၂၃ အောက်တိုဘာ ၂၀၂၆ - ၁၅:၅၇
အသိပညာထက် သက္က်ဝါး ကို ဦးစားပေးပါ /  အာယာသွလ္လာဟ် ရှိက်ခ်  ဘာကဲရ် အီရ်ဝါနီ

အာယာသွလ္လာဟ် ရှိက်ခ် ဘာကဲရ် အီရ်ဝါနီ က သက္က်ဝါး မရှိဘဲ အသိပညာကို ဆည်းပူးခြင်းသည် မိမိကိုယ်တိုင်သာမက အခြားသူများကိုပါ ပျက်စီးစေနိုင်ကြောင်း သတိပေးမိန့်ကြားခဲ့ပြီး၊ ကုရ်အာန်ကျမ်းတော်မြတ်၏ လမ်းညွှန်ချက်ကို အခြေခံကာ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေခြင်း၊ မိမိ၏ လုပ်ရပ်များကို ပြန်လည်ဆင်ခြင်ခြင်းနှင့် သက္က်ဝါး ရှိသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းတို့၏ အရေးပါမှုကို အလေးအနက် တိုက်တွန်းထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှီအဟ်လောက ၏ အကြီးမာဆုံး သာသနာ့ တက္ကသိုလ်ကြီးများ ဣှင့် မရ်ဂျအ်များ သီတင်းသုံးနေထိုင်နေသည့် နဂျဖ် မြို့ နှင့် ကွမ်း မြို့ ၏ အကျော်အမော် ဆရာများ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ရှိက်ခ်  ဘာကဲရ် အီရ်ဝါနီ ( ဒါမသ် ဘရကာသုဟု ) မိန့်ကြားတော်မူသည်မှာ -

ဤအချက်ကို အမြဲတမ်း စိတ်ထဲတွင် မှတ်သားထားကြပါ။ ပထမဦးစွာ သက္က်ဝါး (အလ္လာဟ် ဟိုအရှင်မြတ် သခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် ကိုယ်ကျင့် တရားစောင့်ထိန်းခြင်း၊ သီလ ၊ သမာဓိ ရှိခြင်း )၊ ထို့နောက်မှ အသိပညာ ဖြစ်ပါတယ်။ 

အဘယ်ကြောင့်နည်း? 

အကြောင်းမှာ တစ်စုံတစ်ယောက်သည် သက္က်ဝါး မရှိဘဲ ပညာကို ဆည်းပူးရရှိလာပါက၊ ၎င်းသည် ကြီးမားသော သင်္ဘောတစ်စင်း၏ ပဲ့ကိုင်ကို ကိုင်ထား သော်လည်း သင်္ဘောကို မည်သို့မောင်းနှင်ရမည်ကို မသိသူတစ်ဦးနှင့် တူသောကြောင့်ဖြစ်ပါတယ်။ ထိုသူ၏ နောက်ဆုံးအကျိုးဆက်မှာ မိမိကိုယ်တိုင်သာမက သင်္ဘောပေါ်ရှိ ခရီးသည်အားလုံးကိုပါ ရေနစ်မြုပ်စေခြင်းပင် ဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်တွင် မိန့်တော်မူထားသည်မှာ—

يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَلْتَنظُرْ نَفْسٌ مَّا قَدَّمَتْ لِغَدٍ وَاتَّقُوا اللَّهَ

စူရဟ် ဟရှ်ရ် ၊ အာယသ် တော်အမှတ် ၁၈ 

အဓိပ္ပာယ်မှာ—

“အို အီမာန် သက်ဝင်ယုံကြည်သူအပေါင်းတို့ ၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကြလော့။ လူတိုင်းသည် မနက်ဖြန်အတွက် မိမိကြိုတင်ပေးပို့ ထားသောအရာများကို ဆင်ခြင်သုံးသပ်ကြည့်ရှုကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကြလော့။”

သေချာစွာ အာရုံစိုက်ကြည့်ပါ။ ဤအာယသ်တော်တွင် တက္ကဝါထားရှိရန် အမိန့်ကို နှစ်ကြိမ်တိုင်တိုင် ထပ်မံမိန့်ကြားထားသည်။ ဤသို့ ထပ်ခါတလဲလဲ မိန့်ကြားခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါ။ တက္ကဝါ၏ အလွန်အမင်း အရေးကြီးမှုကို အလေးအနက် ဖော်ပြရန်အတွက် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် အသင်တို့အား ကျွန်ုပ် အကြံပြုမှာကတော့ သက္က်ဝါး ရှိသူများနှင့် အပေါင်းအသင်းပြုကြပါ။

သူတို့၏ မျက်နှာကို မြင်လိုက်ရုံဖြင့် အလ္လာဟ်အရှင်မြတ်ကို သတိရစေသောသူများနှင့် ပေါင်းသင်းဆက်ဆံကြပါ။ မိမိတို့ကို မသိမသာ အလ္လာဟ်အရှင်မြတ်နှင့် ဝေးကွာသွားစေသောသူများနှင့်မူ ပေါင်းသင်းဆက်ဆံခြင်းကို ရှောင်ကြဉ်ကြပါ။

ဝစလာမ်မွန်းန် အလိုင်းကွမ်းမ် ဝရဟ်မသုလ္လာဟိ ဝဗရကာသုဟ်။

(အသင်တို့အပေါ် ငြိမ်းချမ်းခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာ အဖြာဖြာများ သက်ရောက်ပါစေ။)

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha