အီရန်၊အမေရိကန်
-
ဒေါ်နယ်ထရမ့် နှင့် ဟော်မုဇ် ရေလက်ကြား အခြေအနေ ။ ။ cartoon
အဗ်နာ ။ ။ ဒေါ်နယ်ထရမ့် နှင့် ဟော်မုဇ် ရေလက်ကြား အခြေအနေကို ကာတွန်းဆရာမှ ပီပြင်စွာ ရေးဆွဲ ပြထား ပါတယ်။
-
အီရန်စစ်တပ်က အမေရိကန်၏ “LUCAS” ဒရုန်းတစ်စင်းကို ထပ်မံပစ်ချဖျက်ဆီး
အီရန်စစ်တပ်က အမေရိကန်၏ “LUCAS” ဒရုန်းတစ်စင်းကို ထပ်မံပစ်ချဖျက်ဆီးခဲ့ပါတယ်။
-
ကူဝိတ်ရှိ အမေရိကန်စစ်စခန်းကို အီရန်၏ ဖျက်အားပြင်း ဒုံးကျည်တိုက်ခိုက်မှု ဗီဒီယို ထွက်ပေါ် ။ ။ video
အဗ်နာ ။ ။ ကူဝိတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ အသုံးပြုနေသည့် စစ်ဘက်ဆိုင်ရာနေရာတစ်ခုကို အီရန်က ဒုံးကျည်များ ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည့် ဗီဒီယိုများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါ ရုပ်သံတွင် ပေါက်ကွဲမှုများနှင့် မီးခိုးလုံးများ ထွက်ပေါ်နေသည့် မြင်ကွင်းများကို ပြသထားပြီး တိုက်ခိုက်မှု အခြေအနေအသေးစိတ်ကို သက်ဆိုင်ရာဘက်များက ဆက်လက်စစ်ဆေးနေကြောင်း သိရပါတယ်။
-
အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကို အရေးယူ စောင့်ကြည့် ပေးရန် အီရန်က ကုလသမဂ္ဂထံ တောင်းဆို
အီရန်နိုင်ငံက ကုလသမဂ္ဂထံ စာတစ်စောင်ပေးပို့ပြီး အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံ တကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ထို့ကြောင့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။
-
အီရန်အခြေခံအဆောက်အအုံများကို အမေရိကန်တိုက်ခိုက်ပါက UAE ရှိ လေဆိပ်နှင့် ဆိပ်ကမ်းများကို ချက်ချင်း ရွှေ့ပြောင်းရန် အီရန်လုံခြုံရေးတာဝန်ရှိသူ သတိပေး
အီရန်၏ ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ အီရန်လုံခြုံရေးတာဝန်ရှိသူတစ်ဦးက အမေရိကန်သည် အီရန်၏ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက ဒူဘိုင်းနှင့် အဘူဒါဘီ လေဆိပ်များအပြင် ဖူဂျိုင်ရာနှင့် ဂျဘယ်အလီ ဆိပ်ကမ်းများကို အရပ်သားများ၏ အသက်အန္တရာယ်ကာကွယ်ရန် ချက်ချင်းရွှေ့ပြောင်းရန် လိုအပ် ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
-
ဂျော်ဒန် မိုးကောင်းကင် ၌ အီရန် ဒုံးကျည်များ ။ ။ video
အဗ်နာ ။ ။ ဂျော်ဒန်နိုင်ငံသားတစ်ဦး ရိုက်ကူးထားသော ဗီဒီယိုတစ်ခုတွင် အီရန်ဒုံးကျည်များသည် ဂျော်ဒန် လေပိုင်နက် အပေါ်မှ အမေရိကန်အခြေစိုက်စခန်းများသို့ ဦးတည်နေသည်ကို ပြသထားပါတယ်။ အမေရိကန် အတွက် ကြီးကြီးမားမား ဆုံးရှုံးမှုကို ဖြစ်စေခဲ့ပါတယ်။
-
ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ဒုံးကျည် ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း IRGC ထုတ်ပြန်
အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် အမှတ် (၂၉) ထုတ်ပြန်ချက်၌ ၎င်း၏ လေကြောင်း အာကာသတပ်ဖွဲ့က ဂျော်ဒန်နိုင်ငံ အယ်လ်အဇရက်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ဒုံးကျည်နှင့် ဒရုန်းများ ဖြင့် တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီး စစ်လေယာဉ်များနှင့် လေကြောင်းဆိုင်ရာ စစ်ရေးပစ္စည်းများ ထိခိုက် ပျက်စီးခဲ့ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
-
အီရန်တောင်ပိုင်းတွင် လုံခြုံရေး ပြန်လည်တည်ငြိမ်လာသည်အထိ တုံ့ပြန်တိုက်ခိုက်မှုများ ဆက်လက်ပြု လုပ်မည် ဟု ဗိုလ်ချုပ် မူစဝီ ပြောကြား
အီရန်အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အာကာသတပ်ဖွဲ့ (Aerospace Force) တပ်မှူးက ဟော်မုဇ် ရေလက်ကြားနှင့် အီရန်တောင်ပိုင်း ကမ်းရိုးတန်းဒေသများတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာ သည်အထိ ရန်သူအပေါ် တိုက်ခိုက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြား ခဲ့ပါတယ်။
-
အီရန်၏ ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုကြောင့် ကူဝိတ်ရှိ အမေရိကန်လက်နက်ဂိုဒေါင် ဖျက်ဆီး ။ ။ video
အဗ်နာ ။ ။ အီရန်၏ ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်လက်နက်ဂိုဒေါင်တစ်ခု ဖျက်ဆီးခံ ခဲ့ရပါတယ်။ ဤဖြစ်ရပ်သည် ဒေသတွင်းလုံခြုံရေးအခြေအနေကို ပိုမိုတင်းမာစေနိုင်ကြောင်း စောင့် ကြည့် သူများက သုံးသပ်နေကြပါတယ်။
-
အီရန်အပေါ် အမေရိကန်စစ်ဆင်ရေးအတွက် အာရပ်နိုင်ငံများ၏ ထောက်ပံ့မှု သက်သေများ ။ ။ Photos
အဗ်နာ ။ ။ အာရပ်နိုင်ငံများဘက်မှ အမေရိကန်စစ်အခြေစိုက်စခန်းများထံ လောင်စာဆီကို အဆက်မပြတ် ဖြည့်တင်းပေးနေသည့်အပြင် အမေရိကန်ဧည့်သည်များအတွက် အစားအသောက်၊ နေထိုင်ရန်နေရာနှင့် လိုအပ်သမျှ အထောက်အပံ့အားလုံးကိုလည်း ပေးအပ်နေကြသည်။ ထိုစခန်းများမှ လေယာဉ်များ ပျံတက်ကာ အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြပါတယ်။ ထို့နောက် အီရန်၏ တုံ့ပြန်ဒုံးကျည်များ ဤနေရာများပေါ်သို့ ကျရောက်လာသောအခါမှ မွတ်စလင်မ် နိုင်ငံများ၊ သန့်ရှင်းမြင့်မြတ်သော မြေများနှင့် အစ္စလာမ်အွန်မသ် (မွတ်စလင်အသိုင်းအဝိုင်း) အပေါ် နာကျင်ပူပန်မှုများ ပေါ်ပေါက်လာကြပါတယ်။
-
အီရန်က ဘာရိန်းရှိ အမေရိကန်လက်နက်သိုလှောင်ရုံကို "ခိုင်ဗရ်ရှေကန်" ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ ။ ။ video
အဗ်နာ ။ ။ အီရန်သည် ဘာရိန်းနိုင်ငံအတွင်းရှိ အမေရိကန်၏ လက်နက်သိုလှောင်ရုံတစ်ခုကို "ခိုင်ဗရ်ရှေကန် (Kheibar Shekan)" ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
-
မရှ်ဟဒ်ရှိ အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဆိုသော သတင်းမှာ မမှန်ကန် ကြောင်း အသိပေး ။ ။ video
အဗ်နာ ။ ။ ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်။ လက်ရှိ ကြည့်ရှုနေသော ဗီဒီယိုနှင့်ပတ်သက်၍ မရှ်ဟဒ်မြို့ တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်မှာ မတော်တဆမှုတစ်ခုကြောင့် မီးအနည်းငယ် လောင်ကျွမ်းခဲ့ခြင်း သာ ဖြစ်ကြောင်း သိရပါတယ်။မရှ်ဟဒ်မြို့ရှိ အေမာမ် ရေဇာ (အ.စ) ၏ ဟရမ်တော်တွင် (ရောင်ဇာတော်တွင်) မည်သည့် တိုက်ခိုက်မှုမျှ ဖြစ်ပွားခဲ့ခြင်း မရှိပါ။ မီးသတ်တပ်ဖွဲ့များသည် ချက်ချင်း ရောက်ရှိလာပြီး မီးကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ အလ္လာဟ်၏ ကျေးဇူးတော်ဖြင့် မည်သူ တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အသက်ဆုံးရှုံးမှု မရှိခဲ့ပါ။ ထို့ကြောင့် “ဟရမ်တော်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်” ဟု ဖော်ပြထားသော မည်သည့်သတင်းမဆို မှားယွင်းသော သတင်း (Fake News) ဖြစ်ကြောင်း သတိပြုကြရန် အသိပေးအပ်ပါတယ်။ တင်ပြသူ - သတင်းထောက် ဆယက်ဒ် ဇမီးရ်အဘာစ် / ဘာသာပြန်ဆိုသူ - အဗ်နာ မြန်မာပိုင်း
-
အမေရိကန် က အီရန်ရှိ ကလေးကင်ဆာဆေးရုံကို တိုက်ခိုက်ခဲ့ ။ ။ video
အဗ်နာ ။ ။ ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်။ မနေ့ (ဇူလိုင်လ ၁၅ရက်နေ့ ၂၀၂၆ခုနှစ် )က အမေရိကန် က ကလေးကင်ဆာဆေးရုံတစ်ခုကို တိုက်ခိုက်ခဲ့ ပါတယ်။ အီရန်နိုင်ငံ၊ အီရတ်နယ်စပ်အနီးရှိ အဟ်ဝါဇ်မြို့တွင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ထိုဖြစ်ရပ်၏ ပစ်မှတ်မှာ ကလေးကင်ဆာဆေးရုံဖြစ်ပါတယ်။ ထို့အပြင် ယခင်ကလည်း တီဟီရန်ရှိ “အမ် ကာဒီ ဆေးရုံ” နှင့် “ဂန္ဒီ ဆေးရုံ” ကဲ့သို့သော ကလေးဆေးရုံများ တိုက်ခိုက်ခံ ခဲ့ရပါ တယ်။ မီးနာဗ်ဒေသတွင် ကလေးများ အသတ်ခံခဲ့ရပါတယ်။ယင်းလုပ်ရပ်များကို ပြင်းပြင်း ထန်ထန် ရှုတ်ချ ထားပြီး၊ ကလေးများကို ပစ်မှတ်ထားခြင်း သည် လူသားဆန်မှုနှင့် ဆန့်ကျင်ပါတယ်။ ကလေး ငယ်များကို သတ်လို့ ပျော်သူများဟာ ရှိုင်တွာန် ကိုးကွယ်သူများဖြစ်ပါတယ်။ အလ္လာဟ် ၏ လအ်နသ် ကျရောက်ပါစေ။ တင်ပြသူ - သတင်း ထောက် ဆယက်ဒ် ဇမီးရ်အဘာစ် / ဘာသာပြန်ဆိုသူ - အဗ်နာ မြန်မာပိုင်း
-
အီရန်က အမေရိကန်၏ စစ်ရေးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အခိုင် အမာ ပြောဆို
အီရန်သည် အမေရိကန်၏ အရှေ့အလယ်ပိုင်းရှိ စစ်အခြေစိုက်စခန်းများတွင် ရေဒါစနစ်များ၊ လေကြောင်း ကာကွယ်ရေးစနစ်များ၊ လောင်စာဆီသိုလှောင်ရေးအဆောက်အအုံများနှင့် စစ်ရေး ထောက်ပံ့ရေး အခြေခံ အဆောက်အအုံများ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကို သတင်းထောက် ဆယက်ဒ် ဇမီးရ် အဘာစ် က အခိုင် အမာပြောဆိုထားပြီး ယင်းသည် တိုက်ခိုက်မှု၏ ပထမအဆင့်သာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
-
လတ်တလော အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် ၂၆၀ ဦး ဒဏ်ရာရ ၊ ၂၆ ဦး ကျဆုံးခဲ့ကြောင်း အီရန်ကျန်းမာ ရေးဝန်ကြီးဌာန ထုတ်ပြန်
အီရန်ကျန်းမာရေးဝန်ကြီးဌာနက လတ်တလော အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂၆၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၆ ဦး ကျဆုံးခဲ့ကြောင်း၊ ကျဆုံးသူများအနက် အမျိုးသမီးများနှင့် ကလေး ငယ်များ လည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
-
ထရမ့်က အီရန်နှင့်ပတ်သက်၍ အောင်မြင်မှုများ နှင့် သဘောတူညီချက်အကြောင်း အကြိမ်များစွာ ပြောဆိုခဲ့ဟု Podcast တွင် ဖော်ပြ
Yasir Rashid Podcast အရ ဒေါ်နယ်ထရမ့်သည် အီရန်နှင့်ပတ်သက်၍ အောင်မြင်မှုများ၊ စစ်ရေးဆိုင်ရာ အရေးယူမှုများနှင့် သဘောတူညီချက်ရရှိနိုင်ခြေတို့ကို အကြိမ်များစွာ ပြောဆိုခဲ့ ကြောင်း ပြောဆိုထားပါတယ်။
-
ဘာရိန်း ရှိ အမေရိကန် စစ်အခြေစိုက်စခန်းနှင့် လောင်စာဆီသိုလှောင်ရုံများ ပစ်မှတ်ထားခဲ့ရ ။ ။ video
အဗ်နာ ။ ။ ဘာရိန်း အမေရိကန်၏ ဘာရိန်းစစ်အခြေစိုက်စခန်း နှင့် လောင်စာဆီသိုလှောင်ရုံများကို အီရန်မှ ပစ်မှတ် ထား တိုက်ခိုက်ခဲ့ပါတယ်။ ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး မီးလောင်ပျက်စီးမှုများ ကျယ်ပြန့် ခဲ့ကြောင်း သိရှိရပါတယ်။
-
ထရမ့်က ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခ ၂၀% ကောက်မည်ဆိုသည့် ပြောဆိုချက်ကို နောက်ပြန်ဆုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများအပေါ် ကုန် တန်ဖိုး ၏ ၂၀ ရာခိုင်နှုန်းကို ဖြတ်သန်းခအဖြစ် ကောက်ခံမည်ဟု တစ်ရက်အကြာက ပြောဆိုခဲ့သော်လည်း၊ ယနေ့ တွင် ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ယင်းပြောဆိုချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ယင်းအစား ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ အမေရိကန်နိုင်ငံအတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် အစားထိုး မည်ဟု ပြောကြားခဲ့ပါတယ်။ ထိုအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က “အီရန်က တရားမျှတစွာ ဆောင်ရွက်မယ်” ဟု ဟာသသဘောဖြင့် တုံ့ပြန်ခဲ့ပါတယ်။
-
ဝါရှင်တန်ပို့စ် – အီရန်ဒရုန်းတိုက်ခိုက်မှုကြောင့် ကူဝိတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင် အမေရိကန် စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြ
ဝါရှင်တန်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ အီရန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း ကူဝိတ်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်သား ၆ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
-
လက်နက်ကိုင်တပ်ဖွဲ့များသည် အခြေအနေမှန်သမျှအတွက် အဆင်သင့်ဖြစ်နေပြီး ပစ်မှတ်စာရင်းကို ပြန်လည် ပြင်ဆင်ပြီး ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား
အီရန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက လက်နက်ကိုင်တပ်ဖွဲ့များသည် ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေမှန် သမျှကို ရင်ဆိုင်နိုင်ရန် ပစ်မှတ်စာရင်းကို ပြန်လည်မွမ်းမံထားပြီး မည်သည့်အခြေအနေမျိုးကိုမဆို တုံ့ပြန် ရန် အပြည့်အဝ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်ရှိ အမေရိကန်နှင့် ဇီယွန်ဝါဒီ ရန်သူတို့၏ စစ်ရေးအခြေစိုက်နေရာများ ဖျက်ဆီးခံရ + ဓာတ်
အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် (IRGC) ၏ ပြည်သူ့ဆက်ဆံရေးဌာနက ဘာရိန်းရှိ အမေရိကန် တပ် ၏ မောင်းသူမဲ့လေယာဉ် (UAV) အမိန့်ပေးနှင့် ထိန်းချုပ်ရေးစင်တာ၊ ကူဝိတ်ရှိ အမေရိကန်၏ လောင်စာသိုလှောင်ကန်များနှင့် Patriot လေကြောင်းကာကွယ်ရေးစနစ်များ၊ ထို့အပြင် ဂျော်ဒန်နိုင်ငံရှိ Prince Hassan လေတပ်အခြေစိုက်စခန်း၏ လောင်စာသိုလှောင်ကန်များနှင့် လက်နက်သိုလှောင်ရုံများကို ဖျက်ဆီးခဲ့ ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
-
အမေရိကန်၏ HIMARS ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဒုံးကျည်ကွန်တိန်နာများကို ကူဝိတ်တွင် ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်
အီရန်အစ္စလာမ်မစ် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) က မိမိ တို့၏ ထိရောက်မှုအခြေပြု စစ်ဆင် ရေးများ ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာတွင် တိကျသေချာသော ဒရုန်းစစ်ဆင်ရေးတစ်ရပ်ဖြင့် ကူဝိတ်နိုင်ငံ ရှိ အမေရိကန်၏ HIMARS မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ပစ်လွှတ်စင်များနှင့် ၎င်းတို့နှင့်အတူရှိ ဒုံးကျည် ကွန်တိန်နာများ ကို ပစ်မှတ်ထား ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ အဆိုပါ လက်နက် စနစ်များသည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်ရန် အသင့်အနေအထားတွင် ရှိနေခဲ့သည်ဟု ဆိုပါတယ်။
-
အစ္စရေးတာဝန်ရှိသူများက လင်ဆေး ဂရေဟမ် သေဆုံးမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်
အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် (Lindsey Graham) ၏ ရုံးက ၎င်းသည် အသက် (၇၁) နှစ်အရွယ်တွင် "ရုတ်တရက် ဖြစ်ပေါ်သော ကျန်းမာရေးအခြေအနေ" ကြောင့် ကွယ်လွန်သွားကြောင်း ကြေညာခဲ့ပါတယ်။ ဂရေဟမ်သည် အမေရိကန် ကွန်ဂရက်တွင် အစ္စရေးကို အထင်ရှားဆုံး ထောက်ခံသူများထဲမှ တစ်ဦးဖြစ်ပြီး အစ္စရေးကို ထောက်ခံခြင်း၊ အီရန်ကို ဆန့်ကျင်ခြင်းနှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအပေါ် ဖိအားပေးရေးတို့ကို အစဉ်တစိုက် အားပေးခဲ့သူဖြစ်ပါတယ်။
-
အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ် ဖြင့် ခရုဇ်ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့
အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ပြည်သူ့ဆက်ဆံရေးဌာနက ခေတ်မီ လေကြောင်း ကာကွယ်ရေးစနစ်၏ ပစ်ခတ်မှုကြောင့် ခရုဇ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။ IRIB သတင်းဌာန၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ ပြည်သူ့ ဆက်ဆံရေးဌာနက ယနေ့ (ဇူလိုင်လ ၁၂ ရက်နေ့ ၂၀၂၆ခုနှစ် ) နံနက်ပိုင်းတွင် အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှု အတွင်း နိုင်ငံ၏ ပေါင်းစည်းလေကြောင်းကာကွယ်ရေးကွန်ရက် လက်အောက်ရှိ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် လေကြောင်းအာကာသတပ်ဖွဲ့၏ ခေတ်မီအဆင့်မြင့် လေကြောင်း ကာကွယ်ရေး စနစ်က ခရုဇ်ဒုံးကျည်တစ်စင်းကို လိုရေစ်စတန်ပြည်နယ် ၊ ခိုရမ်အာဘတ်မြို့အနီးရှိ “ဒါရေ-နက်စ်ဘ် (Darreh Nasb)” ဒေသတွင် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။
-
"ငါတို့ပြောချင်တာ စကားတစ်ခွန်းတည်းပဲ... ကလဲ့စား၊ ကလဲ့စား" ။ ။ video
အဗ်နာ ။ ။ ဒေါသအမျက်ထွက်နေသော အီရန်အမျိုးသမီးများသည် ၎င်းတို့၏ ခေါင်းဆောင်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ရည်ညွှန်း၍ "ငါတို့ပြောချင်တာ စကားတစ်ခွန်းတည်းပဲ... ကလဲ့စား၊ ကလဲ့စား" ဟု ကြွေးကြော်ခဲ့ကြပါတယ်။
-
ထရမ့်သည် အီရန်၏ ပြင်းထန်သော “ပါးရိုက်ချက်များ” ကို စောင့်မျှော်ရတော့မည်ဟု အာရပ် သုံးသပ်သူ အဗ်ဒိုလ်ဘာရီ အသွ်ဝမ် ပြောကြား
အာရပ်သုံးသပ်သူများက “အာဇာနည် ခေါင်းဆောင်” ၏ နောက်ဆုံး ဈာပနအခမ်းအနားများ ပြီးဆုံးပြီးနောက်တွင် ထရမ့်အနေဖြင့် အီရန်၏ ပြင်းထန်သော “ပါးရိုက်ချက်များ” ကို စောင့်မျှော်ရတော့မည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
-
အမေရိကန်နှင့် ဆွေးနွေးရန် မတောင်းဆိုခဲ့ကြောင်း အီရန်ငြင်းဆို၊ သဘောတူညီချက်များကို ဝါရှင်တန် အကြိမ်ကြိမ် ချိုးဖောက်နေဟု အီစ္စမာအီ ဗကာအီ ပြောကြား
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အီရန်သည် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်း ရန် မည်သည့်တောင်းဆိုမှုမျှ မပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဝါရှင်တန်အစိုးရသည် သဘောတူညီချက်များကို အကြိမ်ကြိမ် ချိုးဖောက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။
-
အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက လက်တုံ့ပြန်မည်ဟု အီရန် အမျိုးသားလုံခြုံရေး အမြင့်ဆုံး ကောင်စီ အတွင်းရေးမှူး
အီရန် အမျိုးသားလုံခြုံရေး အမြင့်ဆုံးကောင်စီ၏ အတွင်းရေးမှူးက ရာဇဝတ်မှုကျူးလွန်သော ဇီယွန်နစ် အစိုးရ သည် အီရန် တိုက်ခိုက်ရေးသမားများ၏ တုံ့ပြန်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း အလေးအနက် ပြောကြား ခဲ့ပါတယ်။
-
အမေရိကန် မှ အီရန်ကို ကျူးကျော်စစ်ပြုရာ တွင် သုံးသည့် ဒိုင် နိုင်ငံများ ။ ။ cartoon
အဗ်နာ ။ ။ ကာတွန်းဆရာ မှ အမေရိကန် မှ အီရန်ကို ကျူးကျော်စစ်ပြုရာ တွင် သုံးသည့် ဒိုင် နိုင်ငံများ ကို ပီပြင်စွာ ရေးဆွဲပြထားပါတယ်။
-
အမေရိကန်၏ တိုက်ခိုက်မှုများနှင့် အစ္စလာမ်အာဘတ် နားလည်မှုစာချွန်လွှာကို ချိုးဖောက်မှုအပေါ် အီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ စာပေးပို့
ကုလသမဂ္ဂဆိုင်ရာ အီရန်၏ အမြဲတမ်းကိုယ်စားလှယ်က အမေရိကန်၏ တိုက်ခိုက်မှုများ၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် အစ္စလာမ်အာဘတ် နားလည်မှုစာချွန်လွှာကို ချိုးဖောက်မှုတို့ကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အား ချက်ချင်း ထိရောက်ပြီး ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုလိုက်ပါတယ်။