အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တောင်ကာရိုလိုင်းနားပြည်နယ်မှ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်၏ ရုံးသည် စနေနေ့ညတွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ၎င်းသည် ရုတ်တရက် ဖြစ်ပေါ်သော ကျန်းမာရေးချို့ယွင်းမှုကြောင့် အသက် (၇၁) နှစ်တွင် သေဆုံးသွား ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ သေဆုံးရသည့် အကြောင်းရင်းအသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
ဂရေဟမ်သည် နိုင်ငံရေးဘဝတစ်လျှောက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ၏ ကွန်ဂရက်အတွင်း အနီးစပ်ဆုံး မဟာမိတ်များထဲမှ တစ်ဦးဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေး၏ မူဝါဒများကို အထင်ရှားဆုံး ထောက်ခံသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
၎င်းသည် ဂါဇာတွင် အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုများကို အစဉ်တစိုက် ထောက်ခံခဲ့ပြီး၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် ဖြစ်ရပ်များနောက်ပိုင်း ယင်းပဋိပက္ခကို "ဘာသာရေးစစ်ပွဲ" ဟု ခေါ်ဆိုကာ အစ္စရေးအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်သမျှ အရေးယူဆောင်ရွက်ရန် တိုက်တွန်းခဲ့သူဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်၏ စစ်ရေးအကူအညီများကို အစ္စရေးထံ ဆက်လက်ပေးအပ်ရေးကိုလည်း အခိုင်အမာ ထောက်ခံခဲ့ပြီး လက်နက်များ ပေးပို့ရာတွင် နှောင့်နှေးမှုများကို ဝေဖန်ခဲ့သူဖြစ်ပါတယ်။
ဂရေဟမ်သည် အီရန်၏ နျူကလီးယားစက်ရုံများကို စစ်ရေးအရ တိုက်ခိုက်ရန်လည်း ထောက်ခံခဲ့သလို၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာဗ် ဂါလန့် တို့အပေါ် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းများကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူဖြစ်ပါတယ်။
လက်ဘနွန်နှင့် ပတ်သက်၍လည်း ၎င်းသည် ဟစ်ဇ်ဘိုလာ နှင့် လက်ဘနွန်တပ်မတော်အပေါ် ပြင်းထန်သော ရပ်တည်ချက်များကို ထုတ်ဖော်ခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများအား လက်နက်ဖြုတ်သိမ်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သူဖြစ်ပါတယ်။
ဂရေဟမ် သေဆုံးကြောင်း သတင်းထွက်ပေါ်လာပြီးနောက် အစ္စရေးတာဝန်ရှိသူများဖြစ်ကြသော အီတာမာ ဘင်ဂ်ဗီယာ၊ နဖ်တာလီ ဘန်းနက်၊ အမီးရ် အိုဟာနာ နှင့် ယာအီရ် လာပစ် တို့အပါအဝင် အများအပြားက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ထုတ်ပြန်ခဲ့ပြီး၊ ၎င်းအား "အစ္စရေး၏ အနီးကပ်ဆုံးနှင့် သစ္စာအရှိဆုံး မိတ်ဆွေများထဲမှ တစ်ဦး" အဖြစ် ဂုဏ်ပြုဖော်ပြကာ အစ္စရေးအတွက် ၎င်း၏ ထောက်ခံအားပေးမှုများကို ချီးကျူးပြောဆိုခဲ့ကြပါတယ်။
ပြည်ပရောက် အီရန်သစ္စာဖောက်များနှင့် ရှားဘုရင်မင်းဆက်ကို ထောက်ခံသူများကလည်း လင်ဆေး ဂရေဟမ်၏ သေဆုံးမှုအပေါ် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့က အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က သတိပေးချက် ထုတ်ပြန်ပြီး (၅) ရက်အကြာတွင် ဂရေဟမ် ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းမှာ အီရန်၏ လက်ချက်ဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုနေကြသည်။ ထိုသို့ စွပ်စွဲရသည့် အကြောင်း ရင်းမှာ လင်ဆေး ဂရေဟမ်သည် ရှားဘုရင်၏သားဖြစ်သူ ဂျာဝဒ် ရှားဟ် (Reza Pahlavi) နှင့် အ လွန်ရင်း နှီး သော ဆက်ဆံရေးရှိသူတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်ဟု ၎င်းတို့က ဆိုကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment