၁၃ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၆
ဟဇရသ်ဖွာတွေမဟ် (စ.အ) သခင်မကြီးအား အီမာန် သက်ဝင်ယုံကြည်သူများ၏ မိခင်မွန် လို့ ပြောလို့ ရပါသလား ?

အီရန် နိုင်ငံ သာသနာ့ ရွှေမြို့တော် ကွမ်း အခြေဆိုက် « ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြားရေးဌာန » မှ ဟဇရသ်ဖွာတွေမဟ် (စ.အ) သခင်မကြီးအား အီမာန် သက်ဝင်ယုံကြည်သူများ၏ မိခင်မွန် လို့ ပြောလို့ ရပါသလား ? နှင့် ပတ်သက်သည့် မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မေးခွန်း

အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတော်များ သင်တို့အပေါ် ကျရောက်ပါစေ။

ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) သခင်မကြီး  အား “ အွန်မိုလ်မိုအ်မေနီးန် ” (သက်ဝင် ယုံကြည်သူများ၏ မိခင်မွန် ) ဟူသော ဘွဲ့အမည်ဖြင့် ခေါ်ဆိုခြင်းသည် မှန်ကန်ပါသလား? မမှန်ကန်ပါသလား? ကျွန်ုပ်သည် အချို့သော ဟဒီးစ်တော်များတွင် “အွန်မိုလ်အအေမဟ် ” (အေမာမ်များ(အ.စ)၏ မိခင်မွန်) ဟူသော ဘွဲ့အမည်ကို တွေ့ရှိခဲ့ပါသည်။ ထို့အပြင် “အွန်မိုလ်မိုအ်မေနီးန် ” ဟူသော ဘွဲ့အမည်ကိုလည်း ကိုယ်တော်မြတ် (ဆွ) မိန့် ကြားချက်များတွင် အသုံးပြုထားပါသလား? ရှရီအသ် တရားတော်အရ ကျေးဇူးပြု၍ လမ်းညွှန်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ 
ကျေးဇူးတင်ရှိပါသတယ်။ ဒိုအာပြုမေတ္တာပို့သအပ်ပါတယ်။

အဖြေ

အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် စတင်ပါသည်။

မင်္ဂလာပါ။ လေးစားစွာဖြင့် စလာမ် ဆက်သအပ်ပါသည်။

ကျွန်ုပ်တို့၏ « ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြားရေးဌာန » သို့ ဆက်သွယ်မေးမြန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါတယ်။ 

“ အွန်မိုလ်မိုအ်မေနီးန်” (သက်ဝင် ယုံကြည်သူများ၏ မိခင်မွန် ) ဟူသော ဘွဲ့အမည်သည် ကုရ်အာန်ကျမ်းမြတ်နှင့် ဖိကဟ်တရားဥပဒေတို့တွင် သီးခြားအဓိပ္ပာယ်သတ်မှတ်ထားသော အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။

စူရဟ် အဟ်ဇာဗ်၊၊ အာယသ်တော်အမှတ် (၆) တွင် 

“وَأَزْوَاجُهُ أُمَّهَاتُهُمْ”

ဟု ဖော်ပြထားပါတယ်။ အဓိပ္ပာယ်မှာ “တမန်တော်မြတ်(ဆွ) ၏ ကြင်ယာတော် များသည် မိုအ်မေနီးန် များ ၏ မိခင်မွန် များဖြစ်ကြသည်” ဟူ၍ ဖြစ်ပါတယ်။ 

ဤအာယသ်တော်အရ “အီမာန် သက်ဝင် ယုံကြည်သူတို့၏ မိခင်မွန် များ” ဟူသော ဘွဲ့အမည်ကို တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝအာလိဟီ ဝစလ္လမ်) ၏ ကြင်ယာတော်များအတွက်သာ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။  ယင်းတွင် ရည်ရွယ်ချက်တစ်ခုမှာ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် ၎င်း၏ ဇနီးတော်များနှင့် လက်ထပ်ခြင်းကို ဟရာမ် (တားမြစ်ထားခြင်း) ဖြစ်စေရန် ဖြစ်ပါတယ်။

ထို့ကြောင့် ဖိကဟ်ကျမ်းများနှင့် တရားဝင် ကိုးကားအသုံးပြုကြသော ဟဒီးစ်တော်များတွင်လည်း ဤဘွဲ့အမည်ကို ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) အတွက် သတ်မှတ်ဖော်ပြထားခြင်း မရှိပါ။

သို့သော် အဓိပ္ပာယ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းရေးရာနှင့် ချစ်ခင်မြတ်နိုးမှုအရ ကြည့်မည်ဆိုလျှင် ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ)  သည် ဤဘွဲ့အမည်ထက်ပင် ပိုမိုမြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါသည်။

ဟဒီးစ်တော်များတွင်လည်း သခင်မကြီး ၏ မြင့်မြတ်လှသော ဘွဲ့အမည်များစွာကို ဖော်ပြထားပါသည်။ ဥပမာ—

- “အွန်မို အဘီဟာ” (أمّ أبيها)  မိမိဖခင်၏ မိခင်သဖွယ်ဖြစ်သူ။
- “ဆယက်ဒ် ဒသု နိစာအိလ် အာလမီးန်” (سيّدة نساء العالمين) လောကခပ်သိမ်းရှိ အမျိုးသမီးများ၏ ခေါင်းဆောင် (အရှင်သခင်မ) ။
- “အွန်မိုလ် အအင်န်မေဟ် ” (أمّ الأئمة) အေမာမ်များ (အ.စ) ၏ မိခင်မွန် ။

ထို့ကြောင့် “ အွန်မိုလ်မိုအ်မေနီးန် ” (သက်ဝင် ယုံကြည်သူများ၏ မိခင်မွန် ) ဟူသော အသုံးအနှုန်းကို ချစ်ခင်မြတ်နိုးမှုနှင့် ယုံကြည်သူများ၏ နာမ်ပိုင်း ရေးရာ မိခင်မွန် သဖွယ်ဖြစ်ခြင်းဟူသော အဓိပ္ပာယ်ဖြင့် အသုံးပြုခြင်းသည် ရှရီအဟ်အရ အပြစ်ရှိသောအရာ သို့မဟုတ် တာဝန်ဝတ္တရားဆိုင်ရာ တားမြစ်ချက်တစ်ခု မဟုတ်ပါ။

သို့သော် ဟဒီးစ်တော်များတွင် အတိအကျ ဖော်ပြထားသော အသုံးအနှုန်းများနှင့် ဘွဲ့အမည်များကို တိကျစွာ လိုက်နာထိန်းသိမ်းရန်နှင့် ကိုယ်တော်မြတ်မ၏ ထူးကဲမြင့်မြတ်လှသော အဆင့်အတန်းကို ပိုမိုလေးစားဖော်ပြနိုင်ရန်အတွက် အဲဟ်လေ့ဘိုက်(သ) )  (အ.စ) တို့နှင့် သက်ဆိုင်သော မူရင်းဘွဲ့အမည်များဖြစ်သည့် “အွန်မိုလ် အအင်န်မေဟ် ”  အေမာမ်များ (အ.စ) ၏ မိခင်မွန် ကဲ့သို့သော အသုံးအနှုန်းများကို အသုံးပြုခြင်းက ပိုမိုသင့်လျော်ပါသည်။

အောင်မြင်ပါစေ။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် သင်တို့အပေါ် ကျရောက်ပါစေ။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha