အီရန်၊အမေရိကန်
-
အီရန် နှင့် အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှု ၏ နောက်ဆုံးအခြေအနေ
IRAN Uurdu သတင်းစာမျက်နှာ ၏ အစီရင်ခံစာ မှ တင်ပြထားသည့် အီရန် နှင့် အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှု ၏ နောက်ဆုံးအခြေအနေ ကို အနှစ်ချုပ် တင်ပြလိုက်ပါတယ်။
-
ဉာဏ်ရည်တု၏ ကျွန်များ ဟာ အီရန် သမိုင်းရဲ့ ဇာတ်ကြောင်းပြောသူများ ဖြစ်လာခဲ့ပါပြီ
ဒီအသိဉာဏ်မဲ့တဲ့လူအုပ်ကြီးက အီရန် နှင့်ပတ်သက်ပြီး ဉာဏ်ရည်တုပုံရိပ်များကို အလွန်အမင်းမှီခိုအားထားပြီး ဝမ်းနည်းကြေကွဲမှုကို ပုံဖော်နေကြပါတယ်။ Times မဂ္ဂဇင်းတောင် ပရိသတ်ဆွဲဖို့ AI ကို အသုံးချလာရတယ်။ ဒါပေမယ့် AI ဆိုတာ အားလုံးကို အစမှအဆုံး ပြီးပြည့်စုံအောင် မလုပ်ပေးနိုင်ဘူး။ နောက်ဆုံးတော့ သူတို့ရဲ့ အမှားတွေကို ကိုယ်တိုင်ပဲ ဖော်ထုတ်ပြသသလို ဖြစ်သွားတယ်။ ဥပမာ—မီးလောင်ထားတဲ့ တစ်ဝက်တင်ထား သော အလံပေါ်မှာ နဂါးနဲ့ နေရောင်အမှတ်အသား ပါနေသလို၊ဒါမှမဟုတ် မူရင်းပုံစံကို မဖျက်နိုင်ဘဲ ထင်ရှား နေဆဲဖြစ်တဲ့ Gemini လိုဂိုလိုပဲ ဖြစ်တယ်။
-
အမေရိကန် နိုင်ငံ မင်နီယာပိုလစ်တွင် ဖက်ဒရယ်အရာရှိများ၏ သတ်ဖြတ်ခြင်းကို ခံရသော အမျိုးသားတစ်ဦး သည် သေနတ်မဟုတ်ဘဲ ဆဲလ်ဖုန်းကိုင်ဆောင်ထားသူဖြစ်
နယူးယောက်တိုင်းမ်စ်က အမေရိကန် နိုင်ငံ မင်နီယာပိုလစ်တွင် ဖက်ဒရယ်အရာရှိများ၏ သတ်ဖြတ်ခြင်းကို ခံရသော အမျိုးသားတစ်ဦး သည် သေနတ်မဟုတ်ဘဲ ဆဲလ်ဖုန်းကိုင်ဆောင်ထားသူဖြစ် ကြောင်း ရေးသား ထားပါ တယ်။
-
အီရန်သည် ဒေသတွင်းတွင်အမေရိကန်၏ မတည်မြဲရေးမူဝါဒကို အခိုင်အမာ တားဆီးနိုင်သည့် တံတိုင်း ဖြစ်
အာရပ်ရေးရာ သုံးသပ်သူ ရဗစ် ဂဆွန် (Rabee Ghosn) သည် အီရန်နိုင်ငံကို ဒေသတွင်းရှိ အမေရိကန်မူ ဝါဒများ အပေါ်၌ အခိုင်အမာ တားဆီးနိုင်သည့် တံတိုင်း ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
-
မည်သည့်ကျူးကျော်မှုမဆို ပြင်းထန်စွာ တုံ့ပြန်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရသူက ရန်သူဘက်မှ မည်သည့်ကျူးကျော်မှုမျိုးမဆို ပြင်းထန် စွာ တုံ့ပြန်မည်ဟု ပြောကြားခဲ့ပါတယ်။
-
ထရမ့်အပေါ် အလီလာရီဂျာနီ ၏ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ခြင်း
အလီလာရီဂျာနီက အမေရိကန်ပြည်သူများအား မိမိ တို့၏ စစ်သားများအတွက် စိုးရိမ်ပူပန်ရန် ပြောကြား ခဲ့ပါ တယ်။
-
အမေရိကန် နှင့် အီရန် အပြန်အလှန် ရေနံ တင်သင်္ဘော တစင်းစီ ဖမ်းစီး
အမေရိကန်သည် ရေနံလီတာနှစ်သန်းတင်ဆောင်လာသော အီရန်ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပြီး သုံးရက် အကြာတွင် အီရန်က ရေနံလီတာခြောက်သန်းတင်ဆောင်လာသော အမေရိကန် ရေနံတင် သင်္ဘော တစ်စင်း ကို အီရန် က ပြန်လည် ဖမ်းဆီးခြင်းဖြင့် လက်စားချေခဲ့ကြောင်း သိရပါတယ်။
-
အီရန်၏ နျူကလီးယား အစီအစဉ်မှာ မပျက်စီးဟု အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြ
အီရန်၏နျူကလီးယားအစီအစဉ်ကို စစ်ရေးအရ တိုက်ခိုက်ခြင်းသည် ၎င်း၏ အဓိကအစိတ်အပိုင်းများကို မဖျက်ဆီးဘဲ လအနည်းငယ်သာ နောက်ကျမှုကို ဖြစ်စေမည် ဖြစ်ကြောင်း ကနဦးထောက်လှမ်းရေးအကဲဖြတ်ချက်တွင် အမေရိကန်ရုပ်သံ CNN က ဖော်ပြခဲ့ပါတယ်။
-
« ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၃ » ၁၅ ကြိမ်မြောက် အဆင့် / အစ္စရေး၏ ကာကွယ်ရေး ကျရှုံးမှု ဆက်လက် ဖြစ်ပေါ်နေ
ဇီယွန်စစ်အစိုးရ၏ စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်သည့် IRGC ဒုံးကျည်များ မောင်းသူမဲ့ လေယာဉ် ၁၅ ကြိမ်မြောက် တိုက်ခိုက်မှုလှိုင်းသည် ဇီယွန်စစ်အစိုးရ၏ ကာကွယ်ရေးဒုံးများကို အောင်မြင်စွာ ဖြတ်သန်း နိုင်ခိုက် နိုင်ခဲ့ပါတယ်။
-
အကယ်၍ အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပါက အမေရိကန်ရေတပ်ကို ထိခိုက်စေမည် ဖြစ်ကြောင်း New York Times ပြောကြား
သတင်းထူး - IRAN Uurdu သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ၎င်း၏ရေတပ်ပိုင်ဆိုင်မှုများနှင့် အခြားစွမ်းရည်များကို ထိန်းသိမ်းထားကြောင်း New York Times က ဖော်ပြခဲ့ ပါတယ်။ အကယ်၍ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပါက အမေရိကန်ရေတပ်ကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်သတင်းစာက ဖော်ပြခဲ့ပါတယ်။
-
အကြမ်းဖက် အစ္စရေး ၏ ဒရုန်း နှစ် စင်းအားဇန်ဂျာန် တွင် ပစ်ချခဲ့
သတင်းထူး - Fori Sarasari သတင်းဌာန ၏ အစီရင်ခံစာအရ Zanjan Corps ၏ ကာကွယ်ရေးစနစ်သည် လွန်ခဲ့သော နာရီအနည်းငယ်က ဤပြည်နယ်၏ ကောင်းကင်ယံတွင် ရန်လိုသော အကြမ်းဖက် အစ္စရေး ၏ ဒရုန်း နှစ် စင်းကို ပစ်ချခဲ့ပါတယ်။ ပစ်ချခံရသော ဒရုန်း ၂စင်း မှ တစ်စင်းကို အမေရိကန်တွင် ထုတ်လုပ်ခဲ့ပြီး ဒုတိယမြောက် ဒရုန်းမှာ အစ္စရေး၏ ဖြစ်ပါတယ်။
-
အီရန် နှင့် အမေရိကန် ဆွေးနွေး ညှိနှိုင်း ပွဲကို ဘာကြောင့် ရွှေ့ဆိုင်းခဲ့ရ ?
အီရန် နှင့် အမေရိကန်တို့ကြား သွယ်ဝိုက်သော ဆွေးနွေး ညှိနှိုင်း ပွဲ ကို ရွှေ့ဆိုင်းရခြင်း အကြောင်းရင်းနှင့် ပတ်သက် ၍ လက်ဘနွန် ရုပ်သံလိုင်းက သီးသန့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
-
အမေရိကန် နှင့် သွယ်ဝိုက်သော ဆွေးနွေးပွဲများ ကို မိမိတို့ အနေဖြင့် အကောင်းမြင်ခြင်း နှင့် အဆိုးမြင်ခြင်း မရှိကြောင်း အီရန် သမ္မတ ပြောကြား
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အမေရိကန်နှင့် သွယ်ဝိုက်သော ဆွေးနွေးပွဲများနှင့်ပတ်သက်၍ အီရန်သည် ဆွေးနွေးပွဲအတွက် အကောင်းမြင်၊ အဆိုးမြင်မှု မရှိဟု ပြောကြားခဲ့ပါတယ်။
-
အီရန် နှင့် ဆွေးနွေးမှုတွေ မှာ တိုးတက်မှုကောင်းတွေ ရခဲ့တယ်လို့ အမေရိကန်က ပြောကြား
ရောမမြို့တွင် အီရန်နှင့် သွယ်ဝိုက်သော သွယ်ဝိုက်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် တိုးတက်မှုအပေါ် အမေရိကန်က ကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
-
အီရန် အမေရိကန် ဆွေးနွေးပွဲ နောက်ဆုံးသတင်း / အီရန် မှ ညှိနှိုင်းမှုတွင် ၁၅ မိနစ်ကြာ ဆိုင်းငံ့ထား
သတင်းထူး - IRAN Uurdu သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က နျူကလီးယားမဟုတ်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးနေ တာကြောင့် ဆွေးနွေးပွဲကို ၁၅ မိနစ်လောက် ဆိုင်းငံ့ထားလိုက်ပြီး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကတော့ နျူကလီးယားကိစ္စတွေကို အခြေအနေအရ အာရုံစိုက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
-
အီရန် နှင့် အမေရိကန်ကြား သွယ်ဝိုက်သော ဆွေးနွေးပွဲများကို ကြိုဆိုကြောင်း Dmitry Peskov ပြောကြား
တီဟီရန် နှင့် ဝါရှင်တန်ကြား သွယ်ဝိုက်သော ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေခြင်းကို ကြိုဆိုကြောင်း Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့ပါတယ်။
-
ထရမ့်သည် အီရန်၏ ကြားဝင် နိုင်ငံမှတဆင့် စေ့စပ် ညှိနှိုင်း ဆွေးနွေးပွဲ အတွက် အဆိုပြုချက်ကို စဉ်းစားနေ သည်ဟု မီဒီယာသတင်းရင်းမြစ်များက ဆို
အိမ်ဖြူတော်သည် ကြားဝင် နိုင်ငံမှတဆင့် စေ့စပ် ညှိနှိုင်း နျူကလီးယား ဆွေးနွေးပွဲအတွက် အီရန်၏ အဆိုပြု ချက် ကို အလေး အနက်ထား စဉ်းစားနေသည်ဟု မီဒီယာသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။
-
ထရန့်၏ ခြိမ်းခြောက်မှုအပြီးတွင် အီရန်က အမေရိကန်ကို ပြင်းပြင်းထန်ထန် သတိပေး
လက်ရှိဖြစ်ပေါ်နေသော အစ္စရေး၏ ရန်စမှုများနှင့် ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန် အမေရိကန်၏ ခြိမ်းခြောက် မှု များကို တုံ့ပြန်ရန်အတွက် အီရန်က ဆွစ်ဇာလန်သံရုံးမှတစ်ဆင့် တရားဝင်သတိပေးလိုက်ပါတယ်။
-
အီရန်သည် ကမ္ဘာ၏ မည်သည့်အရပ်ဒေသရှိ မည်သည့်အခြေစိုက်စစ် စခန်းကိုမဆို ပစ်မှတ်ထားနိုင် ကြောင်း ဗိုလ်ချုပ် သန်ဂ်စီရီ ပြောကြား
သတင်းထူး - IRAN Uurdu သတင်းဌာန ၏ အစီရင်ခံစာအရ ဗိုလ်ချုပ် သန်ဂ်စီရီ မှ အီရန်သည် ကမ္ဘာ၏ မည်သည့်အရပ်ဒေသရှိ မည်သည့်အခြေစိုက် စစ် စခန်းကိုမဆို ပစ်မှတ်ထားနိုင် ကြောင်း မည်သည့် အခြေ စိုက်စစ်စခန်း မှ ဖြစ်စေ မိမိတို့ အား တိုက်ခိုက်လာလျင် ပြင်းပြင်း ထန်ထန် ပြန်တိုက်မည်ဖြစ်ကြောင်း အရေးကြီးသည့် အချိန် တွင် အဖြေပေးနိုင်ရန် မိမိတို့ အနေဖြင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထရန့် အနေဖြင့် မိမိတို့ အာ အနိုင်ကျင့် နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ထရန့် ၏ စာသည် ခြိမ်းခြောက်စာ ဖြစ်ပြီး ဤအတွက် အဖြေပြန်ပေးမည် ဖြစ်ကြောင်း အီရန် နိုင်ငံခြား ရေးဝန်ကြီး ပြောဆို
အမေရိကန် သမ္မတ ထရန့် ၏ စာသည် ခြိမ်းခြောက်ထား သော်လည်း တုံ့ပြန်မည်ဟု အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ပြော ကြားခဲ့ပါတယ်။
-
အီရန် နျူကလီးယား အစီအစဉ် ဘောတူညီချက်အတွက် ထရန့်မှ နှစ်လအချိန်ပေးကြောင်း ခြိမ်းခြောက် ပြော ကြား
အမေရိကန် ဝက်ဘ်ဆိုဒ် Axios က အမေရိကန် သမ္မတ ထရန့် သည် အီရန်နျူကလီးယား သဘော တူညီ ချက်သစ် ကို ညှိနှိုင်းရန် စာတစ်စောင်ကိုပေးပို့ထားပြီး နှစ်လ အချိန်ပေး ထားကြောင်း အခိုင်အမာ ဆိုထားပါတယ်။