အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqna သတင်းဌာန ၏ အစီရင်ခံစာအရ အဆိုပါအစီအစဉ်ကို ပါကစ္စတန်နိုင်ငံရှိ ဂျာမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၏ ဌာနခွဲက ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ယင်းပြိုင်ပွဲတွင် ဘာသာရေး စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကုရ်အာန်သင်ကြားရေးစင်တာများတွင် ကုရ်အာန်သင်ယူနေသူများ အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အခမ်းအနားသို့ ဘာသာရေးပညာရှင်များ၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ ထင်ရှားသူများအပြင် အစ္စလာမာဘတ်နှင့် ရာဝယ်ပင်ဒီမြို့များရှိ ဘာသာရေးစာသင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါပြိုင်ပွဲများတွင် ပါကစ္စတန်နိုင်ငံ၏ ဒေသအသီးသီးရှိ ဘာသာရေးစာသင်ကျောင်းနှင့် ကုရ်အာန် စင်တာ ၂၇၇ ခု မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂,၉၄၇ ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲများကို အဓိကအားဖြင့် “မာအာရစ်ဖ် (အစ္စလာမ့်အသိပညာ)” နှင့် “ဖန်နီ သေလာဝတ် (ကုရ်အာန်ရွတ်ဖတ်ခြင်းဆိုင်ရာ အတတ်ပညာ)” ဟူသော ကဏ္ဍနှစ်ခုဖြင့် ကျင်းပခဲ့ပါတယ်။
မာအာရစ်ဖ်ကဏ္ဍတွင် ကုရ်အာန်ကျမ်းမြတ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် (သဖ်စီးရ်)၊ နဲဟ်ဂျုလ် ဗလာဂါဟ် နှင့် ဆဟီဖာ စဂျာဒီယဟ် တို့၏ အကြောင်းအရာများကို အခြေခံ၍ ပြိုင်ပွဲများ ပြုလုပ်ခဲ့ပါတယ်။
ဖန်နီ သေလာဝသ် ကဏ္ဍတွင် ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ခြင်း၊ ကိရာအသ်၊ ဟိဖ်ဇ် (ကုရ်အာန် အာဂုံဆောင်ခြင်း)၊ အဇာန်နှင့် မုနာဂျာသ် ပြိုင်ပွဲများ ပါဝင်ခဲ့ပါတယ်။
ပြိုင်ပွဲများအပြီးတွင် ကဏ္ဍအသီးသီး၌ ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး ကို ၎င်းတို့၏ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်များနှင့် ငွေသားဆုများ ချီးမြှင့်ခဲ့ပါတယ်။
ကုရ်အာန်ပြိုင်ပွဲများ၏ အရေးပါမှုကို အလေးထားပြောကြား
ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးမရ်ဂျအီယတ်၏ ကိုယ်စားလှယ်အလာမဟ် ရှိက်ခ် အန်နဝါရ် အလီ နဂျဖီ က အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ လူငယ်မျိုးဆက်များ၏ ကုရ်အာန်ကျမ်းမြတ်၊ ဟဒီးစ် တော်များ နှင့် အစ္စလာမ့်အသိပညာများအပေါ် ဆက်နွယ်မှုကို ပိုမိုခိုင်မာစေရေး၏ အရေးပါမှုကို အလေး ထားပြောကြားခဲ့ပါတယ်။
ထို့အတူသဟ်ရီးက် ဂျအ်ဖရီးယာ ပါကစ္စတန် အဖွဲ့၏ ခေါင်းဆောင် အလာမဟ် ဆယက်ဒ် စဂျစ်ဒ် အလီ နကဝီ ကလည်း ကုရ်အာန် နှင့် ပညာရေးဆိုင်ရာ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းကို ချီးကျူးခဲ့ပြီး စီစဉ်သူများအား ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုစကားများ ပြောကြားကာ ကောင်းမွန်သော ဆန္ဒမွန်များ တောင်းပေးခဲ့ပါတယ်။
၎င်းက လူငယ်မျိုးဆက်သစ်များနှင့် ကုရ်အာန်ကျမ်းမြတ်၊ အစ္စလာမ့်အသိပညာများအကြား ဆက်နွယ် မှုကို ပိုမိုခိုင်မာစေရန် ယခုကဲ့သို့သော လှုပ်ရှားမှုများသည် အရေးပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အခမ်းအနားတွင် သုတေသီနှင့် ဘာသာရေးသင်ကြားချက်များ၏ ဖြန့်ဝေသူဖြစ်သော ရှိက်ခ် အိဂျာဇ် ဟိုစိုင်းန် နဂျဖီ ကိုလည်း ပညာရေး၊ ဘာသာရေးနှင့် သာသနာပြုလုပ်ငန်းနယ်ပယ်များတွင် ၎င်း၏ နှစ်ရှည်လများ ဝန်ဆောင်မှုများအတွက် ဂုဏ်ပြုခဲ့ပါတယ်။
အထူးသဖြင့် နဲဟ်ဂျုလ် ဗလာဂဟ် ၏ သင်ကြားချက်များကို ဖြန့်ဝေရန်နှင့် ၎င်းတွင်ပါဝင်သော အဓိပ္ပာယ်များ၊ အကြောင်းအရာများကို နားလည်သဘောပေါက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုကာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment