အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် အမေရိကန်နိုင်ငံရှိ ဉာဏ်ရည်တု (AI) နည်းပညာနယ်ပယ်တွင် လုပ်ကိုင်နေသော OpenAI ကုမ္ပဏီကို သူလျှိုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသော ဆော်ဒီအာရေဗျနိုင်ငံသားတစ်ဦးနှင့် ၎င်း၏ဇနီးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
OpenAI ကုမ္ပဏီ၏ အဆောက်အအုံအတွင်း လျှို့ဝှက်ထောက်လှမ်းရေးကိရိယာတစ်ခုကို တပ်ဆင်ခဲ့သည်ဟု စွပ်စွဲခံရသော အဆိုပါဆော်ဒီနိုင်ငံသားသည် အကျိုးတူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဖက်တစ်ဦးဖြစ်သည်။ ထိုကုမ္ပဏီတွင် ဆော်ဒီအာရေဗျနိုင်ငံမှ အဆင့်မြင့်ထောက်လှမ်းရေးအရာရှိတစ်ဦး၏ သားလည်း မိတ်ဖက်အဖြစ် ပါဝင်နေကြောင်း သိရပါတယ်။
ထို့ပြင် ၂၀၁၈ ခုနှစ်က ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံတွင် အဆိုပါအမျိုးသားကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် နှင့်အတူ တွေ့မြင်ရပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ အဆိုပါအမျိုးသားသည် မိုဟမ္မဒ် ဘင်န် စလ်မာန် ၏ တိုက်ရိုက်အမိန့်ဖြင့် ယခုလုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရပါတယ်။ သို့သော် ယင်းစွပ်စွဲချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုရလဒ်များကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment