ်။
- အမေရိကန်၏ လွှမ်းမိုးမှုကို ဆန့်ကျင်ပါတယ်။ လက်ဘနွန်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် နိုင်ငံခြား၏ ဝင်ရောက်ချုပ်ကိုင်မှုကို အဆုံးသတ်ရမည်ဟု ဆိုပါတယ်။
- အစ္စရေးနှင့် အမေရိကန်ကို ဝေဖန်ပါတယ်။ အစ္စရေးသည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိထားသည်ဟုဆိုပါတယ်။ ထို့ပြင် အစ္စရေးနှင့် အမေရိကန်တို့ကိုယ်တိုင် သည် ပြည်တွင်းနိုင်ငံရေး နှင့် စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်နေရသည်ဟု သုံးသပ်ပါတယ်။
- အီရန်၏ ရပ်တည်ချက်ကို ချီးကျူးပါတယ်။ အီရန်သည် အမေရိကန်နှင့် အစ္စရေးတို့၏ နိုင်ငံရေးရည်မှန်းချက်များကို တားဆီးနိုင်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါတယ်။
- ပြန်လည်တည်ဆောက်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အလေးပေးပါတယ်။ စစ်ပွဲကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်၊ ပြည်သူများ စည်းလုံးကြရန်နှင့် ဟစ်ဇ်ဘိုလာ၊ အမယ်လ်လှုပ်ရှားမှုတို့၏ မဟာမိတ်ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေရန် ပြောကြားပါတယ်။
အနှစ်ချုပ် - H.I ရှိက်ခ် နအီးမ် ကာစင်မ် ၏ အဓိကရပ်တည်ချက်မှာ အစ္စရေး၏ သိမ်းပိုက်မှုများ တိုက်ခိုက်မှုများ မပြီးဆုံးမချင်း ကြံ့ကြံ့ခံ ခုခံမှုကို ဆက်လက်လုပ်ဆောင်မည် ၊ အစ္စရေးတပ်များ လက်ဘနွန်မှ ဆုတ်ခွာရမည်၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ပြီး ပြည်သူများနှင့်အတူ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်သွားမည်ဟူ၍ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment