အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ ၏ သတင်းအရ အစ္စရေးဟီဘရူးဘာသာဖြင့် ထုတ်ဝေသည့် Haaretzသတင်းစာက ၎င်း၏အစီရင်ခံစာတွင် ဆော်ဒီအာရေဗျ၊ တူရကီနှင့် ပါကစ္စတန်တို့အကြား မက္ကာသဘောတူညီချက်မှ ဖြစ်ပေါ်လာမည့် မဟာမိတ်အဖွဲ့သည် အီရန်ကို ဆန့်ကျင်သည့် စစ်ရေးမျက်နှာစာတစ်ခုအဖြစ် မဖြစ်မနေ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ ဒေသတွင်းကိစ္စရပ်အချို့သည် အီရန်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရေးနှင့် သက်ဆိုင် နေသော်လည်း နိုင်ငံသုံးနိုင်ငံစလုံးက ယင်းမဟာမိတ်အဖွဲ့သည် သီးခြားနိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်ရန် ဖွဲ့စည်း ထားခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။
Haaretz ၏ အဆိုအရ ယင်းမဟာမိတ်အဖွဲ့တွင် နိုင်ငံများ ထပ်မံပါဝင်လာပါက ရိုးရာ စစ်ရေး မဟာမိတ် အဖွဲ့တစ်ခုထက် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးနှင့် သံတမန်ရေးရာ ပလက်ဖောင်းတစ်ခုအဖြစ် ပုံဖော်လာ နိုင်ပါ တယ်။
အစီရင်ခံစာတွင် အဖွဲ့ဝင်နိုင်ငံများသည် ယင်းဖိုရမ်ကို အသုံးပြု၍ အီရန်နှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းရန် လမ်းကြောင်း ဖွင့်နိုင်သကဲ့သို့ ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ ၊ ဟော်မုဇ်ရေလက်ကြားနှင့် ဘတ်ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် အပြန်အလှန်ဆက်ဆံရေးအတွက် စည်းမျဉ်း အသစ်များ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ထိုသို့ဖြစ်လာပါက ယင်းမဟာမိတ်အဖွဲ့၏ အမှန် တကယ်အရေးပါမှုသည် အီရန်နှင့် စစ်ပွဲဆင်နွှဲရေးတွင် မဟုတ်ဘဲ အကျပ်အတည်းများကို စီမံခန့်ခွဲနိုင်ခြင်းနှင့် တီဟီရန်နှင့် ဆွေးနွေးညှိနှိုင်းနိုင်စွမ်းတွင် ရှိလာမည်ဖြစ်ပါတယ်။
အစီရင်ခံစာအရ ဖြစ်နိုင်ခြေအရှိဆုံးနှင့် အရေးကြီးဆုံး တိုးတက်မှုသည် အီရန်ကို ဆန့်ကျင်သည့် ဒေသတွင်း မျက်နှာစာ အသစ်တစ်ခု ဖွဲ့စည်းခြင်းမဟုတ်ဘဲ ဒေသတွင်းနိုင်ငံများက မိမိတို့၏ အကျပ်အတည်းများကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲရန် ဦးဆောင်ကြိုးပမ်းလာခြင်း ဖြစ်နိုင်ပါတယ်။ ထိုသို့ဖြင့် ကိစ္စရပ်တိုင်းအတွက် အမေရိကန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရသည့် အခြေအနေကို လျှော့ချနိုင်မည်ဖြစ်ပါတယ်။
သတင်းစာ၏အဆိုအရ ယင်းမဟာမိတ်အဖွဲ့သည် တရားဝင်မဟုတ်သည့် ပုံစံဖြင့် ဆက်လက် တည်ရှိ နေသည်ဖြစ်စေ၊ အကန့်အသတ်ရှိသော စစ်ရေးတာဝန်များ ပါဝင်လာသည်ဖြစ်စေ၊ ဒေသတွင်း ဆွေးနွေး ညှိနှိုင်းရေး လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲအသုံးချနိုင်ပါတယ်။ ယင်း၏ ရည်ရွယ်ချက်မှာ တင်းမာမှုများကို လျှော့ချရန်နှင့် ဒေသတွင်းအရေးအကြီးဆုံးနှင့် အထိခိုက်လွယ်ဆုံး ကိစ္စရပ်များတွင် အီရန်နှင့် နားလည်မှုရရှိရန် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment