၈ အောက်တိုဘာ ၂၀၂၆ - ၁၆:၂၀
"ငါတို့ နှင့် မင်းတို့ကြားက အကွာအဝေးကို ငါတို့ ၏ ဒုံးကျည်များက ဆုံးဖြတ်လိမ့်မည်" / ဗိုလ်ချုပ်ကြီးအစ်ဗ်နိုရ်ရေဇာ

အီရန် ကာကွယ်ရေး နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ပံ့ပိုးကူညီရေး ဝန်ကြီးဌာန၏ ယာယီဝန်ကြီးက ရန်သူများအား ရည်ရွယ်၍ "ငါတို့နှင့် မင်းတို့ကြားက အကွာအဝေးကို ငါတို့၏ ဒုံးကျည်များက ဆုံးဖြတ်လိမ့်မည်။ မနေ့က အိုမန်ပင်လယ်ပြင်၊ ဒီနေ့ အိန္ဒိယသမုဒ္ဒရာ၊ မနက်ဖြန်မှာတော့ ဝက်အော်ပင်လယ်ကွေ့ (Bay of Pigs) ဖြစ်လာလိမ့်မယ်။ အမှားတစ်ခုခု ကျူးလွန်မိပါက ကမ္ဘာ့မြေပုံအသစ်တစ်ခုကို မင်းတို့ တွေ့မြင်ရလိမ့်မည်" ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIB သတင်းအေဂျင်စီ ၏ အဆိုအရ ကာကွယ်ရေး နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ပံ့ပိုးကူညီရေး ဝန်ကြီးဌာန၏ ယာယီဝန်ကြီး ဗိုလ်ချုပ်ကြီးအစ်ဗ်နိုရ်ရေဇာ က မိမိ ၏ X လူမှုကွန်ရက်စာမျက်နှာတွင် "ရန်သူ စစ်ပွဲကို ပန်တာဂွန် (Pentagon) ရဲ့ သူငယ်တန်းကျောင်းမှာပဲ ပုံဆွဲနေဆဲ ဖြစ်ပါသည်။ ကမ္ဘာကြီးကို ဟောပြောပွဲတွေ၊ ပြဇာတ်တွေနဲ့ ခွဲဝေလို့ မရဘူးဆိုတာကို သူ သတိမထားမိသေးဘူး။ 'စစ်မြေပြင်' ကသာ နောက်ဆုံးစကားကို ပြောလိမ့်မယ်" ဟု ရေးသားခဲ့ပါသည်။

၎င်းက ဆက်လက်၍ "ငါတို့နှင့် မင်းတို့ကြားက အကွာအဝေးကို ငါတို့၏ ဒုံးကျည်များက ဆုံးဖြတ်လိမ့်မည်။ မနေ့က အိုမန်ပင်လယ်ပြင်၊ ဒီနေ့ အိန္ဒိယသမုဒ္ဒရာ၊ မနက်ဖြန်မှာတော့ ဝက်အော်ပင်လယ်ကွေ့ ဖြစ်လာလိမ့်မယ်။ အမှားတစ်ခုခု ကျူးလွန်မိပါက ကမ္ဘာ့မြေပုံအသစ်တစ်ခုကို သင်တို့ တွေ့မြင်ရလိမ့်မည်" ဟု အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha