အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မအ်မူးမ် ၏ တာဝန်နှင့်ပတ်သက်၍
မေးခွန်း
၁။ အေမာမ် (ဂျမာအသ်ဦးဆောင်ဆုတောင်းသူ) သည် အသံကျယ်ကျယ်ဖြင့် ဖတ်ရွတ်ရမည့် နေရာတွင် မေ့လျော့၍ အသံတိုးတိုးဖြင့် ဖတ်ရွတ်ခြင်း၊ သို့မဟုတ် အသံတိုးတိုးဖြင့် ဖတ်ရွတ်ရမည့် နေရာတွင် မေ့လျော့၍ အသံကျယ်ကျယ်ဖြင့် ဖတ်ရွတ်ခြင်းတို့ ဖြစ်ပွားပါက နောက်လိုက်ဝတ်ပြုသူများအနေဖြင့် အေမာမ် ကို သတိပေးရန် တာဝန်ရှိပါသလား?
၂။ ဝတ်ပြုသူတစ်ဦးတစ်ယောက် သည် ကုရ်အာန်ကျမ်းတော်မြတ်မှ စကားလုံးတစ်လုံး သို့မဟုတ် ဇိက်ရ် (အလ္လာဟ်အရှင်မြတ်အား တသသ၍ ချီးမွမ်းသည့် စကား) တစ်ခုခုကို ပြောဆိုခြင်းဖြင့်အေမာမ် ကို သတိပေးပါက ၎င်း၏ ဆွလာသ် (နမာဇ် ဝတ်ပြုခြင်း) သည် ပျက်ပြယ်သွားပါသလား?
အဖြေ
၁။ အေမာမ် ကို သတိပေးရန် မဖြစ်မနေ တာဝန်ရှိသည်ဟု မဆိုနိုင်ပါ။ သတိပေးခြင်းသည် ဝါဂျစ်ဘ် (မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်) မဟုတ်ပါ။
၂။ ဝတ်ပြုသူသည် စကားလုံးတစ်လုံးကို ကုရ်အာန်ကျမ်းတော်မြတ်မှ ဖတ်ရွတ်ခြင်း သို့မဟုတ် ဇိက်ရ်ပြုခြင်းဟူသော ရည်ရွယ်ချက်ဖြင့် ပြောဆိုပြီး၊ ထိုစကားလုံးကို ပြောဆိုသည့်အချိန်တွင်အေမာမ် အား မိမိ၏ ရည်ရွယ်ချက်ကို နားလည်စေရန် အသံကို မြှင့်၍ ဖတ်ရွတ် ပါက ပြဿနာမရှိပါ။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment