၂၀ အောက်တိုဘာ ၂၀၂၆ - ၁၆:၁၀
ဆော်ဒီအာရေဗျတွင် ကာတီဖ်ဒေသခံ ရှီအဟ် မွတ်စလင်မ်  ငါးဦးကို အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် သေဒဏ်စီရင်

ဆော်ဒီအာရေဗျနိုင်ငံသည် ကာတီဖ်ဒေသမှ ရှီအဟ် မွတ်စလင်မ် ငါးဦးကို အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် စွဲချက်များဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါစွဲချက်များသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုထားပြီး လူ့အခွင့်အရေး၊ တရားမျှတသော တရားစီရင်မှုနှင့် ရှီအဟ် လူမှုအသိုင်းအဝိုင်းများအပေါ် ဆက်ဆံပုံတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီအာရေဗျနိုင်ငံတွင် ကာတီဖ်ဒေသမှ ရှီအဟ် မွတ်စလင်မ် ငါးဦးကို အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် စွဲချက်များဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဝေဖန်သူများက အဆိုပါစွဲချက်များသည် အမှန်တကယ် အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများအပေါ် အခြေခံခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ချမှတ်ထားခြင်းဖြစ်ကြောင်း ဆိုကြပါတယ်။

ဤဖြစ်ရပ်သည် တရားခံများ၏ အခွင့်အရေးများကို အကာအကွယ်ပေးမှု၊ တရားမျှတပြီး ပွင့်လင်းမြင်သာသော တရားစီရင်မှု ရှိ၊ မရှိနှင့် လူနည်းစုဘာသာရေးအသိုင်းအဝိုင်းများအပေါ် ဆက်ဆံပုံတို့အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။

အထူးသဖြင့် ရှီအဟ်မွတ်စလင်မ် အသိုင်းအဝိုင်းများအပေါ် ဆက်ဆံမှုနှင့် သေဒဏ်ချမှတ်ရာတွင် တရားဥပဒေဆိုင်ရာ စံနှုန်းများကို လိုက်နာမှုရှိ၊ မရှိတို့သည် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများ၏ အဓိကအချက်များ ဖြစ်လာပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha