၇ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၈
ဆော်ဒီအာရေဗျ နှင့် စင်တကွန် (CENTCOM) ရေတပ်အကြီးအကဲများ တွေ့ဆုံဆွေးနွေး

ဆော်ဒီအာရေဗျနိုင်ငံ ရေတပ်ဦးစီးချုပ်သည် အမေရိကန်ရေတပ် အဆင့်မြင့်အရာရှိကြီးတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဆော်ဒီအာရေဗျရေတပ်ဦးစီးချုပ် မိုဟမ္မဒ် အယ်လ်ဂါရီဘီ သည် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရေတပ်ကွပ်ကဲရေးမှူး နှင့် အမေရိကန် ပဉ္စမမြောက်ရေတပ်သင်္ဘောစု တပ်မှူး ကတ် ရင်ရှော တို့နှင့် တွေ့ဆုံခဲ့ပါတယ်။

ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါတွေ့ဆုံပွဲတွင် အရာရှိနှစ်ဦးသည် နှစ်နိုင်ငံကြား ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဖက်စလုံးက ဘုံအကျိုးစီးပွားများကို ကာကွယ်ရန်၊ ဒေသတွင်း ရေကြောင်းလုံခြုံရေးကို မြှင့်တင်ရန်နှင့် သင်္ဘောသွားလာရေး လွတ်လပ်မှုကို သေချာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha